ဒီခေတ်မှာ ကိတ်မှ လှတယ်ထင်နေကြတော့ လေ့ကျင့်ခန်းတွေလုပ်၊ ပရိုတိန်းတွေသောက်လည်း တင်ပါးတွေ ကိတ်မလာလို့ စိတ်ညစ်ရတယ်ဆို မမိုက်ဘူးနော်။ လေ့ကျင့်ခန်းတွေ အသည်းအသန်လုပ်တာတောင် ခန္ဓာကိုယ်က ထူးခြားမလာဘူးဆိုရင် လွဲနေတာလေးတွေ ရှိလို့နေမှာ။ ဘယ်လို အလွဲတွေလဲဆိုတော့ ....
၁။ ကြွက်သားတွေပင်ပန်းလာအောင်မလုပ်ဘူး
ဝိတ်တုံးအသေးလေးတွေကို အကြိမ် ၃၀ လောက် မတာက ဝိတ်တုံးအလေးကြီးတွေကို မတာလောက်တော့ မထိရောက်ပါဘူး။ ကာယဗလမောင်တွေလို အရမ်းလေးလံတဲ့ ဝိတ်တွေကို မနေဖို့တော့ မလိုပေမဲ့ ဝိတ်အလေးတွေကို အသုံးဖို့တော့ လိုပါတယ်။ ဝိတ်တုံးအသေးလေးတွေနဲ့ အကြိမ် ၃၀ လုပ်မယ့်အစား ပိုလေးတဲ့ ဝိတ်တုံးတွေနဲ့ အကြိမ် ၂၀ လုပ်တာ အထိရောက်ဆုံးပါပဲ။ ခန္ဓာကိုယ် ပြောင်းလဲဖို့အတွက်ဆို သိသာတဲ့ဝိတ်တုံးကို သုံးရမယ်လေ။
၂။ Barbell Hip Thrust လေ့ကျင့်ခန်း
ဒီလေ့ကျင့်ခန်းအကြောင်း ကြားဖူးပြီးပြီလား။ တင်ပါးထွက်ဖို့အတွက် အထိရောက်ဆုံး လေ့ကျင့်ခန်းလည်းဖြစ်သလို တကယ်လည်း အားစိုက်ရတဲ့ လေ့ကျင့်ခန်းပါ။ ဝိတ်ပြားနှစ်ခုကို ဘယ်ညာချိတ်ပြီး တန်းကို ပေါင်နားမှာထား၊ တင်ပါးတွေကို အားစိုက်ညှစ်ပြီး လုပ်ရတဲ့လေ့ကျင့်ခန်းပါ။ ဒါကို မလုပ်ဖူးသေးဘဲနဲ့တော့ တင်ပါးတွေပုံစံမပြောင်းဘူးလို့ မပြောပါနဲ့ဦး။
၃။ အစားအသောက်
အစပိုင်းမှာ ပြောခဲ့သလို ပရိုတိန်းတွေ သောက်လို့လည်း မပြီးဘူး။ အစားအသောက်တွေ လိုသေးတယ်။ ကယ်လိုရီတွေ အလွန်အကျွံလျှော့ချလိုက်တာလည်း တင်ပါးတွေ လှလာဖို့ အထောက်အကူမဖြစ်ဘူး။ ဘာလို့လဲဆိုတော့ ကယ်လိုရီမလောက်ရင် ကြွက်သားတွေဖွံ့ဖြိုးဖို့ အနှောင့်အယှက်ဖြစ်စေတယ်လေ။