နည်းပညာနယ်ပယ်ဆိုတာ အမျိုးသားတွေ ကြီးစိုးထားတဲ့ လုပ်ငန်းနယ်ပယ်တစ်ခု ဆိုပေမဲ့ အမျိုးသမီးတွေရဲ့ ကဏ္ဍတွေကလည်း မသေးပါဘူး။ နည်းပညာနယ်ပယ်ထဲမှာ ဦးဆောင်နေတဲ့ အမျိုးသမီးတွေလည်း ပိုတိုးလာနေပါပြီ။ ဒါဟာ ခုမှ မဟုတ်ပါဘူး။ နည်းပညာနယ်ပယ်ရဲ့ ကြီးမားတဲ့တီထွင်မှုတွေလည်း အမျိုးသမီးတွေက ပါဝင်ခဲ့တာ လွန်ခဲ့တည်း ရာစုနှစ်တွေတည်းကပါပဲ။
၁။ ကြိုးမဲ့နည်းပညာစနစ်
အမေရိကန်-သြစတြေးလျနွယ်ဖွား သရုပ်ဆောင် Hedy Lamarr ကို ကမ္ဘာ့အလှဆုံးအမျိုးသမီးအဖြစ်သတ်မှတ်ထားကြပါတယ်။ လှပချောမောတဲ့ မင်းသမီးတစ်ယောက်က ခုခေတ်အသုံးပြုနေတဲ့ Wi-Fi နည်းပညာစနစ်ကို စတင်ဖန်တီးခဲ့သူပါတဲ့လေ။ ပထမကမ္ဘာစစ်အတွင်းမှာ လာမားဟာ George Antheil နဲ့အတူ spread-spectrum raido ကို ပူးပေါင်းဖန်တီးခဲ့ပါတယ်။ အဲ့ဒီတီထွင်မှုဟာ ယနေ့ခေတ် ကြိုးမဲ့နည်းပညာစနစ်ရဲ့ ရှေ့ပြေးဖြစ်လာခဲ့ပါတယ်။
၂။ ကွန်ပျူတာဆော့ဖ်ဝဲ
ရေတပ်ဗိုလ်ချုပ်ကြီး ဒေါက်တာ Grace Hopper ဟာ သင်္ချာပညာရှင်၊ ရူပဗေဒပညာရှင်နဲ့ ပထမဆုံးကွန်ပျူတာဆော့ဖ်ဝဲကို ဖန်တီးရာမှာ ပါဝင်ကူညီပေးခဲ့သူပါ။ ၁၉၅၃ ခုနှစ်မှာ ကွန်ပိုင်လာ (compiler) လို့ ခေါ်တဲ့ ကွန်ပျူတာဆော့ဖ်ဝဲကို တီထွင်ခဲ့တယ်။ အဲ့ဒီအရာက လူတွေရဲ့ခိုင်းစေညွှန်ကြားမှုတွေကို ကွန်ပျူတာ source code တွေအဖြစ် ဘာသာပြန်ပေးနိုင်ပါတယ်။ အဲ့ဒီပရိုဂရမ်ကို လစာစာရင်းနဲ့ အလိုအလျောက်ဘီလ်ဖြည့်ခြင်းတို့လို စီးပွားရေးလုပ်ငန်းရဲ့လုပ်ဆောင်မှုတွေမှာ အသုံးပြုဖို့ဖန်တီးခဲ့တာပါ။
၃။ Programming Language
ကွန်ပျူတာ ပရိုဂရမ်စနစ်ကိုတော့ Ada Lovelace က တီထွင်ခဲ့ပါတယ်။ ကမ္ဘာကျော် ကဗျာဆရာကြီး Lord Byron ရဲ့ သမီးဖြစ်ပါတယ်။ ၁၈၀၀ ပြည့်နှစ်ကာလအလယ်ပိုင်းမှာ သူမက သင်္ချာပညာရှင် Charles Babbage နဲ့အတူ Analytical Engine ကို ဘာသာပြန်ဖို့ လုပ်ဆောင်ပေးခဲ့တယ်။ သူမရဲ့လုပ်ဆောင်မှုကို ၁၈၄၃ ခုနှစ်မှာ ထုတ်ပြန်ခဲ့ပြီး အဲ့ဒီအရာရဲ့အလုပ်လုပ်ပုံနဲ့ Berjoulli ကိန်းဂဏန်းတွေကို အဆင့်မြှင့်ပေးနိုင်မယ့် algorithm တစ်ခုကိုပါ တင်ပြခဲ့တယ်။ အဲ့ဒီ algorithm ကို ကမ္ဘာ့ပထမဦးဆုံး ကွန်ပျူတာပရိုဂရမ်အဖြစ် သတ်မှတ်ထားပါတယ်။
Source : National Geographic