ကောင်းမွန်တဲ့ နေ့ကလးထိန်းစနစ်
အလုပ်လုပ်တဲ့ မိခင်အများစုဟာ အလုပ်ချိန်အတွင်းမှာ သူတို့ရင်သွေးကို ပြုစုစောင့်ရှောက်မယ့် သူမရှိကြပါဘူး။ အထူးသဖြင့် အမျိုးသမီးတစ်ယောက်ဟာ ရာထူးကြီးပြီဆိုရင် အချိန်ပိုလုပ်ရတဲ့ အချိန်တွေနဲ့ တခြားတာဝန်တွေ ရှိလာတဲ့အတွက် မိခင်အများစုဟာ သူတို့ ကလေးကို အချိန်ပေးဖို့ တာဝန်သိပ်မများတဲ့ ရာထူးကိုပဲ ရွေးချယ်ကြပါတယ်။
ကောင်းမွန်တဲ့ နေ့ကလေးထိန်းစနစ်သာ ရှိမယ်ဆိုရင် အမျိုးသမီးတွေအတွက် ဒီထက်ကောင်းမွန်တဲ့ အလုပ်အကိုင်တွေ ပိုမို ရှာဖွေနိုင်မှာဖြစ်ပါတယ်။
ကောင်းမွန်တဲ့အလုပ်ခန့်အပ်မှု
အလုပ်ခေါ်တဲ့ကြော်ငြာတွေမှာ အမျိုးသမီးတွေအတွက် သင့်တော်တယ်ဆိုတဲ့ အချက်ကို ဖော်ပြတာ နည်းပါတယ်။ လေ့လာချက်တွေအရ အလုပ်ကြော်ငြာအများစုမှာ အမျိုးသမီးတွေထက် အမျိုးသားတွေအတွက် ပိုမိုစီလျော်တဲ့အချက်တွေကို ပိုမိုဖော်ကြပါတယ်။ အမျိုးသမီးတွေအတွက်ခေါ်တဲ့ အလုပ်တွေမှာဆို အရည်အချင်းထက်၊ အသက်၊ ရုပ်ရည် နဲ့ အိမ်ထောင်ရှိမရှိဆိုတဲ့ အချက်တွေကိုပဲ ဖော်ပြကြပါတယ်။
မီးဖွားခွင့်
အမျိုးသမီးတွေ လစာတန်းမရတဲ့အချက်တွေထဲမှာ မီးဖွားခွင့်ကလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လုပ်ငန်းရှင်တွေဘက်က ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ယောက် မီးဖွားခါနီးနဲ့ မီးဖွားပြီးအချိန်အလုပ်ကနေ ခေတ္တနားခွင့် ပေးကြပါတယ်။
မီးဖွားခွင့်ကို အမျိုးသမီးတွေသာ ခစားခွင့်ရှိပေမယ့် အိမ်ထောင်ရှင်အမျိုးသားတွေကို ခစားခွင့်ပေးတာမရှိသလောက်နည်းပါတယ်။ ဥရောပနိုင်ငံတချို့မှာ ဖခင်တွေရဲ့ မီးဖွားခွင့်ကို လစာမနှုတ်ပဲ ၂လကနေ၊ ၃လအထိ ပေးဖို့ တောင်းဆိုကြပါတယ်။
ဝန်ထမ်းခန့်အပ်မှု ရည်မှန်းချက်
ကုမ္ပဏီတချို့မှာ တစ်နှစ်ကို ဝန်ထမ်းအရေအတွက် ဘယ်နှယောက်ခန့်မယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။ ယူကေနိုင်ငံက Lloyds ဘဏ်လုပ်ငန်းမှာ ၂၀၂၀မှာ အကြီးတန်းရာထူးမှာ အမျိုးသမီး ၄၀ရာခိုင်နှုန်းဖြစ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်ရှိပါတယ်။ အကြီးတန်းအုပ်ချုပ်မှုအပိုင်းတွေမှာ အမျိုးသမီး အရေအတွက်နည်းနေသေးတယ်ဆိုပေမယ့် အမျိုးသမီးတွေအနေနဲ့ အလုပ်အင်တာဗျူးတွေ လာဖြေမယ်၊ ဖခင်တွေကို မွေးကင်းစကလေးတွေအတွက် ခွင့်ရက်ရှည်ပေးမယ်ဆိုရင် ခေါင်းဆောင်ပိုင်းနေရာတွေမှာ အမျိုးသမီးတွေ ပိုများလာနိုင်မှာဖြစ်ပါတယ်။
သင်ကြားပေးမှု
မန်နေဂျာ အဆင့်မှာ ဘက်လိုက်မှုတွေနည်းအောင် ဝန်ထမ်းတွေကို ကောင်းမွန်တဲ့ training ပေးသင့်တယ်လို့လုပ်ငန်းခွင်ပိုင်းမှာ ကျွမ်းကျင်သူတွေက အကြံပြုပါတယ်။ အကြီးတန်း ရာထူးမှာရှိတဲ့ သူတွေအနေနဲ့ အမျိုးသမီးတွေကို ရာထူးတက်နိုင်မယ့် အခွင့်အရေးတွေရှာဖွေဖို့ အားပေးသင့်ပါတယ်။
Share