In partnership with  logo
MSA

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ်မှာ ကျင်းပတဲ့ လူငယ်အမျိုးသမီးဂေါက်သီးရိုက် ချန်ပီယံပြိုင်ပွဲ (Teens Giv.org Girls Junior Championship) မြန်မာလူငယ် မသင်းဝေခိုင်က ချန်ပီယံဆုကို ဆွတ်ခူးသွားခဲ့ပါတယ်။



အသက် (၁၅)နှစ်အရွယ် မသင်းဝေခိုင်က ဒီပွဲမှာ သတ်မှတ်ရိုက်ချက်ထက် ကိုးချက် လျှော့ရိုက်ပြီး သုံးရက်ပေါင်းရိုက်ချက် ၆၈+၆၉+၇ဝ=၂ဝ၇ ချက် ရိုက်ခဲ့တာဖြစ်ပါတယ်။

 

မသင်းဝေခိုင်ဟာ  အမေရိကန်နိုင်ငံရှိGary Gilchrist Golf Academy (GGGA) မှာ ဂေါက်ရိုက်အားကစားကို သင်ယူလေ့ကျင့်ခဲ့ပြီး ပြိုင်ပွဲမျိုးစုံ ဝင်ရောက်ယှဉ်ပြိုင်တဲ့ မြန်မာလူငယ် အမျိုးသမီး ကစားသမားတစ်ဦးဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ဖော်ပြထားပါတယ်။

"ဒီပြိုင်ပွဲမှာ ကျွန်မလုပ်ရိုးလုပ်စဉ်အတိုင်းပဲလုပ်ခဲ့ပါတယ်။ အကုန်လုံး အဆင်ပြေသွားတယ်။ ဘာမှအပြောင်းအလဲမရှိပါဘူး။ ပွဲပြီးတဲ့အခါမှာ ကိုယ့်ကိုကိုယ်ယုံကြည်မှုရရှိခဲ့ပြီး၊ အနေအထားလည်း ပိုကောင်းလာပါတယ်" လို့ ပြောကြောင်း Gary Gilchrist Golf Academy ကဖော်ပြထားပါတယ်။

PGA National Resort & Spa- Fazio Course Palm Beach Gardens ဂေါက်ကွင်းတွင် ၂ဝ၁၈ ခုနှစ် မတ် ၂၉ ရက်မှ ဧပြီ ၁ ရက်အထိ ကျင်းပခဲ့တဲ့၎င်းပြိုင်ပွဲသည် American Junior Golf Association (AJGA) မှဦးစီး ကျင်းပခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က