အမေရိကန်ထမင်းကြော်ကို အလွယ်ကူဆုံး အရိုးရှင်းဆုံး ကြော်စားနိုင်မဲ့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

တရုတ်ထမင်းကြော်၊ ပသျှူးထမင်းကြော်၊ ပဲပြုတ်ထမင်းကြော်တွေ စားရတာ ရိုးလွန်းပါတယ်။ ဒီနေ့ အမေရိကန် ထမင်းကြော် ကြော်စားကြရအောင်။ အမေရိကန်ထမင်းကြော်ကို အလွယ်ကူဆုံး အရိုးရှင်းဆုံး ကြော်စားနိုင်မဲ့ နည်းလမ်းလေးကို မျှဝေပေးလိုက်ပါတယ်နော်။

ပါဝင်ပစ္စည်းများ

Screenshot-2018-3-14 Yellow Fried Rice(4).png 

အလုံးရှည်ဆန် (၂) ခွက်၊ ရေ (၆၀၀) မီလီလီတာ၊ သကြား (၁) ဇွန်း၊ ဆား (၁) ဇွန်း၊ ကြက်သားမှုန့် (၁) ဇွန်းခွဲ၊ ငရုပ်ကောင်းမှုန့် အနည်းငယ်၊ ဟင်းချက်ဆီ စားပွဲတင်ဇွန်း (၂) ဇွန်း၊ ကြက်ဥအနှစ် (၂) လုံးစာခန့်၊ ဝက်သားကင် (၁၀၀) ဂရမ်၊ ကြက်သွန်နီ (၁/၂) ခွက်၊ ကြက်သွန်မြိတ် (၁) ပင်၊ ရေ စားပွဲတင်ဇွန်း (၂) ဇွန်း၊ ဆီ စားပွဲတင်ဇွန်း (၂) ဇွန်းတို့ကို လိုအပ်ပါတယ်။

ပြုလုပ်ပုံအဆင့်ဆင့်

Screenshot-2018-3-14 Yellow Fried Rice(5).png 

ဇလုံတစ်လုံးထဲမှာ ဆားရယ်၊ သကြားရယ်၊ ငရုပ်ကောင်းမှုန့်ရယ်၊ ကြက်သားမှုန့်ရယ်ကို ရောလိုက်ပါ။ အလုံးရှည်ဆန်ကို ရေနဲ့ (၂) ကြိမ်၊ (၃) ကြိမ်လောက်ဆေးပေးလိုက်ပြီး ဇကာတစ်လုံးထဲမှာ ရေစစ်ပေးလိုက်ပါ။

ဇောက်နက်တဲ့ အိုးထူထူတစ်လုံးထဲမှာ ဆန်ရယ်၊ ဆားရယ်၊ သကြားရယ်၊ ငရုပ်ကောင်းမှုန့်ရယ်၊ ကြက်သားမှုန့်ရယ်၊ ရေရယ်၊ ဟင်းချက်ဆီရယ်၊ ကြက်ဥအနှစ်ရယ်ကို ရောထည့်ပေးလိုက်ပါ။ သစ်သားယောက်မတစ်ချောင်းနဲ့ သမအောင်မွှေပေးလိုက်ပြီး အဖုံးအုပ်ထားပေးလိုက်ပါ။

 

ထမင်းကျက်သည်အထိ မိနစ် (၂၀) ခန့် ရေခမ်းချက် ချက်ပေးလိုက်ပါ။ ပြီးရင် မီးပိတ်ပြီး (၁၀) မိနစ်၊ (၁၅) မိနစ်ခန့် ထပ်ပေါင်းထားပေးလိုက်ပါ။ အဖုံးကိုတော့ မလှပ်ပါနဲ့ဦး။ ပြီးရင်တော့ ခက်ရင်းတစ်ချောင်းနဲ့ ထမင်းကိုဖွပေးလိုက်ပါ။ ပြီးရင်တော့ ဇလုံတစ်လုံးထဲပြောင်းထည့်ပြီး အအေးခံထားပေးလိုက်ပါ။

 

ဝက်သားကင်၊ ကြက်သွန်ဖြူနဲ့ ကြက်သွန်မြိတ်ကို ဓားနဲ့နုတ်နုတ်စင်းပေးလိုက်ပါ။ ပြီးရင် ဒယ်အိုးတစ်လုံးထဲမှာ ပါးပါးလှီးထားတဲ့ ကြက်သွန်နီကိုထည့်ပြီး ဆီသတ်ပေးလိုက်ပါ။ ပြီးရင် ဝက်သားကင်တွေကိုလည်း ဆီကျက်အိုးထဲထည့်ပြီး တစ်မိနစ်ခန့် မွှေပေးလိုက်ပါ။

 

ဒယ်အိုးထဲကို ထမင်းဖြူ (၂၀၀) ဂရမ်ခန့်ထည့်ပြီး medium high အပူချိန်မှာ ထည့်ကြော်ပေးလိုက်ပါ။ ထုံးစံအတိုင်း တောက်လျှောက်မွှေပေးနေဖို့လည်း မမေ့ပါနဲ့ဦး။ ပြီးရင် အပေါ်ကနေ ကြက်သွန်မြိတ်အုပ်ပြီး မွှေပေးလိုက်ပါဦး။ ဒါဆိုရင်တော့ အမေရိကန်ထမင်းကြော်လေးကို ကြော်လို့ပြီးပါပြီ။

 

ပန်းကန်ပြားတစ်ချပ်ထဲမှာ အမေရိကန်ထမင်းကြော်ကို ပုံပေးလိုက်ပြီးရင်တော့ အသင့်သုံးဆောင်နိုင်ပါပြီနော်။

Source: Sidechef

Share

Loading Next Article...
က္က