In partnership with  logo
စိတ်ခံစားချက်တွေဟာ အပြစ်မဟုတ်ဘူးဆိုတာသူက နမူနာပါပဲ။ စိတ်မကောင်းဖြစ်ပေမဲ့ အရှုံးမပေးတတ်တဲ့ အိုပရာလေ။

လက်ရှိရုံတင်ပြသနေတဲ့ A Wrinkle in Time ရုပ်ရှင်ကားထဲက ဆံပင်ပုံဆန်းဆန်းကြီးနဲ့ Mrs.Which ဆိုတာ အမျိုးသမီးစွမ်းဆောင်ရှင်ကြီး အိုပရာဝင်းဖရေးဖြစ်ပါတယ်။ အိုပရာဟာ The Oprah Winfrey Show ရုပ်သံအစီအစဉ်နဲ့ အမေရိကမှာ အကြီးအကျယ်အောင်မြင်ခဲ့တယ်။ သူ့ရဲ့ရှိုးမှာ လူတွေက ငိုလိုက်၊ ရယ်လိုက်နဲ့ စိတ်ခွန်အားတွေလည်း ရခဲ့ကြတယ်။ ကြမ်းတမ်းခက်ခဲလွန်းတဲ့ဘဝကို ရုန်းကန်ရင်း ကိုယ့်အားကိုယ်ကိုး အောင်မြင်လာတဲ့ အိုပရာဟာ မိန်းကလေးတွေအတွက်တော့ အားကျအတုယူစရာ စံနမူနာကောင်းလည်းဖြစ်ပါတယ်။

၁။ အမြဲတမ်းစိတ်ခွန်အားပေးတယ်

A-Wrinkle-In-Time-Oprah-Winfrey-Mrs.-Which.jpg

အိုပရာကိုကြည့်လိုက်ရင်၊ သူ့ရဲ့စကားတွေကို နားထောင်လိုက်ရင် ကျွန်မတို့တွေဟာ ဘာမဆိုလုပ်နိုင်တယ်လို့ ခံစားမိသွားစေတယ်။ အားတွေရှိလာသလိုပဲ။ သူ့ရဲ့ရုပ်သံအစီအစဉ်ကနေ အမြဲတမ်း စိတ်ခွန်အားပေးနေသူပါ။ သူ့ရဲ့ဖြစ်ရပ်တွေကိုပြောပြလေ့ရှိတယ်။ ပြီးရင် အကြံပေး၊ နည်းလမ်းတွေပေးတယ်လေ။

၂။ ကျန်းမာရေးအတွက်လည်းလက်တွေ့ကျတဲ့ပန်းတိုင်တွေရှိသူ

လက်တွေ့နဲ့ ဝေးကွာလွန်းတဲ့ ကျန်းမာရေးနည်းလမ်းတွေကို ပေးလေ့မရှိဘူး။ ကျန်းမာရေးနဲ့အစားအစာတွေစားဖို့နဲ့ လေ့ကျင့်ခန်းလုပ်ဖို့က အရေးကြီးဆုံးဆိုတာကိုပဲ အမြဲတမ်းပြောလေ့ရှိသူပါ။ ဒါပေမဲ့ သူကိုယ်တိုင်လည်း မစွန့်လွှတ်နိုင်တဲ့ အစားအစာတွေရှိတယ်။ ဘာဖြစ်ဖြစ် တော်ရုံသင့်ရုံပဲစားပေါ့လို့ ပြောတယ်။

၃။ အမုန်းတွေအတွက်အချိန်မပေးဘူး

oprah-winfrey-backstage-golden-globes.jpg 

အောင်မြင်လာတာနဲ့အမျှ ဝေဖန်ပုတ်ခတ်သူတွေလည်း ရှိလာတယ်။ တောက်လျှောက်ဆိုသလိုပဲ သူ့ကို ဝေဖန်နေကြတယ်။ အဲ့တာတွေကြောင့်တော့ အိုပရာဟာ သူလုပ်နေတဲ့အလုပ်ကို ရပ်လိုက်တာမျိုး တစ်ခါမှမရှိခဲ့ဘူး။ သူ့အလုပ်တွေလည်း နှောင့်နှေးမသွားဘူး။

၄။ စိတ်ခံစားချက်တွေက အပြစ်မဟုတ်ဘူးဆိုတာပြသခဲ့သူ

ဒီလောက်ရင့်ကျက်အောင်မြင်နေတဲ့ အမျိုးသမီးကြီးက ငိုလည်းငိုတယ်၊ ရယ်လည်းရယ်တယ်။ တိုက်ရိုက်လွှင့်နေတဲ့ ရုပ်သံအစီအစဉ်တွေမှာ ငိုရင်ငိုချလိုက်သေးတာ။ သူငိုပြီဆို ပရိသတ်တွေပါ ငိုချင်လာရော။ စိတ်ခံစားချက်တွေဟာ အပြစ်မဟုတ်ဘူးဆိုတာသူက နမူနာပါပဲ။ စိတ်မကောင်းဖြစ်ပေမဲ့ အရှုံးမပေးတတ်တဲ့ အိုပရာလေ။

၅။ ပရိသတ်တွေရဲ့အချစ်တော်ကြီး

oprah-ftr.jpg 

သူ့ရှိုးကိုလာကြည့်တဲ့ ပရိသတ်တွေကို ထင်မှတ်မထားတဲ့ လက်ဆောင်တွေ ပေးတတ်တယ်။ ကားတွေတောင် လက်ဆောင်ပေးခဲ့သေးတယ်။ လာကြည့်တဲ့လူတွေတစ်ဖွဲ့လုံးကို ချီကာဂိုကနေ ဆစ်ဒနေထိ လေယာဉ်နဲ့ အပန်းဖြေခရီးတွေ ပို့ပေးတာမျိုးလည်း လုပ်တတ်သေးတယ်။ " ရှင်တို့ရဲ့ထိုင်ခုံအောက်ကိုကြည့်လိုက်ပါ" ဆိုတဲ့စကား ပြောလေ့ရှိတယ်။ ခုံအောက်မှာလည်း အံ့သြစရာလက်ဆောင်တွေကို ပြင်ထားတတ်တာမျိုးလေ။ အိုပရာက သူ့ရဲ့ကြွယ်ဝမှုကို အမြဲတမ်းမျှဝေတတ်သူမို့လို့ လူချစ်လူခင်များပါတယ်။ အမျိုးသမီးတွေအတွက် ပရဟိတလုပ်ငန်းတွေမှာ ငွေကြေးမြောက်မြားစွာ ထည့်ဝင်လှူဒါန်းနေသူဖြစ်ပါတယ်။

Share

Loading Next Article...
က္က