In partnership with  logo
"တခြားလူတွေ မလုပ်နိုင်တဲ့အရာတွေကိုလုပ်မှ မှတ်တမ်းဝင်မှာလေ"

တိုင်ပေက Pan Shiu-Yu ဆိုတဲ့ အားကစားမယ် စူပါဖွားဖွားရဲ့ စံချိန်ကတော့ တကယ်ပဲ လက်ဖျားခါလောက်ပါတယ်။ မီတာ ၁၀၀ ကို ၁၅ စက္ကန့်အတွင်း ပြေးနိုင်ဖို့ဆိုတာ အသက် ၈၁ နှစ်အရွယ် လူကြီးတစ်ဦးအတွက် မဖြစ်နိုင်ဘူးလေ။ ဒါပေမဲ့ Pan ကတော့ ဖြစ်အောင်လုပ်ပြခဲ့တယ်။ ပိုထူးခြားတာက ဒီစံချိန်ဟာ သူ့အသက် ၁၃ နှစ်မှာ တင်ထားခဲ့တဲ့ စံချိန်နဲ့ ၂ စက္ကန့်ပဲ ကွာတာဖြစ်ပါတယ်။

 

အသက် ၈၀ ကျော်လို့ မထင်ရဘဲ အသက် ၆၀ လောက်သာ ထင်ရတဲ့ Pan ဟာ နုပျိုရုံသာမက အသက် ၄၀ အရွယ်တွေထက်တောင် ပိုပြီး သွက်လက်နေတုန်းပါပဲ။ တောင်တွေတက်တယ်၊ စက်ဘီးစီးတယ်၊ တင်းနစ်ကစားတယ်။ အားကစားပွဲ ၁၁ ခုနဲ့ ထိုင်ဝမ်မှာတော့ စံချိန်တင် ဆုတွေရထားသူဖြစ်ပါတယ်။ အမြင့်ခုန်၊ သုံးဆင့်ခုန်နဲ့ အသက် ၆၀ ၊ ၇၀၊ ၈၀ တန်း မီတာ ၁၀၀ အပြေးမှာလည်း စံချိန်တွေရထားပါသေးတယ်။

 

" လူတိုင်းကတော့ ရိုးရှင်းတဲ့အရာတွေကို လုပ်နိုင်ကြတာပဲ။ မင်းကတော့ တခြားလူတွေ မလုပ်နိုင်တဲ့အရာတွေကို လုပ်ရမှာပေါ့။ အဲ့ဒီတော့မှ မင်းက မှတ်တမ်းဝင်မှာလေ" လို့ အသက် ၈၁ နှစ်အရွယ် အားကစားမယ်ကြီးက ပြောပါတယ်။

 

မနက် ၄ နာရီခွဲတာနဲ့ အိပ်ရာကထပြီး မနက်ခင်းလေ့ကျင့်ခန်းလုပ်တယ်။ လေ့ကျင့်ခန်းလုပ်တဲ့စင်တာကိုလည်း စက်ဘီးစီးပြီးတော့သွားတာ။ တင်းနစ်ရိုက်ပြီးရင် သူငယ်ချင်းတွေနဲ့ဆုံတယ်၊ နောက်ထပ် ၇ ကီလိုမီတာ ရွရွလေးပြေးတယ်။ နေပူပူ မိုးရွာရွာ ဒါတွေကို နေ့စဉ်လုပ်ပါသတဲ့။ မောင်နှမလေးယောက်မှာ အကြီးဆုံးဖြစ်တဲ့ Pan က အသက် ၁၂ နှစ်အရွယ်မှာ ဖခင်သေဆုံးသွားပြီးနောက် မိသားစုကို စောင့်ရှောက်လာခဲ့တာပါ။ မိသားစုဝင်တွေအတွက် role model ကောင်း တစ်ယောက် ဖြစ်ချင်တဲ့အတွက် ခုလိုကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

 

အားကစားလုပ်ရတာ ဝါသနာပါတဲ့ Pan ရဲ့ အရည်အချင်းကို ကျောင်းက ဆရာတစ်ဦးက သတိထားမိသွားတယ်။ ခြေဗလာနဲ့ Pan ရဲ့ ခြေထောက်တွေက အပြေးမြန်မယ်ဆိုတာ ဆရာကသိသွားပြီးသူ့ကို လေ့ကျင့်ပေးခဲ့တယ်။ အားကစားသမားဘဝ ရောက်လာပြီးမှ အသက် ၂၂ မှာ အိမ်ထောင်ကျတော့ အားကစားလုပ်တာကို နားထားခဲ့ရတယ်။ အသက် ၅၀ အရွယ်မှာတော့ ဒူးနှစ်ဖက်လုံး နာကျင်တဲ့ဒဏ်ကို ခံစားရတယ်။ ဆရာဝန်တွေက ခွဲစိတ်မှုလုပ်ဖို့ ပြောပေမဲ့ Pan က ငြင်းဆန်ခဲ့ပြီး အားကစားကို ပြန်လုပ်ခဲ့တယ်။ " အဆုံးသတ်မှာတော့ ကျွန်မနိုင်တယ်လေ။ ကျွန်မဒူးတွေက သဘာဝနည်းနဲ့ ပြန်ကောင်းလာတယ်။ ကျွန်မအရွယ်နဲ့ ပြေးနိုင်၊ ခုန်နိုင်တယ်။ ဒါမျိုးကို လူနည်းနည်းပဲ လုပ်နိုင်တယ်" လို့ Pan က ဂုဏ်ယူစွာနဲ့ ပြောပါတယ်။

Source : CNA

Share

Loading Next Article...
က္က