In partnership with  logo
Amal Clooney ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲပ တရားစွဲခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုမှာ နိုင်ငံတကာ လူ့အခွင့်အရေး ရှေ့နေအဖြစ် ပါဝင်လာပြီဖြစ်ပါတယ်။
 

(၁) ထူးချွန်တဲ့ ကျောင်းသူတစ်ဦး

လက်ဘနွန်နွယ်ဖွား ဗြိတိသျှ ရှေ့နေတစ်ဦးဖြစ်တဲ့ Amal Clooney ဟာ ၁၉၉၆ခုနှစ်မှာ အောက်စ်ဖို့ တက္ကသိုလ်မှာ ပညာသင်ဆုုရရှိခဲ့ပြီး ၂၀၀၀ခုနှစ်မှာ ဥပဒေပညာနဲ့ bachelor ဘွဲ့ကိုရရှိခဲ့ပါတယ်။

အဲဒီကမှတဆင့် နယူးယောက်ခ်တက္ကသိုလ် ဥပဒေပညာကျောင်းမှာ master ဘွဲ့ကိုဆက်ယူခဲ့ပြီး ၂၀၀၂ခုနှစ်မှာ ရှေ့နေလုပ်ခွင့် လိုင်စင်စာမေးပွဲကို အောင်မြင်ခဲ့ပါတယ်။

အဲဒီနောက်မှာတော့ ကမ္ဘာ့အကြီးဆုံး ဥပဒေအကျိုးဆောင်လုပ်ငန်းတစ်ခုဖြစ်တဲ့ နယူးယောက်အခြေစိုက် Sullivan & Cromwell မှာဝင်ရောက်လုပ်ကိုင်ခဲ့ပါတယ်။

 

(၂) အောင်မြင်တဲ့ရှေနေတစ်ဦး

၂၀၁၀ခုနှစ်မှာ လန်ဒန်မြို့က Doughty Street Chambers ဥပဒေအကျိုးဆောင်လုပ်ငန်းလုပ်ကိုင်ခဲ့ပြီး နိုင်ငံတကာ ခုံရုံးမှာ အရေးကြီးပုဂ္ဂိုလ်တွေဖြစ်တဲ့ ယူကရိန်း ဝန်ကြီးချုပ်ဟောင်း Yulia Tymoshenko၊ ဝီကီလိခ် တည်ထောင်သူ Julian Assange တို့ဘက်က တရားခံရှေ့နေအဖြစ် လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၃ခုနှစ်မှာ ဆီးရီးယားအရေးနဲ့ပတ်သက်ပြီး ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ အကြံပေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဖူးပါတယ်။

အိရတ်နိုင်ငံက အိုင်အက်စ် အစွန်းရောက်တွေရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တွေကြောင့် ထွက်ပြေးတိန်းရှောင်နေရတဲ့ ကဒ်လူမျိုး ယာဇီးဒီးလူနည်းစုတွေ လွတ်မြောက်ရေးအတွက်လည်း လူ့အခွင့်အရေးရှေ့နေတစ်ဦးအဖြစ် ပါဝင်လှုပ်ရှားသူတစ်ဦးဖြစ်ပါတယ်။

(၃) မြန်မာသတင်းထောက် (၂)ဦးရဲ့ အမှုမှာပါဝင်

Amal Clooney ဟာ နိုင်ငံတော်လျှို့ဝှက်ချက်ဥပဒေနဲပ တရားစွဲခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့အမှုမှာ နိုင်ငံတကာ လူ့အခွင့်အရေး ရှေ့နေအဖြစ် ပါဝင်လာပြီဖြစ်ပါတယ်။

 

(၄) သာယာတဲ့ အိမ်ထောင်ရေး

ဥပဒေလောက အောင်မြင်တဲ့ ရှေ့နေတစ်ဦးဖြစ်တဲ့ Amal Alamuddin ဟာ ဟောလိဝုဒ်စူပါစတား George Clooney နဲ့ ၂၀၁၄ခုနှစ်မှာ အီတလီနိုင်ငံ Venice မြို့မှာ လက်ထပ်ခဲ့ပါတယ်။ ၂၀၁၇ ဇွန်လ ၆ရက်နေ့မှာ Ella နဲ့ Alexander လို့ခေါ်တဲ့ အမြွှာမောင်နှမ နှစ်ယောက်ကို မွေးဖွားခဲ့ပါတယ်။  

Share

Loading Next Article...
က္က