တစ်ယောက်တည်းကိုချစ်ပြီး သေတဲ့အထိ အတူတူရှိသွားရတယ် ဆိုတာမျိုးက ရှိတော့ရှိတယ်။ ရှားတယ်နော်။ များသောအားဖြင့်တော့ လူတိုင်းရဲ့ဘဝမှာ အချစ်ကို သုံးကြိမ်လောက် ထိတွေ့ဖူးကြပါလိမ့်မယ်။
၁။ ငယ်ရွယ်စဉ်အချစ်
အချစ်ဆိုတာ ဘာမှန်းတောင် သေချာမသိသေးခင်မှာပဲ တစ်ယောက်ယောက်ကို ချစ်မိပြီလို့ ထင်ကြတယ်။ ဆယ်ကျော်သက် ရင်ခုန်တတ်စအရွယ်မှာ ချစ်မိတာမျိုး။ စိတ်ခံစားချက်တွေ၊ ရန်ဖြစ်တာတွေနဲ့ ခန္ဓာကိုယ်ချင်းထိတွေ့တဲ့ အရာတွေ ပါဝင်တယ်။ ဒါပေမဲ့ သေသေချာချာ ပြန်စဉ်းစားလိုက်တော့ ဘယ်ဟာကို အချစ်လို့ခေါ်မှန်းမသိတော့ဘူး။
၂။ ဒုတိယမြောက်အချစ်
ဒါကတော့ အချစ်ကို နားလည်တတ်တဲ့အချိန်မှာ ချစ်မိတာ။ အချစ်ကြောင့် သင်ခန်းစာတွေလည်း အတော်အသင့် ရပြီးနေပြီလေ။ ကိုယ်လိုချင်တဲ့ ပုံစံမျိုးနဲ့ ရောက်လာတဲ့ အချစ်ဟာ ပျော်စရာကောင်းတာအမှန်ပဲ။ အရမ်းလည်း ချစ်တတ်သွားပြီဆိုတော့ နာကျင်ရပြီဆို အရမ်းနာကျင်ရတယ်။ တချို့က တစ်ကိုယ်ကောင်းဆန်ဆန်ချစ်တတ်လာတယ်။ တချို့က အနစ်နာခံ ပေးဆပ်တတ်လာတယ်။ အချစ်ကြီးကြီး ချစ်တတ်လာပြီ။
၃။ တတိယအချစ်
ဒီအချိန်မှာတော့ အချစ်ကိုရော ဘဝကိုပါ နားလည်တတ်သွားပြီ။ ဒီနှစ်ခု ဟန်ချက်ညီအောင်လည်း ထိန်းတတ်လာတယ်။ ရူးသွပ်တာတွေဆိုတာလည်း ရှားရှားပါးပါးပဲ။ အဲ့အချိန်မှာ ကိုယ်နဲ့သူဆုံမိတယ်။ မထင်မှတ်ဘဲ အဆင်ပြေနေရင်း တစ်ယောက်ကိုတစ်ယောက် ငြိတွယ်လာတယ်။ ဘဝကို အတူတူဖြတ်သန်းဖို့ကိုပဲ ဦးစားပေးတော့တယ်လေ။ ဒီလိုအချစ်မျိုးဟာ ပေးဆပ်တာ ရယူတာထက် နှစ်ယောက်အတူရှိနေဖို့ အဆင်ပြေနေကြဖို့ပဲ လုပ်ဆောင်ကြတာမျိုးပါ။