(၁) ဇယားတွေ၊ချပ်တွေ ဆွဲပြမယ်
ဖြစ်နိုင်ချေတွေကို ဒီလိုဇယားနဲ့ ဆွဲပြနိုင်ပါတယ်။ အဲလိုဆွဲပြတဲ့အခါ လုပ်ဖော်ကိုင်ဖက်တွေဆီက အကြံတွေ၊ မေးခွန်းတွေထွက်လာမယ်။ တခါတလေဆို ကိုယ့်ဇယားကို ကြည့်ပြီးသူတို့ အချင်းချင်းငြင်းနေကြလိမ့်မယ်။
(၂) ရာခိုင်နှုန်းတွေထည့်ပြောမယ်
ရာခိုင်နှုန်းတွေထည့်ပြောရင် အရင်ဆုံး ခေါင်းတော့ငြှိမ့်ကြလိမ့်မယ်။
(၃) နောက်ကို တလှမ်းဆုတ်ပြီး စဉ်းစားကြပါ
ပြဿနာကို အကုန်လုံးက ဝိုင်းဖြေရှင်းဖို့ကြိုးစားနေပြီး ရှေ့တက်လို့မရတဲ့အချိန်မှာ နောက်တလှမ်းဆုတ်ပြီး စဉ်းစားကြည့်ပါ။
(၄) ခေါင်းအဆက်မပြတ်ငြှိမ့်နေမယ်
မှတ်စရာ တစ်ခုခုယူသွားပါ။ အစည်းအဝေးမှာပြောတဲ့ အချက်တွေကို လိုက်မှတ်ရင်း ခေါင်းငြှိမ့်နေပါ။
(၅) လမ်းထလျှောက်ပါ
အစည်းအဝေးခန်းထဲ တစ်ယောက်ယောက်က ရုတ်တရက် လမ်းထလျှောက်ပြီဆိုရင် အဲဒီလူအပေါ်မှာ အလိုလျောက်တော့ ရှိန်သွားလိမ့်မယ်။ အခန်းထောင်တစ်နေရာကို လျှောက်သွားပြီး လက်ပိုက်စဉ်းစားနေမယ်ဆိုရင် တခြားလူတွေကတော့ ကိုယ်ဘာတွေ စဉ်းစားနေသလဲဆိုတဲ့ အတွေးတော့ ဝင်လိမ့်မယ်။
(၆) ရှေ့ကslideကို ပြန်သွားပါ
Presentation ပါဝင်တဲ့အစည်းအဝေးမှာ ရှေ့slide က အကြောင်းရာကို ပြန်သွားပြီး မေးခွန်းပါ။ ကိုယ်က အာရုံစိုက်ပြီးနားထောင်တယ်လို့ ထင်လိမ့်မယ်။
(၇) ဟာသလေးတွေညှပ်ပြောမယ်
လူတိုင်းက စိတ်ဖိစီးမှုတွေများနေတဲ့အချိန်မှာ ကိုယ်က ဟာသလေးတွေပြောတဲ့အတွက် ကိုယ်ပြောတဲ့အကြောင်းအရာကို သတိထားမိလာလိမ့်မယ်။