In partnership with  logo
သူများတွေရဲ့ အမြင်ကိုလည်း နားလည်ပေးတတ်တယ်။

အဆိုတော်၊ သရုပ်ဆောင် ဇန်ဒါရာကတော့ သူ့အနေနဲ့ အမျိုးသမီးဝါဒီဖြစ်ရတာကို ဝမ်းမြောက်ဂုဏ်ယူနေသူပါ။ အမျိုးသမီးဝါဒီအကြောင်းကိုလည်း သူမြင်တဲ့အတိုင်း ထုတ်ပြောဖူးတယ်။

 

" အမျိုးသမီးဝါဒီသမား (feminist) တစ်ယောက်ဆိုတာက အခြားသူတွေမှာ စွမ်းအားရှိတာကို ယုံကြည်သလိုမျိုး အမျိုးသမီးတွေမှာ စွမ်းအားတွေရှိနေတာကို ယုံကြည်သူတစ်ဦး ဖြစ်ပါတယ်။ အဲ့တာက တန်းတူညီမျှမှု၊ သင့်တင့်မျှတမှုပါ။ ပြီးတော့ အဲ့ဒီအရာ (အမျိုးသမီးဝါဒီ)ရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ရတာ အရမ်းကိုကောင်းမွန်တယ်လို့ ထင်ပါတယ်" လို့ ဇန်ဒါရာက သူ့အမြင်နဲ့ ခံယူချက်ကို ဆိုပါတယ်။

 

အမျိုးသမီးတွေနဲ့ အမျိုးသားတွေဟာ ညီတူမျှတူတဲ့ အခွင့်အရေး၊ ရပိုင်ခွင့်တွေ ရသင့်တယ်လို့လည်း ယုံကြည်သူပါ။ " လူတိုင်းဟာ အမျိုးသမီးဝါဒီနဲ့ပတ်သက်ပြီး သူတို့ကိုယ်ပိုင် အဓိပ္ပာယ်ဖွင့်ဆိုချက်တွေ ရှိနိုင်တယ်" လို့လည်း တွေးပေးတတ်သူဖြစ်တယ်။

 

ဇန်ဒါရာအတွက်တော့ အမျိုးသမီးဝါဒီဆိုတာ သန်မာကြံ့ခိုင်နေဖို့၊ အမှီအခိုကင်းဖို့နဲ့ အိပ်မက်တွေနောက်ကိုလိုက်ပြီး အကောင်အထည်ဖော်ဖို့ရာ ဘယ်အရာကမှ ရပ်တန့်လို့မရဘူးဆိုတာပါပဲတဲ့။

Source : Refinery 29

Share

က္က