ကြည်လင်တဲ့ အသားအရေပိုင်ဆိုင်ဖို့ဆိုတာ အမျိုးသမီးတိုင်းရဲ့ အိပ်မက်လို့ဆိုနိုင်ပါတယ်။ အာရှနိုင်ငံတချို့နဲ့ အာဖရိကနိုင်ငံတွေက အမျိုးသမီးအများစုဟာ အသားမည်းမှာအကိုအရမ်းစိုးရိမ်ကြပါတယ်။ ပတ်ဝန်းကျင်ရဲ့ လှောင်ပြောင်ကဲ့ရဲ့မှုတွေ၊ အလှကုန်ကြော်ငြာတချို့ရဲ့ လွဲမှားတဲ့ အတွေးအခေါ်တွေကြောင့် အသားဖြူမှ လှတယ်လို့ ယူဆကြတာလည်းဖြစ်ပါတယ်။ အဲဒါကြောင့် အသားဖြူဖို့ skin care မျိုးစုံ သုံးကြရုံတင်မက၊ ဓာတုပစ္စည်းတွေကို ပါအသုံးပြုပြီး အသားရောင်ချွတ်တဲ့အထိလုပ်လာကြပါတယ်။
အသားအရောင်ချွတ်တယ်ဆိုတာဘာလဲ
အသားအရောင်ချွတ်တယ်ဆိုတာ အရေးပြားပေါ်မှာရှိတဲ့ မယ်လနင်ပါဝင်မှု၊ ထုတ်လုပ်မှုကို လျှော့ချတာပဲဖြစ်ပါတယ်။ မယ်လနင်ကြောင့် အသားအရောင်ဟာ အရေပြားပေါ်ကို နေရောင်ခြည် တိုက်ရိုက်မကျအောင် အကာအကွယ်ပေးပါတယ်။
အသားဖြူအောင် လုပ်တဲ့နည်းတွေ
အသားဖြူအောင် လုပ်တဲ့ နည်းလမ်းအမျိုးမျိုးရှိပါတယ်။ Chemical Peeling လုပ်တာ၊ အသားဖြူခရင်မ်လိမ်းတာ၊ လေဆာနဲ့ ကုသမှုခံယူတာတို့ဖြစ်ပါတယ်။
Chemical Peeling
အသားအရေ မညီညာမှုတွေအတွက် အက်ဆစ်အပျော့စားကို သုံးပြီး treatment လုပ်တာပါ။ Chemical peeling အတွက် Alpha Hydroxy Acids (AHA), Trichloroacetic acid (TCA)တို့ကို အများဆုံးအသုံးပြုပါတယ်။ အရေပြားပေါ်မှာရှိတဲ့ ဆဲအသေတွေကို ဖယ်ရှားပေးပြီး အသားကို အသစ်တဖန်ပြန်လည်မွေးဖွားခြင်းလည်းဖြစ်ပါတယ်။
အသားဖြူလိမ်းဆေးနဲ့ သောက်ဆေး
အသားဖြူခရင်မ်တွေနဲ့ သောက်ဆေးတွေ ပါလေ့ရှိတဲ့ hydroquinone ဆိုတဲ့ ဓာတုပစ္စည်းတစ်မျိုးဟာ အရေပြားပေါ်မှာရှိတဲ့ နေလောင်ဒဏ်၊ အမဲစက် စတာတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါပေမယ့် သူက အရေပြားယားတာ၊ နီတာ နဲ့ အသားခြောက်တာတွေ ဖြစ်တဲ့အတွက် ဒီဆေးကို အနောက်နိုင်ငံတချို့မှာ တားမြစ်ထားပါတယ်။
လေဆာကုသမှု
လေဆာနဲ့ကုသမှုက အပေါ်ယံအရေပြားကို ဖယ်ရှားတာ၊ မယ်လနင်ထုတ်ပေးတဲ့ ဆဲလ်ကို လေဆာနဲ့ ဖျက်ဆီးပစ်တာ ပဲဖြစ်ပါတယ်။ လေဆာကုသမှုရဲ့ ရလဒ်ကလည်း တခါတရံမှာ ယာယီပဲခံပြီး ကုသမှုအချိန်က နာရီဝက်ကနေ တနာရီအထိကြာပြီး နဂိုအသားအရေပြန်ဖြစ်ဖို့ နှစ်ပတ်လောက်အထိစောင့်ရတာဖြစ်ပါတယ်။