In partnership with  logo
ဘာကိုမဆို ကြောက်စိတ်တွေနဲ့ မဝံ့မရဲဖြစ်နေရင် ဘာမှလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။

Sylvia Acevedo ဟာ အမေရိကန်ပြည်ထောင်စု Girl Scouts ရဲ့ အမှုဆောင်အရာရှိအဖြစ်နဲ့ တာဝန်ယူထားသူပါ။ ငယ်ရွယ်တဲ့ မိန်းကလေးတွေကို ထူးချွန်ထက်မြက်လာအောင်၊ စွမ်းအားသတ္တိတွေ ရှိလာအောင်လည်း အမြဲတမ်း သင်ကြားပေးနေပါတယ်။ မိန်းကလေးတစ်ယောက် ထူးချွန်ထက်မြက်သူအဖြစ် ရောက်ရှိဖို့ကို ငယ်ရွယ်စဉ်မှာတည်းက ဒီအချက်တွေ လိုပါတယ်လို့ သူက ပြောပါတယ်။

၁။ တက်ကြွမှုလိုတယ်

1507063053-slyvia.jpg 

စိတ်အားထက်သန်မှုတွေ ရှိနေဖို့ လိုပါတယ်။ ဘာကိုမဆို ကြောက်စိတ်တွေနဲ့ မဝံ့မရဲဖြစ်နေရင် ဘာမှလုပ်ဖြစ်မှာ မဟုတ်တော့ဘူး။ စိတ်အားထက်သန်ပြီး တက်ကြွနေရင် လုပ်ဖြစ်သွားလိမ့်မယ်။

၂။ အိပ်မက်အကြီးကြီးလိုတယ်

how-to-raise-confident-multiracial-children-bicultural-familia.jpg 

ရည်မှန်းချက် ပန်းတိုင်တွေကို သေးသေးလေးတွေပဲ မချမှတ်ပါနဲ့။ ဘဝမှာ ဘာကြီး ဖြစ်လာရမယ်ဆိုတဲ့ အိပ်မက်အကြီးကြီး မက်လိုက်ပါလို့ Slyvia က အမြဲတမ်းပြောတယ်။ ပြီးတော့ အဲ့ဒီအိပ်မက်ကို အကောင်အထည်ဖော်လာနိုင်မယ်လို့လည်း သူက ယုံကြည်ပါတယ်တဲ့လေ။ အခုလည်း ကမ္ဘာမှာ အမျိုးသမီးတွေက ခေါင်းဆောင်နေရာယူထားကြတာ ပိုပိုများလာပါပြီ။

၃။ ကိုယ်ပိုင်ဆန္ဒရှိဖို့လိုတယ်

ကိုယ့်ရဲ့စိတ်ဆန္ဒက ဘာလဲဆိုတာ သိနေဖို့ လိုပါတယ်။ ကိုယ်ဖြစ်ချင်တာကို ကိုယ်တိုင်သိရမယ်။ ကိုယ်ဘာတွေဖြစ်နေတယ်၊ ဘာဖြစ်ချင်တယ် ဆိုတာတွေကို ထုတ်ပြောနိုင်ရမယ်။ ဘယ်အသက်အရွယ်က မိန်းကလေးတိုင်းမဆို သူတို့ရဲ့စိတ်ခံစားချက်တွေကို ထုတ်ပြောရဲဖို့ လိုပါတယ်။

၄။ ငြင်းဆန်ခံရတိုင်း လက်မလျှော့နဲ့

150708160343-like-a-girl-video-super-tease.jpg 

လူတွေဆီက ငြင်းဆန်မှုတွေကို အကြိမ်ပေါင်းများစွာ ကြားနေရမှာပါ။ အဲ့တာက ကိုယ့်ရဲ့ ခံနိုင်ရည်စွမ်းကို စမ်းသပ်တာပဲ။ ငြင်းပယ်ခံရလို့ ကြိုးစားချဉ်းကပ်မှုတွေကို လျစ်လျူရှုလိုက်စရာ မလိုပါဘူး။ ဆက်လုပ်ပါ။ အောင်မြင်မှုကို ရဖို့အတွက် ငြင်းပယ်ခံရမှုတွေအောက်မှာ လက်မလျှော့လိုက်ပါနဲ့။

Source : Woman's Day

Share

Loading Next Article...
က္က