In partnership with  logo
အီရတ်စစ်မြေပြင်မှာ တာဝန်ထမ်းဆောင်ခဲ့စဉ် ခြေနှစ်ချောင်းဆုံးရှုံးခဲ့ရတယ်။

အမေရိကန်အထက်လွှတ်တော်အမတ် Tammy Duckworth ဟာ မကြာသေးမီက သမီးတစ်ဦးကို မွေးဖွားလိုက်ပါတယ်။ အသက် ၅၀ အရွယ်ရှိ တမ်မီက လွှတ်တော်မှာ တာဝန်ထမ်းဆောင်စဉ် မီးဖွားလိုက်တဲ့အတွက် အမေရိကန်လွှတ်တော်သမိုင်းမှာ မှတ်တမ်းဝင်သွားခဲ့ပါတယ်။

 

ဒီမိုကရတ်ပါတီဝင် အီလီနွိုက်လွှတ်တော်အမတ်ဟာ သူမရဲ့ သမီးဖြစ်သူအမည်ကို တွစ်တာပေါ်ကတစ်ဆင့် ကြေညာခဲ့ပါတယ်။ ခင်ပွန်းဖြစ်သူရဲ့ အဒေါ်တော်စပ်သူ၊ ဒုတိယကမ္ဘာစစ်အတွင်း သူနာပြုအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူက ကလေးရဲ့အမည်ကို ပေးခဲ့တယ်လို့ တမ်မီက ရေးသားထားပါတယ်။ သူ့ရဲ့ tweet တွေမှာ မိသားစုနဲ့ ဆေးဘက်အဖွဲ့ကိုလည်း ကျေးဇူးတင်ကြောင်း ဖော်ပြခဲ့တယ်။

 

တမ်မီဟာ အရင်တုန်းက စစ်တပ်မှာ ရဟတ်ယာဉ်မောင်းအဖြစ်နဲ့ တာဝန်ထမ်းဆောင်ခဲ့ဖူးသူလည်းဖြစ်တယ်။ ၂၀၀၄ ခုနှစ်က အီရတ်စစ်မြေပြင်မှာ ရဟတ်ယာဉ်ပျက်ကျခဲ့ပြီးနောက် ခြေထောက်နှစ်ချောင်းလုံး ဖြစ်ခဲ့ရပါတယ်။ မသန်စွမ်း အမျိုးသမီးတစ်ဦး အမေရိကန်အထက်လွှတ်တော်မှာ ရွေးကောက်ခံရတာကလည်း ပထမဆုံးပါပဲ။

 

ယခုကလေးဟာ သူမရဲ့ ဒုတိယမြောက် ရင်သွေးလည်း ဖြစ်ပါတယ်။  ဒီကလေးကိုရဖို့အတွက် ဖန်ပြွန်သန္ဓေသားပေါင်းစပ်နည်း (IVF) ကို အကြိမ်ပေါင်းများစွာ သုံးခဲ့ပြီး ကိုယ်ဝန်လည်း တစ်ကြိမ်ပျက်ကျခဲ့ဖူးပါတယ်။

Source : BBC

Share

Loading Next Article...
က္က