In partnership with  logo
အေအန်စီပါတီကို ဦးဆောင်ကာ တော်လှန်ရေးလှုပ်ရှားမှုတွေကို ရဲရဲကြီးဦးဆောင်ခဲ့တဲ့အတွက် သူ့ကိုထောက်ခံသူတွေက နိုင်ငံရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။
 

တောင်အာဖရိကနိုင်ငံ လူမျိုးရေးနဲ့ အသားရောင်ခွဲခြားမှုကို ဆန့်ကျင်ရေးမှာ နှစ်ရှည်လများ ရဲရဲတောက် ပါဝင်ခဲ့တဲ့ ဝင်နီမန်ဒဲလားဟာ ဧပြီလ ၂ရက်နေ့က ကွယ်လွန်သွားပါတယ်။

ကွယ်လွန်ချိန်မှာ အသက် ၈၁နှစ်ရှိပြီဖြစ်တဲ့ ဝင်နီမန်ဒဲလားဟာ အချိန်တော်ကြာ နာမကျန်းဖြစ်နေခဲ့တာဖြစ်ပြီး ဒီနှစ်အစောပိုင်းထဲက ဆေးရုံမှာ ဆေးကုသမှုခံနေရတယ်လို့ သူ့ပြောရေးဆိုခွင့်ရှိသူ ဗစ်တာ ဒလာမီနီကပြောပါတယ်။

 

ဝင်နီမန်ဒဲလားဟာ ခင်ပွန်းဟောင်း နယ်လ်ဆင်မန်ဒဲလား ထောင်တစ်သက်တစ်ကျွန်းကျခံရတဲ့အချိန်မှာ  နိုင်ငံရေးလောကထဲကို ဝင်ရောက်ခဲ့ပြီး လူမျိုးရေးနဲ့ အသားရောင်ခွဲခြားမှုတွေကို ဆန့်ကျင်တော်လှန်တဲ့ နိုင်ငံတကာပြယုဂ်တစ်ခုဖြစ်လာခဲ့ပါတယ်။ နောက်ပြီး အေအန်စီပါတီကို ဦးဆောင်ကာ တော်လှန်ရေးလှုပ်ရှားမှုတွေကို ရဲရဲကြီးဦးဆောင်ခဲ့တဲ့အတွက် သူ့ကိုထောက်ခံသူတွေက နိုင်ငံရဲ့မိခင်ကြီးလို့ တင်စားခေါ်ဝေါ်ခဲ့ကြပါတယ်။

ဒါပေမယ့် ဝင်နီမန်ဒဲလားဟာ ၁၉၈၀နှောင်းပိုင်းနှစ်တွေမှာ  လူဖြူအစိုးရကို သတင်းပေးတဲ့သူတွေအဖြစ်သံသယရှိသူတွေကို မီးရှို့ထားတဲ့ တာယာကို လည်ပင်းမှာ စွပ်ပြီး ညှဉ်းပမ်း သတ်ဖြတ်ခဲ့တဲ့ ကိစ္စမှာ ပါဝင်ခဲ့တယ်လို့ စွပ်စွဲခံရပါတယ်။

သူ့ရဲ့အစွန်းရောက်တဲ့ လုပ်ရပ်တွေကြောင့် ဝင်နီမန်ဒဲလားကို ထောက်ပြစရာတစ်ခုဖြစ်ခဲ့ပေမယ့် သူဟာ တောင်အာဖရိကလွတ်မြောက်ရေးမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေပါဝင်ခဲ့တဲ့ သူ့ရဲ့လှုပ်ရှားမှုတွေကတော့ သမိုင်းမှာ မှတ်ကျောက်တင်ခဲ့ပြီဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က