In partnership with  logo

ဂျပန်ဆူမိုနပန်းပွဲမှာ လဲကျသွားတဲ့ အမျိုးသားကို ရှေးဦးသူနာပြုစုဖို့ ကြိုးဝိုင်းထဲ ဝင်သွားတဲ့ အမျိုးသမီးတွေကို အပြင်ထွက်ဖို့ ဒိုင်လူကြီး မောင်းထုတ်လိုက်ပါတယ်။



မိုင်ဇူရိုမြို့ မြို့တော်ဝန် ရီယိုဇို တာတာမီဟာ မိန့်ခွန်းပြောနေတုန်း လဲကျသွားတဲ့အတွက် ပြေးဝင်သွားတဲ့ အမျိုးသမီးတွေကို ထွက်သွားဖို့ ပြောတာဖြစ်ပါတယ်။

 

ဂျပန်ရိုးရာအားကစားနည်းတစ်ခုဖြစ်တဲ့ ဆူမိုနပန်းပြိုင်ပွဲမှာ ကြိုးဝိုင်းဟာ ရှေးရိုးစွဲအယူအဆအရ ဘုန်းတန်ခိုးကြီးတဲ့နေရာလို့ သတ်မှတ်တဲ့အတွက် အမျိုးသမီးတွေတက်မှာကို တားမြစ်ထားတာဖြစ်ပါတယ်။

ပြည်တွင်းသတင်းတချို့မှာ ကြိုးဝိုင်းထဲကို ဝင်တဲ့အမျိုးသမီးတွေကို ပရိသတ်က ဆားနဲ့ပက်တယ်လို့ ဖော်ပြထားပါတယ်။

ဂျပန်ယဉ်ကျေးမှုအရ ဆူမိုနပန်းပွဲမစမီ ဆားနဲ့ သန့်စင်အောင်ပက်တာဖြစ်ပါတယ်။ ဒါကြောင့် အမျိုးသမီးတွေအခုလို ကြိုးဝိုင်းထဲကို ဝင်တာဟာ ညစ်ညမ်းစေတယ်လို့ ယူဆတာကြောင့် ဆားနဲ့ပက်တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ အသက်ကယ်ဖို့ လာတဲ့သူကို အခုလို ဆားနဲ့ပက်တဲ့အတွက် တွစ်တာလူမှုကွန်ယက်ပေါ်မှာ ပြင်းပြင်းထန်ထန်ဝေဖန်ကြပါတယ်။

ဂျပန် နပန်းအဖွဲ့ချုပ်ဥက္ကဌ နိုဘိုယူရှီ ဟက်ကာကု ကတော့ ဒိုင်လူကြီးရဲ့ အခုလိုလုပ်ရပ်အပေါ်တောင်းပန်ကြောင်း ပြောလိုက်ပါတတယ်။

အဲဒီနောက်မှာ မစ္စတာတာတာမီကိုတော့ ဆေးရုံကို ပို့ဆောင်လိုက်တယ်လို့ သိရပါတယ်။

၂၀၀၀ခုနှစ်မှာလည်း အဲဒီအချိန်က အိုဆာကာ ဖူဆဲ အိုတာ ပြည်နယ်အုပ်ချုပ်ရေးမှူးအမျိုးသမီးက ဆုချီးမြှင့်ဖို့အတွက်ကြိုးဝိုင်းထဲ ဝင်ခွင့်တောင်းဆိုတာကို ငြင်းပယ်ခံခဲ့ရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က