In partnership with  logo
"သိတယ်ဆိုရင် တစ်ခါတည်းဖြေရှင်းလိုက်လို့ရတယ်။ မသိဘူးဆိုရင်လည်း ကိုယ့်ထက်သိတဲ့လူတွေ၊ ဆရာတွေကို တိုင်ပင်တယ်"

အမေရိကန်စီးပွားရေးမဂ္ဂဇင်း Forbes က နှစ်စဉ်ထုတ်ပြန်တဲ့ အသက် ၃၀ အောက် ထူးချွန်လူငယ်များ စာရင်းမှာ မြန်မာနိုင်ငံက လူငယ်ညီအစ်မနှစ်ဦးလည်း ပါဝင်လာပါတယ်။ ၂၀၁၈ ခုနှစ်အတွက် အသက် ၃၀ အောက် နည်းပညာနယ်ပယ် ထူးချွန်လူငယ် အယောက် ၃၀ ကို အာရှဒေသထဲက ရွေးခဲ့တာဖြစ်ပါတယ်။ မြန်မာနိုင်ငံက မဟန်နီမြဝင်းနဲ့ မရွှေရည်မြဝင်းတို့ကိုလည်း ပူးတွဲရွေးချယ်ထုတ်ပြန်ခဲ့ပါတယ်။

 

မဟန်နီမြဝင်းဟာ အသက် ၂၆ နှစ်သာ ရှိပါသေးတယ်။ အသက် ၂၃ နှစ်အရွယ် ညီမဖြစ်သူ ရွှေရည်မြဝင်းနဲ့အတူ မြန်မာနိုင်ငံမှာ Chate Sate အမည်ရှိ နည်းပညာပလတ်ဖောင်းကို ပူးတွဲတည်ထောင်ထားကြတာပါ။ ၂၀၁၆ ခုနှစ်မှာ Technoholic နာမည်နဲ့ tech solution provider လုပ်ငန်းကို စတင်ခဲ့ပြီးနောက် လက်ရှိမှာတော့ သူတို့ညီအစ်မနှစ်ဦးရဲ့ Chate Sat ဟာ မြန်မာနိုင်ငံက လုပ်ငန်းအမျိုးအစားအားလုံးရဲ့ အလုပ်ရှင်ပေါင်းများစွာနဲ့ ချိတ်ဆက်ထားတယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံက နည်းပညာနယ်ပယ်လုပ်ငန်းထဲမှာ မြန်မာအမျိုးတွေဟာ ခေါင်းဆောင်ပိုင်းနေရာကို ရောက်လာတာ နည်းနေသေးတဲ့အပေါ် အမျိုးသမီးတွေကို တိုက်တွန်းအားပေးဖို့လိုတယ်လို့မြင်ကြောင်း မဟန်နီမြဝင်းက Duwun Media ကို ဖြေကြားခဲ့ပါတယ်။ " ဟန်နီအမြဲတမ်းပြောလေ့ရှိတာက မရှက်မကြောက်ဖို့နဲ့ ကိုယ့်အိုင်ဒီယာကို စိတ်ထဲမှာရှိရင် ထုတ်ပြောဖို့ပါ၊ share လုပ်ဖို့ပေါ့၊ မရှက်မကြောက်ဘဲ ထုတ်ပြောပြီး သူများတွေဆီက feedback တောင်းမှ ခေါင်းထဲကအတွေးက လက်တွေ့ဖြစ်လာမှာပါ" လို့ မဟန်နီက နည်းပညာလုပ်ငန်းထဲက မိန်းကလေးတွေကို အကြံပေးထားပါတယ်။

 

ငယ်ငယ်ရွယ်ရွယ်နဲ့ အောင်မြင်လာခဲ့တယ် ဆိုပေမဲ့ သူတို့ညီအစ်မနှစ်ဦးမှာလည်း အခက်အခဲတွေ ကျော်ဖြတ်ခဲ့ရပါတယ်။ အစပိုင်းတွေမှာ ညီမနှစ်ယောက်တည်းလုပ်ရတဲ့အခါ သူတို့ကို လူတွေက အထင်မကြီးကြဘူး။ မယုံကြဘူးလို့ မဟန်နီက ဆိုပါတယ်။

ချိတ်ဆက်ပူးတွဲတည်ထောင်သူ မဟန်နီမြဝင်း

" အဲ့လိုအချိန်တွေမှာဆိုရင် ကိုယ့်ရဲ့ mentor တွေ coach တွေကို ပြောပြတယ်။ အကယ်၍ သိတယ်ဆိုရင် တစ်ခါတည်းဖြေရှင်းလိုက်လို့ရတယ်။ မသိဘူးဆိုရင်လည်း ကိုယ့်ထက်သိတဲ့လူတွေ၊ ဆရာတွေကို တိုင်ပင်တယ်။ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် ချက်ခြင်းကြီး တုံ့ပြန်တာထက် အဲ့လိုမျိုး အကုန်လုံးနဲ့ဆွေးနွေးတိုင်ပင်ပြီး ဘယ်ဟာဖြစ်သင့်တယ်ဆိုတာကို အချိန်ယူပြင်ဆင်ပြီးတော့မှ တုံ့ပြန်ပါတယ်" လို့ Chate Sat ကို ပူးပေါင်းတည်ထောင်သူ မဟန်နီရွှေဝင်းက သူမရဲ့ပြဿနာဖြေရှင်းပုံကိုလည်း မျှဝေခဲ့ပါတယ်။

အဆိုတော်အမွန်းကိုလည်း အနုပညာနယ်ပယ် ထူးချွန်လူငယ်များစာရင်းမှာ ဖော်ပြခဲ့ပါတယ်။

 

သူတို့ညီအစ်မနှစ်ဦးဟာ 48 hour  Hackathon ကိုလည်း အတူတူဝင်ပြိုင်ပြီး ဆုရခဲ့ဖူးပါတယ်။ Forbes ရဲ့ ယခုနှစ် ထုတ်ပြန်ထားတဲ့ အသက် ၃၀ အောက် ထူးချွန်လူငယ်များစာရင်းမှာ မြန်မာနိုင်ငံက အဆိုတော်တစ်ဦးဖြစ်တဲ့ အမွန်းလည်း ပါဝင်လာပါတယ်။

Digital Kaway CEO မစန္ဒီစိန်သိန်းကိုလည်း Media, Marketing & Advertising နယ်ပယ်ရဲ့ အသက် ၃၀ အောက် ထူးချွန်လူငယ်အဖြစ် Forbes က ဖော်ပြခဲ့ဖူးပါတယ်။

 

၂၀၁၇ ခုနှစ် Forbes ရဲ့ထုတ်ပြန်ချက်ထဲက အသက် ၃၀ အောက် ထူးချွန် ၃၀ စာရင်းမှာတော့ Digital Kaway ရဲ့ CEO ဖြစ်တဲ့ မစန္ဒီစိန်သိန်းလည်း ပါဝင်ခဲ့ဖူးပါတယ်။ သူမကိုတော့ Media, Marketing & Advertising နယ်ပယ်ထဲက အာရှဒေသ အသက် ၃၀ အောက် ထူးချွန်လူငယ်တစ်ဦးအဖြစ် ရွေးချယ်ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

Source : Forbes

Photo : Honey Mya Win Facebook


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က