Gym ကစားတယ်ဆိုတာကိုယ့်ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက်အရေးကြီးတဲ့အလုပ်တစ်ခုဖြစ်တာကြောင့် ကိုယ်ကစား မယ့် Gym ကိုသေချာဂရုတစိုက်ရွေးချယ်သင့်ပါတယ်။
 

Gym ကစားတယ်ဆိုတာကိုယ့်ခန္ဓာကိုယ်နဲ့ ကျန်းမာရေးအတွက်အရေးကြီးတဲ့အလုပ်တစ်ခုဖြစ်တာကြောင့် ကိုယ်ကစား မယ့် Gym ကိုသေချာဂရုတစိုက်ရွေးချယ်သင့်ပါတယ်။

အဲဒီလိုရွေးချယ်တဲ့နေရာမှာ အဓိကထားပြီးကြည့်ရမှာတွေကတော့ သွားရလာရလွယ်တဲ့နေရာမှာ ရှိမှု၊ နေရာအကျယ် အဝန်း၊ လေ့ကျင့်ရေးစက်ပစ္စည်းတွေရဲ့ အရည်အသွေး၊ လေ့ကျင့်ပေးမယ့် Trainer တွေရဲ့ အဆင့်အတန်း၊ ကားပါကင်၊ အဝတ်လဲခန်း စတဲ့ Facility တွေပြည့်စုံကောင်းမွန်မှုရှိ၊မရှိ ဆိုတဲ့အချက်တွေနဲ့ ကုန်ကျစရိတ်တို့ပါပဲ။

ဒါကြောင့် ဒီအချက်တွေနဲ့ကိုက်ညီပြီး ရန်ကုန်မြို့ရဲ့ ကမ္ဘာ့အဆင့်မီ Gym တစ်ခုဖြစ်သလို လက်တလောမှာ ငွေကျပ် ၁ သိန်းကျော်အထိသက်သာနိုင်မယ့် ပရိုမိုးရှင်းလည်းရှိနေတဲ့ Training Ground The Premier Fitness Club အကြောင်း ပြောပြပေးချင်ပါတယ်။

Training Ground ဟာ စတုရန်းပေ ၈၀၀၀ ကျယ်ဝန်းပြီး ခေတ်မီသေသပ်တဲ့ အပြင်အဆင်ရှိတာကြောင့် Gym ကိုရောက်တာနဲ့ လေ့ကျင့်ခန်းလုပ်ရမှာပျင်းနေတဲ့သူတွေတောင် စိတ်ဓါတ်တက်ကြွ လာနိုင်တာကိုတွေ့ရမှာပါ။ ရန်ကုန်မြို့ရဲ့ အချက်အချာနေရာမှာတည်ရှိပြီး ကားအစီး ၂၀၀ ကျော်အထိအခမဲ့ရပ်နားနိုင်တဲ့ မြေအောက်ကားပါကင်ရှိတာကြောင့် ကားပါကင်အတွက်လည်းစိတ်ပူစရာ မလိုပါဘူး။

 

ကြမ်းခင်းပိုင်းမှာ ကမ္ဘာကျော် Sport Flooring အမှတ်တံဆိပ် Tinsue ကိုအသုံးပြုထားပြီး EV Professional အသံစနစ်နဲ့ မြူးကြွတဲ့ဂီတသံစဉ်တွေကြောင့် စိတ်ဓါတ်တက်ကြွစရာကောင်းတာအမှန်ပါပဲ။ Training Ground ရဲ့နောက်ထပ် အထင်ကြီးလောက်စရာ Facility တစ်ခုကတော့ Locker ခန်းတွေပါ။ သားနားကျယ်ဝန်းပြီး ခေတ်မီတဲ့ အပြင်အဆင်အပြင် အဆင့်မြင့်လုံခြုံရေးနည်းပညာတွေကိုပါ အသုံးပြုထားတာကိုတွေ့ရပါတယ်။ သော့တံတွေ၊ ကဒ်တွေနဲ့မဟုတ်ဘဲ လက်ကောက်ဝတ်မှာပတ်ထားလို့ရတဲ့ Sensor နည်းပညာသုံးလုံခြုံရေးစနစ်ကို အသုံးပြုထားတာ ကြောင့် ကိုယ်လေ့ကျင့်ခန်းလုပ်နေချိန်မှာ ကိုယ့်ရဲ့ပိုက်ဆံအိတ်၊ ဖုန်းနဲ့ အခြားတန်ဖိုးကြီးပစ္စည်းတွေအတွက် နောက်ဆံ တင်းနေဖို့ လုံးဝမလိုအပ်တော့ပါဘူး။ နောက်ပြီးအားကစားလုပ်သူတွေအတွက် ကျန်းမာရေးနဲ့အညီ သောက်သုံးနိုင်မယ့် Healthy Juice Bar ကလည်းအသင့်ရှိနေတာကြောင့် အဆင်ပြေပါတယ်။

 

Training Ground ဟာကမ္ဘာ့ထိပ်တန်းအမှတ်တံဆိပ်ဖြစ်တဲ့ Hammer Strength ရဲ့ တရားဝင်ခွင့်ပြုချက်ရ Training Center တစ်ခုဖြစ်ပါတယ်။ ဒါကြောင့် စက်ပစ္စည်းပိုင်းကိုကြည့်လိုက်မယ်ဆိုရင် Hammer Strength နဲ့ Life Fitness စက်တွေကိုချည်းပဲအသုံးပြုထားတာကိုတွေ့ရမှာပါ။နောက်ဆုံးပေါ်နည်းပညာမြင့်စက်တွေဖြစ်တာနဲ့အညီ ခန္ဓာကိုယ်မရွေး အစားမရွေးကစားနိုင်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းအလိုက် ကြွက်သားတစ်ခုချင်းစီအတွက် ထိရောက်အောင်လေ့ကျင့်နိုင်မှာ  ပဲဖြစ်ပါတယ်။

လေ့ကျင့်ပေးမယ့် Trainer တွေက နိုင်ငံတကာအဆင့်အတွေ့အကြုံရှိတဲ့အပြင် သက်ဆိုင်ရာဘာသာရပ်အလိုက် အသိအမှတ်ပြုလက်မှတ်တွေရရှိထားတဲ့ Trainer တွေပဲဖြစ်ပါတယ်။ Trainer အရေအတွက်ကလည်း လုံလုံ လောက်လောက်ရှိတာကြောင့် တစ်ဦးချင်းကို စနစ်တကျ အနီးကပ်သင်ကြားလေ့ကျင့်ပေးနိုင်ပါတယ်။ ဒီလိုစက်ပစ္စည်းပိုင်း အရရော၊ Trainer ပိုင်းအရပါ ကမ္ဘာ့အဆင့်မီတာကြောင့် လေ့ကျင့်တဲ့အချိန်မှာ ထိခိုက်မိမှာ၊ တစ်စုံတစ်ခုမှားယွင်း သွားမှာတွေကို လုံးဝစိတ်ပူဖို့ မလိုတော့ပါဘူး။

 

Training Ground မှာနောက်ထပ်ထူးခြားတာက လေ့ကျင့်ခန်းတွေချည်းပဲ လုပ်နေရလို့ပျင်းလာတယ်ဆိုရင်လည်း Yoga Class၊ Zumba Class၊ Hip Hop Cardio Class တို့လို အဖွဲ့လိုက် ပျော်ပျော်ပါးပါးလုပ်ဆောင်နိုင်မယ့် Class တွေ၊ လက်ဝှေ့ကို အားကစားနည်းတစ်ခုလို လေ့ကျင့်သင်ယူလိုသူတွေအတွက် Fight Class လို Class တွေလည်းရှိတာကြောင့် Gym သွားရမှာပျင်းနေတာမျိုးဖြစ်မှာ မဟုတ်တော့ပါဘူး။

ဒါတွေအပြင် နေ့စဉ်ဘဝကိုယ်ဟန်လှုပ်ရှားမှုတွေကို လွယ်လွယ်ကူကူလုပ်ဆောင်နိုင်ဖို့နဲ့ လေ့ကျင့်ခန်းလုပ်ရင်း ရုတ်တရက် ဖြစ်လာနိုင်တဲ့ အရိုး၊ အကြော၊ ကြွက်သားပိုင်းဆိုင်ရာ ဒဏ်ရာများနှင့် ပက်သတ်ပြီး ကာကွယ်နိုင်ရန်နှင့် ကုသပေးနိုင်ရန်အတွက် Health Professional, Physiotherapist တွေရှိတာကိုတွေ့ရပါတယ်။

Training Ground ကို မနက် ၆ နာရီကနေ ည ၁၀ နာရီအထိ ပိတ်ရက်မရှိဖွင့်လှစ်ပြီး တစ်ပတ် ကို  Calss ၂၅ ခု နဲ့ တစ်လကို Class ၁၀၀ ကျော်ရှိတာကြောင့် ကိုယ်အဆင်ပြေတဲ့အချိန်၊ အဆင်ပြေတဲ့နေ့ကိုသွားရောက်နိုင်တာကလည်း အားသာချက်ပါပဲ။

ကုန်ကျစရိတ်ရှုထောင့်ကကြည့်မယ်ဆိုရင်လည်း လက်ရှိအချိန်မှာ နှစ်သစ်ကူးအထူးအစီအစဉ်အနေနဲ့ OK $ နဲ့ပူးပေါင်းပြီး ငွေကျပ် ၁ သိန်းကျော်အထိသက်သာမယ့် ပရိုမိုးရှင်းပေးနေပါတယ်။ အဲဒီအစီအစဉ်အရ ဧပြီ၊ မေ၊ ဂျွန် ၃ လအတွင်း Trianing Ground ရဲ့ Gym Membership ဝယ်ယူတဲ့နေရာမှာ OK$ နဲ့ပေးချေတဲ့သူတွေကို နှစ်သစ်ကူးလက်ဆောင်အဖြစ် တစ်လစာဝယ်ယူရင် ငွေသား ၅ သောင်းကျပ်တိတိကိုပြန်လည်ပေးအပ်သွားမှာပါ။ တစ်ဦးကို ၃ လအထိဝယ်ယူခွင့်ရှိမှာဆိုတော့ တစ်လကို ၅ သောင်းနဲ့ ၃လစာ ၁ သိန်းခွဲထိသက်သာမှာဆိုတော့ တကယ့်ကို တန်တဲ့ ပရိုမိုးရှင်းပဲ ဖြစ်ပါတယ်။

ဒီအချက်တွေကြောင့်ပဲ Training Ground ကို ရန်ကုန်မြို့ရဲ့ ကမ္ဘာ့အဆင့်မီ Fitness Club တစ်ခုအဖြစ်ညွှန်းရတာ ဖြစ်ပါတယ်။ Training Ground ရဲ့လိပ်စာကတော့ Urban Asia Center ၊ No.10(H) ၊ ၄၈ လမ်းနဲ့ မဟာဗန္ဓုလ လမ်းထောင့်၊ ဗိုလ်တထောင်မြို့နယ်၊ ရန်ကုန်မြို့ဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကို ဖုန်းနံပါတ် - 09458887272 ကိုဆက်သွယ်ပြီးဖြစ်စေ၊ marketing@tgroundmm.com နှင့် sale@tg.com.mm  ကို email ပေးပို့ပြီးဖြစ်စေ ဆက်သွယ်စုံစမ်းနိုင်ပါတယ်။

Share

Loading Next Article...
က္က