နွေရာသီကျောင်းပိတ်ရက်ဆိုတာကိုယ့်ရဲ့သား၊သမီးတွေ စိတ်ရော၊ခန္ဓာကိုယ်ပါလန်းဆန်းပြီး ကျန်းမာကြံ့ခိုင်တဲ့သူတွေဖြစ်အောင် လေ့ကျင့်ပေးဖို့အကောင်းဆုံးအချိန်ပါပဲ။
 

ကလေးအရွယ်ဆိုတာ ကြီးထွားဖွံ့ဖြိုးလာနေတဲ့အရွယ်၊ ပြောင်းလွယ်၊ပြင်လွယ်ခန္ဓာကိုယ်ကိုပိုင်ဆိုင်ထားသေးတဲ့ အရွယ်ဖြစ်တာကြောင့် ကြီးလာတဲ့အခါမှာ ကျန်းမာကြံ့ခိုင်တဲ့ ကိုယ်ခန္ဓာမျိုးပိုင်ဆိုင်ဖို့အတွက် လေ့ကျင့်ဖို့ အကောင်းဆုံး အရွယ်ပါပဲ။



အခုလို နွေရာသီကျောင်းပိတ်ရက်ကာလမှာ ကိုယ့်ရဲ့သား၊သမီးတွေကို စိတ်ရော၊ခန္ဓာကိုယ်ပါလန်းဆန်းပြီး ကျန်းမာကြံ့ခိုင်တဲ့သူတွေဖြစ်စေဖို့ လေ့ကျင့်ပေးလိုတဲ့ ဖေဖေ၊မေမေတွေအတွက် Training Ground ရဲ့Summer Kids Program ကိုညွှန်းပေးချင်ပါတယ်။

Training Ground ရဲ့ Summer Kids Program ဟာဆိုရင် ကျွမ်းကျင်တဲ့ နိုင်ငံတကာအဆင့် Trainer တွေက ကလေးတွေနဲ့ ကိုက်ညီအောင် စနစ်တကျ Program တွေရေးဆွဲလေ့ကျင့်ပေးသွားမှာဖြစ်တာကြောင့် သင့်ကလေးကို စိတ်ပိုင်းရော၊ ရုပ်ပိုင်းအရပါ အထောက်အကူပြုနိုင်မှာ အသေအချာပါ။

ဒါ့အပြင် လေ့ကျင့်ရေးအစီအစဉ်တွေကို ကလေးငယ်တွေနှစ်သက်ပျော်ရွှင်စေမယ့် အစီအစဉ်တွေဖြစ်အောင်လည်း ဂရုတစိုက်ချမှတ်ထားတာကိုတွေ့ရမှာပါ။

 

Summer Kids Program မှာ -

- အဖွဲ့လိုက်ပျော်ပျော်ရွှင်ရွှင် လေ့ကျင့်ကြရမယ့် KIDS ZUMBA

- အခြေခံကိုယ်ခံပညာသင်ကြားပေးမယ့် KARATE KIDS

- ခန္ဓာကိုယ်သွေးလည်ပတ်မူ့ကောင်းမွန်စေဖို့နဲ့ သန်မာစေဖို့အတွက် KIDS YOGA & FITNESS GAMES

- ကလေးငယ်တွေအတွက် ခန္ဓာကိုယ်ကြီးထွားသန်မာပြီး ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ နေထိုင်စားသောက်မှု ပုံစံတွေကို သင်ကြားပေးမယ့် NUTRITION Program

တို့ပါဝင်မှာဖြစ်ပြီး နိုုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရ ကျွမ်းကျင် Trainer တွေကလေ့ကျင့်ပေးမှာပဲ ဖြစ်ပါတယ်။

 

သင်တန်းကာလက ၂ လကြာမြင့်မယ့် ဒီ Program ကို အသက် ၈ နှစ်ကနေ ၁၂ နှစ်အတွင်းရှိကလေးတွေ စာရင်းပေးသွင်းနိုင်ပါတယ်။

သင်တန်းကာလ ၂ လအတွင်း အပတ်စဉ် ကြာသာပတေးနေ့ နဲ့ တနင်္ဂနွေနေ့တို့မှာ ညနေ ၂ နာရီကနေ ၄ နာရီအထိ သင်ကြားလေ့ကျင့်ပေးသွားမှာဖြစ်ကာ သင်တန်းကြေးကတော့ USD 100 ကျသင့်မယ်လို့ သိရပါတယ်။

Training Ground ရဲ့ Summer Kids Program ကို မတ်လ ၁၅ ရက်နေ့မှာ စတင်မှာဖြစ်ပြီး မတ်လ ၁၂ ရက်နေ့ နောက်ဆုံးထား စာရင်းလက်ခံသွားမှာဖြစ်တာကြောင့် အချိန်ရှိတုန်း မြန်မြန်လေးစာရင်းသွားသွင်းထားဖို့တော့ လိုမှာပဲ ဖြစ်ပါတယ်။

Training Ground ရဲ့ Summer Kids Program နဲ့ပတ်သက်လို့ အသေးစိတ်အချက်အလက်တွေကို ထပ်မံသိရှိလိုတယ်ဆိုရင်တော့ သူတို့ရဲ့ တရားဝင် Facebook Page => https://www.facebook.com/tgroundmm/  ရဲ့ Message Box ကနေဖြစ်စေ၊ ဖုန်းနံပါတ် - 09458887272 ကိုဆက်သွယ်ပြီးဖြစ်စေ၊ info@tgroundmm.com ကို email ပေးပို့ပြီးဖြစ်စေ ဆက်သွယ်စုံစမ်းလို့ရပါတယ်။ လူကိုယ်တိုင်သွားရောက်လေ့လာစုံစမ်းချင်တဲ့သူတွေကတော့ Training Ground တည်ရှိရာ Urban Asia Center ၊ No.10(H) ၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ ကိုသွားရောက်လေ့လာနိုင်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က