ကိုယ်ဝန်ဖျက်ချမှုနဲ့ ထောင်ဒဏ်ကျခံနေရတဲ့ အယ်ဆာဗေဒိုးအမျိုးသမီးကို ထောင်ထဲမှာ ၁၅နှစ်ကြာပြီးမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။
မိုင်ရာ ဗရွန်နီကာ ဖိဂွဲရိုအာ မာရိုကွင်း ကို လူသတ်မှုနဲ့ ထောင်ဒဏ် နှစ်၃၀ချမှတ်ထားတာဖြစ်ပါတယ်။
မစ္စ ဖီဂွဲရိုအာဟာ သူ့မှာ အပြစ်မရှိကြောင်းနဲ့ ၂၀၀၃ခုနှစ်မှာ အိမ်အကူဘဝနဲ့ အလုပ်လုပ်ကိုင်စဉ်က အဲဒီအိမ်မှာ ကလေးအသေမွေးခဲ့ကြောင်းပြောပါတယ်။
အဲဒီနောက်မှာ သူ့ကို ဆေးရုံကိုခေါ်ဆောင်သွားခဲ့ပြီးဖမ်းဆီးခဲ့တာဖြစ်ပါတယ်။
ကယ်သလစ်ဘာသာဝင်အများစုနေထိုင်တဲ့ အယ်ဆာဗေဒို နိုင်ငံမှာ ကိုယ်ဝန်ဖျက်ချမှုကို ဥပဒေအရာ တားမြစ်ထားတာဖြစ်ပါတယ်။
ကိုယ်ဝန်ဖျက်ချရင် အနည်းဆုံးထောင်ဒဏ် ၈နှစ်ကနေ၊ မွေးပြီးကလေးသေဆုံးခဲ့ရင် လူသတ်မှုနဲ့ ထောင်ဒဏ် အနှစ် ၃၀အထိ အပြစ်ပေးချမှတ်နိုင်ပါတယ်။
ဆရာဝန်တွေအနေနဲ့ ကိုယ်ဝန်သည်အမျိုးသမီးက ကလေးဖျက်ချတယ်လို့ သံသယရှိရင် အာဏာပိုင်တွေကို သတင်းပေးပို့ရပြီး၊ အကြောင်းကြားတာမရှိခဲ့ရင် အဲဒီဆရာဝန်ကိုပါ ထောင်ဒဏ်ချမှတ် နိုင်မှာ ဖြစ်ပါတယ်။
အယ်ဆာဗေဒိုနိုင်ငံမှာ ၂၀၀၀ခုနှစ်ကစပြီး ကိုယ်ဝန်ပျက်ကျရာကနေ ရာဇဝတ်မှုမြောက်တဲ့ အမှုတွေ၊ ကျန်းမာရေး အရေးပေါ်မှုတွေကြောင့် ကျူးလွန်တဲ့ ရာဇဝတ်မှုပေါင်း ၁၀၀ကျော်ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုပါတယ်။