In partnership with  logo
နော်ဝေးမှာတော့ သူတို့ညီအစ်မနှစ်ယောက်အကြောင်းက လူတွေစိတ်ဝင်စားခံရတဲ့ကိစ္စတွေလည်း ဖြစ်ပါတယ်။

Forbes ရဲ့ နှစ်စဉ်ထုတ်ပြန်ချက်အရ ၂၀၁၈ ခုနှစ်ရဲ့ အသက်အငယ်ဆုံး ဘီလျှံနာစာရင်းမှာ နော်ဝေးသူညီအစ်မနှစ်ဦးက ထိပ်ဆုံးကို ရောက်လာပါတယ်။ Alexandra Andresen နဲ့ Katharina Andresen ညီအစ်မနှစ်ဦးရဲ့အသက်က ၂၁ နှစ်နဲ့ ၂၂ နှစ်သာ ရှိကြပါသေးတယ်။ တစ်ယောက်ကို ဒေါ်လာ ၁.၄၇ ဘီလီယံ ပိုင်ဆိုင်ကြပါတယ်။

 

၂၀၀၇ ခုနှစ်မှာ ဖခင်ထံကနေ အမွေဆက်ခံရရှိပြီးနောက် သူတို့နှစ်ဦးဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ ဘီလျှံနာစာရင်းဝင်လာခဲ့ကြတာဖြစ်ပါတယ်။ ဖခင်ဖြစ်သူ Johan Andresen ဟာ မိသားစုရင်းနှီးမြှုပ်နှံမှုကုမ္ပဏီဖြစ်တဲ့ Ferd ကို သမီးတွေကိုလွှဲပေးခဲ့ပါတယ်။ သမီးနှစ်ယောက်လုံးကို ကုမ္ပဏီရဲ့ပိုင်ဆိုင်မှု ၄၂% စီ ညီတူမျှတူ ခွဲပေးခဲ့တာပါ။

 

ဖခင်ဖြစ်သူထံကရရှိတဲ့ Ferd အပြင် သူတို့ညီမမှာ ကိုယ်ပိုင်လုပ်ငန်းလည်း ရှိကြပါသေးတယ်။ Alexandra က မြင်းစီးကျွမ်းကျင်ပြီး ပြိုင်ပွဲတွေကို ဝင်ပြိုင်လေ့ရှိတယ်။ Katharina ကတော့ စာရင်းကိုင်လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်နေသူပါ။

 

ဖခင်ရဲ့အမွေကို ညီတူမျှတူ ရရှိဆက်ခံထားတာဖြစ်ပေမဲ့ Forbes ရဲ့ ထုတ်ပြန်ချက်အရ အသက်နဲ့စီစဉ်လိုက်ရင်တော့ အငယ်ဖြစ်သူ Alexandra က ကမ္ဘာ့အသက်အငယ်ဆုံး ဘီလျှံနာ ဖြစ်လာပါတယ်။ နော်ဝေးမှာတော့ သူတို့ညီအစ်မနှစ်ယောက်အကြောင်းက လူတွေစိတ်ဝင်စားခံရတဲ့ကိစ္စတွေလည်း ဖြစ်ပါတယ်။

Source : Time, Business Insider

Share

Loading Next Article...
က္က