In partnership with  logo
ကျားက ဆိတ်ကိုလာဆွဲလို့ တုတ်တစ်ချောင်းကောက်ပြီး မောင်းထုတ်ခဲ့တာပါ။

အိန္ဒိယနိုင်ငံက သတ္တိခဲ ကောင်မလေးတစ်ယောက်ဟာ ကျားကြီးတစ်ကောင်ကို တုတ်တစ်ချောင်းနဲ့ ခုခံတိုက်ခိုက်ခဲ့ပါတယ်။ သူ့ရဲ့ဆိတ်ကို ကျားက တိုက်ခိုက်ခဲ့လို့ သူက ကျားကို တုတ်နဲ့ပြန်တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

 

မဟာရာရှတြာပြည်နယ်အနောက်ပိုင်းက အသက် ၂၃ နှစ်အရွယ် Rupali Meshram က ဆိတ်ရဲ့အော်သံကို ကြားလိုက်တဲ့အတွက် အိမ်ထဲကနေ ပြေးထွက်ပြီး တုတ်တစ်ချောင်းကို ကောက်ကိုင်ကာ ကျားကို ရိုက်နှက်ခဲ့တယ်လို့ ပြောပါတယ်။ ကျားက သူမကို ပြန်လည် အန္တရာယ်ပြုလာတာကိုလည်း သူက တုတ်နဲ့ပဲ ပြန်ခုခံခဲ့ပါသေးတယ်။ ကျားရဲ့ရန်ပြုမှုကြောင့် ဒဏ်ရာတွေရခဲ့ပေမဲ့ ကံကောင်းလို့ အသက်မသေခဲ့တာလို့ ဆရာဝန်တွေက ပြောပါတယ်။ အမေဖြစ်သူက သူမကို အိမ်ထဲကိုဆွဲသွင်းခဲ့လို့သာ သက်သာရာ ရသွားတာပါ။ အမေဖြစ်သူလည်း ဒဏ်ရာအနည်းငယ် ရသွားခဲ့ပါတယ်။

Meshram တို့ သားအမိ

 

ဆိတ်ကို ကယ်ဖို့အတွက် ကျားကိုတောင် အံတုခဲ့ကြတဲ့ အမျိုးသမီးနှစ်ဦးရဲ့ အားထုတ်မှုကတော့ မအောင်မြင်ခဲ့ပါဘူး။ ဆိတ်က ကျားကိုက်လို့သေသွားခဲ့ပါတယ်။ သူတို့သားအမိလည်း ဒဏ်ရာတွေရခဲ့ပေမဲ့ ခုတော့ ဆေးရုံကဆင်းလို့ရပါပြီ။

ဆရာဝန်တွေရဲ့ ဆေးမှတ်တမ်းမှာတော့ တောရိုင်းတိရစ္ဆာန်လို့ သုံးထားပါတယ်။

 

ကျားကြောင့်ဒဏ်ရာရခဲ့တဲ့ Meshram က သွေးတွေပေနေတဲ့ သူမရဲ့မျက်နှာကိုတောင် ဆယ်ဖီရိုက်ခဲ့ပါသေးတယ်။ သူမကို ဆေးကုပေးတဲ့ ဆရာဝန်တွေကတော့ Meshram ကို စံထားလောက်တဲ့ သတ္တိခဲဆိုပြီး ချီးကျူးနေကြပါတယ်။ ကျားကိုက်ခဲ့တဲ့အတွက် Meshram ရဲ့ ဦးခေါင်း၊ ခါး၊ ခြေထောက်နဲ့ လက်တွေမှာလည်း ဒဏ်ရာတွေ ရခဲ့တာဖြစ်ပါတယ်။

Source : BBC

Share

Loading Next Article...
က္က