တကယ်လို့များ ဒီအမှားတွေကို လုပ်နေရင်တော့ တစ်ညတည်းနဲ့ သိသိသာသာ ပျက်စီးသွားမှာတဲ့နော်။

အသက်ကြီးလာတာနဲ့အမျှ အိုမင်းလာမှုဆိုတာက လွန်ဆန်လို့မရတဲ့ ဖြစ်စဉ်တစ်ခု ဆိုပေမဲ့လို့ အရွယ်မတိုင်မီ အိုမင်းရင့်ရော်မသွားအောင်တော့ ရှောင်ကြဉ်လို့ရပါတယ်။ ကိုယ့်ရဲ့ ပင်ကိုယ်ရှိရင်းစွဲအသက်ထက် ပိုကြီးတယ်လို့ ထင်နေရစေတဲ့အထဲမှာ အသားအရေက ထိပ်ဆုံးက ပါတာပေါ့။ နူးညံ့တဲ့အသားအရေဟာ တစ်ညအတွင်းမှာတင် သိသိသာသာ ပျက်စီးလာနိုင် ကောင်းလာနိုင်ပါတယ်။ ကိုယ့်ရဲ့ထိန်းသိမ်းပြုပြင်မှုသာ ကောင်းမယ်ဆိုရင်ပေါ့လေ။ တကယ်လို့များ ဒီအမှားတွေကို လုပ်နေရင်တော့ တစ်ညတည်းနဲ့ သိသိသာသာ ပျက်စီးသွားမှာတဲ့နော်။

၁။ မှောက်အိပ်ခြင်း

causes-overnight-aging-1-sleeping-face-down.jpg 

ခေါင်းအုံးကိုမျက်နှာအပ်ပြီးအိပ်တဲ့အခါ ကမ္ဘာ့ဆွဲအားကို အနိုင်ပေးလိုက်ရတော့တာပဲ။ မျက်အိတ်တွဲတာ၊ မျက်နှာဖောင်းအစ်တာတွေ ဖြစ်စေတာပေါ့။ မျက်နှာမှာရှိတဲ့ အရည်တွေကို ကမ္ဘာ့ဆွဲအားက ဆွဲလိုက်တဲ့အခါ မျက်နှာဖောင်းအစ်လာတော့တယ်လေ။ ဒါက အိုမင်းရင့်ရော်မှုဖြစ်စဉ်ကို မြန်သွားစေပါတယ်။ ပက်လက်အိပ်တာက အကောင်းဆုံးပါ။

၂။ မျက်နှာမသစ်ဘူး

causes-overnight-aging-2-not-washing-face.jpg 

မျက်နှာမသစ်ဘဲ ညအိပ်ရာဝင်တာကတော့ အမျိုးသမီးတွေအတွက် အဆိုးရွားဆုံး အကျင့်ကြီးပါ။ တစ်နေကုန် မိတ်ကပ်တွေနဲ့ နေထားပြီး ချွေးတွေဖုန်တွေက မျက်နှာကိုကပ်၊ အဲ့တာတွေကို မဖျက်ဘဲ ညအိပ်တာမျိုး တစ်ရက်တစ်လေတောင် မလုပ်မိပါစေနဲ့။ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင်လည်း မိတ်ကပ်ကိုဖျက်၊ မျက်နှာသစ်ပြီးတော့မှ လုပ်သင့်တယ်။ မျက်နှာသစ်ဖို့လိုတဲ့အချိန်တိုင်းမှာ မျက်နှာသစ်ပေးရပါမယ်နော်။

၃။ Skincare ပစ္စည်းတွေ အလွန်အကျွံသုံးခြင်း

causes-overnight-aging-3-too-many-products.jpg 

အသားအရေကို ထိန်းသိမ်းပါလို့လည်း ပြောသေးတယ်၊ သုံးတော့လည်း သုံးပြန်ပြီဆိုပြီး ဆူတယ်လို့ မထင်လိုက်နဲ့ဦးနော်။ မဒီက လှစေချင်လို့ပါ။ အသားအရေထိန်းသိမ်းဖို့ ပစ္စည်းတွေကို သုံးတာကတော့ သုံးသင့်တာပေါ့။ ဒါပေမဲ့ အဲ့တာတွေမှာလည်း ဆိုးကျိုးတွေရှိသေးတယ်။ ဥပမာပြောရရင် retinol ပါတဲ့ ပစ္စည်းတွေက အရေးအကြောင်းတွေ မဖြစ်အောင် တားဆီးပေးတယ်။ ဒါပေမဲ့ ဝက်ခြံပျောက်စေတဲ့ပစ္စည်းတွေနဲ့ တွဲသုံးရင်တော့ အသားအရေက ခြောက်သွေ့ယားယံလာရော။ ကိုယ့်အသားအရေအမျိုးအစားအလိုက် ထုတ်ထားတာမျိုးကိုပဲ ရွေးသုံးခြင်းက အမှန်ကန်ဆုံးပါ။

၄။ ရေမသောက်ဘူး

causes-overnight-aging-4-not-drinking-water.jpg 

ရေကို လုံလုံလောက်လောက် သောက်တယ်ဆိုတဲ့နေရာမှာ ကိုယ့်ရဲ့အခြေအနေပေါ်လည်း မူတည်ပါတယ်။ တစ်နေ့ ၂ လီတာ ဆိုတာက ခုလို ပူပြင်းတဲ့ ရာသီဥတုမျိုးမှာဆို မလောက်ဘူးလေ။ ရေများများသောက်ပါနော်။

Share

Loading Next Article...
က္က