In partnership with  logo
အိမ်ထောင်ကွဲပြီးဝင်ငွေရဖို့ အရုပ်လေးတွေလုပ်ခဲ့ရာကနေ သုတေသနပြုတဲ့အထိ ကြိုးစားခဲ့ပြီး ပါရဂူဘွဲ့ကိုပါ ယူလိုက်နိုင်ပါပြီ။

ပြီးခဲ့တဲ့စနေနေ့တုန်းက ကျိုတိုမှာရှိတဲ့ တက္ကသိုလ်ကပေးအပ်တဲ့ ပါရဂူဘွဲ့ကို ရရှိအပြီးမှာတော့ အသက် ၈၈ နှစ်အရွယ် ဒီအဘွားအိုဟာ ဂျပန်နိုင်ငံမှာ အသက်အကြီးဆုံး ပါရဂူဘွဲ့ရသူတစ်ယောက်ဖြစ်လာခဲ့ပြီဖြစ်ကြောင်း Ritsumekian တက္ကသိုလ်က ထုတ်ပြန်ခဲ့ပါတယ်။


 

ကျွန်မစိတ်အရမ်းလှုပ်ရှားရသလို  ဂုဏ်လည်းယူရပါတယ်လို့ Kyioko Ozeki က သတင်းထောက်တွေကို Ritsumeikan တက္ကသိုလ်ရဲ့ ဘွဲ့နှင်းသဘင်အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။ သူဟာ တက္ကသိုလ်ရဲ့ ဘွဲ့လွန်အစီအစဉ်မှာမပါဝင်ခဲ့ပေမဲ့လည်း သူ့ရဲ့ သုတေသနစာတမ်းက သူ့ကိုဒီဘွဲ့ကိုရရှိအောင် အကူအညီပေးခဲ့တာပဲဖြစ်ပါတယ်။

Kyioko Ozeki ဟာ နာဂိုယာမြို့မှာ နေထိုင်သူဖြစ်ပြီး Tokai Guken တက္ကသိုလ်ရဲ့ အမျိုးသမီးအငယ်တန်းကောလိပ်မှာ ၁၉၉၅ ခုနှစ်အထိ လက်ထောက်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ အငြိမ်းစားယူပြီးနောက်မှာ Ozeki ဟာ ရှေးဟောင်းဂျိုမွန်ခေတ်က "angin"လို့ ခေါ်တဲ့ ဝတ်စားဆင်ယင်မှုတွေကို ယဉ်ကျေးမှုရှုထောင့်ကနေ သုတေသနပြုနေခဲ့တာ အနှစ်သုံးဆယ်ကျော်ခဲ့ပြီပဲဖြစ်ပါတယ်။

 

အသက် ၃၀ အရွယ်မှာ အိမ်ထောင်ရေးကွာရှင်းခဲ့ရပြီးနောက် Ozeki ဟာ ဝင်ငွေရဖို့အတွက် အရုပ်လေးတွေကို စတင်လုပ်နေခဲ့ရပါတယ်။ သူလုပ်နေတာတွေကို ကောလိပ်ဝန်ထမ်းအချို့က သတိထားမိသွားပြီးနောက်မှာတော့ Ozeki ဟာ ၁၉၆၄ ခုနှစ်မှာ လက်မှုထည်ပစ္စည်းသင်ကြားရေးပိုင်းမှာ ဝင်ရောက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။

ဝတ်စားဆင်ယူမှုသမိုင်းကို လေ့လာနေစဉ်အတွင်း dogu လို့ခေါ်တဲ့ ရွှံ့ရုပ်လေးတွေနဲ့ ပတ်သက်ပြီးစိတ်ဝင်စားလာခဲ့တယ်။ ဂျိုမွန်ခေတ်မှာ လူတွေဟာ အဝတ်အစားတွေကို ဘယ်လိုထုတ်လုပ်ခဲ့သလဲဆိုတာကို ဖော်ထုတ်ဖို့အတွက် ဆက်လက်လေ့လာခဲ့ပါတယ်။ ဂျိုမွန်ခေတ် (ဘီစီ ၁၀၀၀၀ - ဘီစီ ၃၀၀) ကာလအတွင်းမှာ ရက်ကန်းစင်တွေဆိုတာ မရှိသေးခဲ့ဘူး။ အဲ့ဒီအတွက် Ozeki က အသက် ၅၀ ကနေ ၈၀ အထိ အထူးပြုလေ့လာ သုတေသနပြုနေခဲ့ပါတယ်။

 

ဂျိုမွန်ခေတ်ရဲ့ အထည်ရက်လုပ်မှုနည်းပညာပေါင်းများစွာကို တွေ့ရှိခဲ့ရပြီးနောက် သူကိုယ်တိုင်ပါ အသုံးပြုခဲ့တယ်လို့ Ozeki က ဆိုပါတယ်။ သူ့ရဲ့ အားထုတ်မှုတွေကြောင့် ခုဆိုရင် အသက် ၈၈ နှစ်အရွယ်မှာ Ozeki ဟာ Ritsumeikan တက္ကသိုလ်က ချီးမြှင့်ပေးအပ်တဲ့ ပါရဂူဘွဲ့ကို ရရှိသွားပါပြီ။

Source : Japan Time, Strait Times


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က