အခုချိန်ရဲ့ ခါတော်မီ မုန့်ကို ပြောပါဆိုရင် မုန့်လုံးရေပေါ်ကိုပဲ အရင်ဆုံးတွေးမိကြတယ်ဟုတ်။ မုန့်လုံးရေပေါ်ထဲကို ငရုတ်သီးလေးတွေထည့်ပြီး ကျီစားရတာလည်း ပျော်စရာကောင်းပါတယ်။ အရမ်းစပ်တဲ့ ငရုတ်သီးတွေကိုတော့ မထည့်နဲ့ပေါ့။ ဒီလိုမျိုး အရမ်းစပ်တဲ့ ငရုတ်သီးတွေဆိုရင် ကမ္ဘာ့အစပ်ဆုံးစာရင်းဝင်လောက်အောင်စပ်တာမို့ စားမိရင် လူကိုဘေးဒုက္ခရောက်စေပါတယ်။ အရမ်းစပ်တာတွေစားရင် လျှာမှာ စပ်ရုံတင်မက ခေါင်းကိုက်၊ မူးဝေအော့အန်တာ၊ အသက်ရှုရပ်တာတွေပါ ဖြစ်သွားနိုင်ပါတယ်။
၁။ Dragon’s Breath
နဂါးငွေ့ငရုတ်သီးပေါ့။ ငရုတ်သီးရဲ့အစပ်ကို scoville အပူယူနစ်နဲ့ တိုင်းတာတဲ့အခါ Dragon’s Breath ငရုပ်သီးရဲ့ အစပ်က ၂,၄၈၀,၀၀၀ SHU ရှိပါတယ်။ ဂင်းနစ်စံချိန်မှာတော့ အစပ်ဆုံးအဖြစ် မှတ်တမ်းဝင်ထားတာပါ။ တစ်ကိုက် ကိုက်မိရုံနဲ့ ဆေးရုံရောက်သွားမယ့် ငရုတ်သီးမျိုးပါ။
၂။ Carolina Reaper
တောင်ကယ်ရိုလိုင်းနားက Smokin’ Ed Currie ဆိုတဲ့ လူတစ်ဦးက ဒီငရုတ်သီးကို စိုက်ပျိုးထုတ်လုပ်ပါတယ်။ မျိုးစပ်ပြီး စိုက်ပျိုးထုတ်လုပ်တာ ဖြစ်ပါတယ်။ ကင်းမြီးကောက်အမြီးနဲ့ အထိုးခံရသလို ပူစပ်လွန်းတယ်။ အစပ်နှုန်းက ၁,၄၀၀,၀၀ ယူနစ်ကနေ ၂,၂၀၀,၀၀၀ ယူနစ်အထိ ရှိပါတယ်။ အရှည်က ၁လက်မခွဲနဲ့ ၂လက်မကြား ရှိပါတယ်။ အစပ်စားပြိုင်ပွဲမှာ ဒီငရုတ်သီးစားပြီး ဝင်ပြိုင်တဲ့ အမျိုးသားတစ်ဦးကတော့ လည်ပင်းတွေနာ၊ ခေါင်းတွေကိုက်၊ မူးဝေအော့အန်လာလို့ ဆေးရုံရောက်သွားဖူးပါတယ်။
၃။ Komodo Dragon
ကိုမိုဒိုနဂါး ငရုတ်သီးတဲ့။ သူက တဖြည်းဖြည်းနဲ့အစပ်နှုန်းမြင့်တက်လာတဲ့ငရုတ်သီးမျိုးပါ။ ပုံစံက ၂ လက်မအရှည် ခပ်ပိန်ပိန်ပါပဲ။ အစပ်ယူနစ်က ၁,၄၀၀,၀၀၀ ကနေ ၂,၂၀၀,၀၀ အထိ ရှိပါတယ်။ အရမ်းစပ်တာကိုမှ စားချင်သူတွေက ဒီငရုတ်သီးကို တကူးတကဝယ်စားကြပါတယ်။
Source : Pepperscale