In partnership with  logo
လက်လွှတ်စပယ် ပြောချလိုက်တဲ့ ပြစ်တင်စကားတွေဟာ အပြစ်မရှိတဲ့ မိန်းကလေးတစ်ဦးအဖို့တော့ ဘယ်လိုမှ နားဝင်ချိုမှာ မဟုတ်ပါဘူး။

မိန်းကလေးဆိုတာမျိုးက နေဝင်မိုးချုပ်တာနဲ့ အိမ်ပြင်မထွက်ရတော့ဘူးဆိုတဲ့ ထိန်းချုပ်တားမြစ်မှုတွေရဲ့ အောက်မှာ ကြီးပြင်းလာကြတဲ့ ကျွန်မတို့တွေဟာ ဒီခေတ်မှာတော့ ဒီစကားကို ငြင်းပယ်ဖို့ ဖြစ်နေပါပြီ။ ကျောင်းတက်၊ သင်တန်းတက်နေလို့ဖြစ်စေ၊ အလုပ်လုပ်နေလို့ဖြစ်စေ အိမ်ပြန်ချိန်တွေဟာ ပိုပြီးနောက်ကျလာရပါတယ်။ ရံဖန်ရံခါမှာဆိုရင် ပိုပြီးတော့တောင် နောက်ကျနေပါသေးတယ်။ အဲ့ဒီအတွက် လက်လွှတ်စပယ် ပြောချလိုက်တဲ့ ပြစ်တင်စကားတွေဟာ အပြစ်မရှိတဲ့ မိန်းကလေးတစ်ဦးအဖို့တော့ ဘယ်လိုမှ နားဝင်ချိုမှာ မဟုတ်ပါဘူး။

အလုပ်ဆင်းချိန်

30019970_2180237565322962_1980062395_n.jpg 

အလုပ်လုပ်နေရတဲ့ မိန်းကလေးတွေ အိမ်ပြန်နောက်ကျရခြင်းမှာလည်း အကြောင်းရင်းတွေကလည်း အမျိုးမျိုး ရှိကြတယ်။ ပထမဆုံးကတော့ အလုပ်ချိန်ပါ။ အလုပ်ဆင်းချိန်တွေဟာ ပျမ်းမျှအားဖြင့် ညနေ ၆ နာရီ ပတ်ဝန်းကျင်မှာ ရှိကြတယ်။ အဲ့ဒီအချိန်ဆိုတာကလည်း ညနေစောင်း နေဝင်ချိန် ဖြစ်နေပါပြီ။

အလုပ်တည်နေရာ

စက်ရုံတွေက ဒဂုံဆိပ်ကမ်း၊ လှိုင်သာယာ၊ ရွှေပြည်သာ စတဲ့ အစွန်ဘက်တွေမှာ ရှိကြပါတယ်။ မြို့ထဲဘက်နဲ့ အလှမ်းဝေးတဲ့ နေရာတွေမှာ အလုပ်လုပ်တယ် ဆိုရင်တော့ အသွားအပြန်မှာတင် အချိန်က ပိုကုန်သွားပါတယ်။ အလုပ် ၆ နာရီဆင်းပေမဲ့ အိမ်ရောက်ချိန်က ၇ နာရီလောက် ဖြစ်နေတတ်ပါတယ်။ အဲ့ဒီထက် ကြာတာမျိုးလည်း ရှိနိုင်ပါသေးတယ်။

သယ်ယူပို့ဆောင်ရေး

30180692_2180237571989628_1335811569_n.jpg 

အလုပ်တွေမှာ အကြိုအပို့ဖယ်ရီ စီစဉ်ပေးထားရင်တော့ အဆင်ပြေတာပေါ့။ ကိုယ့်အစီအစဉ်နဲ့ကိုယ် သွားရလာရတယ်ဆိုရင်တော့ အလုပ်ရှိတဲ့နေရာနဲ့ အိမ်ရဲ့ အကွာအဝေးပေါ် မူတည်ပြီးတော့ အိမ်ပြန်နောက်ကျတတ်တယ်။ အိမ်မှာပဲ နေရသူအဖို့ အလုပ်ဆင်းပြီး ပြန်လာတဲ့ မိန်းကလေးတစ်ယောက်ရဲ့ အိမ်ပြန်ချိန်က ည ၈ နာရီလောက် ဖြစ်နေတာကို ပြစ်တင်တာမျိုးလည်း တွေ့ဖူးတယ်။ စဉ်းစားကြည့်ပါ။ အလုပ်ကနေ မောမောပန်းပန်း ပြန်လာတဲ့ မိန်းကလေးတစ်ယောက်အဖို့ အိမ်ရောက်တာနဲ့ ဆီးကြိုပြစ်တင်ခံရမယ်ဆိုရင် သူ့အနေနဲ့ ဝမ်းနည်းစိတ်ဖြစ်လာမှာ သေချာပါတယ်။ အရွဲ့တိုက်ချင်စိတ် ရှိလာရင် အိမ်နဲ့ကတောက်ကဆ ဖြစ်တာမျိုးတွေ ရှိသေးတယ်။

ဘယ်လိုဖြေရှင်းကြမလဲ

o-women-in-workplace-facebook.jpg 

" အဲ့လောက်ဝေးနေရင် အလုပ်ပြောင်းလိုက်၊ အလုပ်ထွက်လိုက်" ဆိုတာတွေက ဖြေရှင်းနည်း အမှန်တော့ မဟုတ်ပါဘူး။ မိန်းကလေးတွေ ဆိုတာလည်း ယောက်ျားလေးတွေလိုပဲ ဘဝရည်မှန်းချက်တွေ ရှိကြတယ်။ မျှော်မှန်းချက် ပန်းတိုင်တွေ ရှိကြတယ်။ ကိုယ့်ခြေကိုယ်ရပ်ပြီး ပန်းတိုင်တစ်ခုရောက်ဖို့ ကြိုးစားနေသူအတွက် ခေတ်နဲ့ မလျှော်ညီတော့တဲ့ ထိန်းချုပ်တားမြစ်မှုတွေနဲ့ ကန့်သတ်တာမျိုး မလုပ်သင့်ပါဘူး။ နားလည်ပေးဖို့ လိုပါတယ်။ အိမ်ပြန်ချိန် နောက်ကျရင် ဖုန်းဆက်အသိပေးတာမျိုးနဲ့ ခရီးတစ်လျှောက် အဆက်အသွယ်မပြတ်အောင် မေးမြန်းနေတာမျိုးက ကူညီပေးရာရောက်ပါတယ်။ ကိုယ့်ရဲ့ သမီး၊ တူမ၊ ညီမတွေကို ထူးချွန်ထက်မြတ်တဲ့ မိန်းကလေးတွေအဖြစ် မြင်ချင်ရင်တော့ ကိုယ့်ဘယ်က နားလည်ပေးဖို့လည်း လိုပါတယ်။ မိန်းကလေးတွေဟာ အိမ်တွင်းအောင်းပြီး အရွယ်ရောက်လာရင် အိမ်ထောင်ပြုကြတဲ့ဓလေ့ဟာ လွန်ခဲ့တဲ့ ရာစုနှစ်တွေမှာ ကျန်ခဲ့ပါပြီ။ မဒီလေးတို့အနေနဲ့လည်း အိမ်ပြန်နောက်ကျမယ်ဆိုရင် အိမ်ကို ကြိုအသိပေးပါ၊ စိတ်ချလုံခြုံစွာနဲ့ အိမ်ပြန်ရောက်နိုင်မယ့် အပြန်လမ်းကိုလည်း စဉ်းစားထားဖို့ လိုပါတယ်။ အိမ်က စိတ်ပူတတ်တယ်ဆိုရင်လည်း အပြန်ခရီးမှာ တောက်လျှောက် အဆက်အသွယ်မပြတ်အောင် စကားပြောလာတာမျိုး မက်ဆေ့ပို့နေတာမျိုး လုပ်နိုင်ပါတယ်။ ပြီးတော့ ကိုယ့်နေရာကို အိမ်ကလူတွေသိအောင် share ထားတာမျိုး လုပ်ဖို့ အကြံပေးချင်ပါတယ်။

Share

Loading Next Article...
က္က