လမ်းလျှောက်ရင်း ဗိုက်ဆာလာရင် စတုဒီသာတွေ ဝင်ဆွဲလို့ရသေးတယ်။

ပိတ်ရက်တွေကလည်း ရောက်လာပြီ ၊ ချစ်သူနဲ့ တစ်ရက်လေးမှတောင် မခွဲချင်ဘူးဆိုရင် သင်္ကြန်တွင်း ဘယ်လိုစီစဉ်ထားလဲ။ ဘာတွေလုပ်ဖို့ရှိလဲ။ ချစ်သူနဲ့အတူ သင်္ကြန်ကာလကို ဖြတ်သန်းဖို့ ဒါလေးတွေလုပ်လို့ရတယ်လေ။

၁။ ခရီးထွက်ပါ

couple-travel.jpeg 

သင်္ကြန်မလည်ချင်ဘူးဆိုရင် ခရီးသွားကြပါလား။ အလုပ်က သင်္ကြန်မုန့်ဖိုးလေးဘာလေးလည်း ရထားမယ်ဆိုရင်တော့ ခရီးသွားကြတာ အကောင်းဆုံးပါပဲ။ ကိုယ့်ဘတ်ဂျတ်အနေအထားကိုလိုက်ပြီး ပြည်ပနိုင်ငံတွေကို လည်ပတ်တာကောင်းပါတယ်။

၂။ Spa သွားပါ

ချွေးထုတ်ခန်းက သင်္ကြန်တွင်း ဖွင့်မယ်လို့ကြားတယ်။ ချွေးထုတ်ခန်းမှာ တစ်နေကုန်သွားနေလို့လည်းရတယ်။ ဖတ်စရာစာအုပ်လေးတွေ၊ ကြည့်စရာဇာတ်ကားလေးတွေကို ကွန်ပျူတာ/ဖုန်းထဲထည့်သွားပေါ့။ အေးအေးဆေးဆေး အနားယူလို့ရတယ်။ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အိမ်တစ်အိမ်မှာစုပြီး စားကြသောက်ကြရင်း ဇိမ်ယူလို့လည်းရတာပဲ။

၃။ ပရဟိတအလုပ်လုပ်ပါ

images.jpg 

ကုသိုလ်ရေးအတွက် အတူတူလုပ်ကြမယ်ဆိုရင် ပရဟိတလုပ်လို့ရတာပဲ။ ရိပ်သာတွေ ဓမ္မာရုံတွေမှာ လုပ်အားပေး လိုပါတယ်။ အဲ့ဒီမှာ ဝေယျာဝစ္စ ကူလုပ်လို့ရတယ်။ နောက်ပြီးတော့ သင်္ကြန်စတုဒီသာမဏ္ဍပ်တွေမှာ ကူညီပေးလို့ရတယ်။ အမှိုက်ကောက်တဲ့အဖွဲ့တွေနဲ့အတူ သဘာဝပတ်ဝန်းကျင်သန့်ရှင်းရေး အတူလိုက်လုပ်လို့ရတယ်။

၄။ အနာဂတ်အတွက်စီစဉ်ပါ

လက်ထပ်ဖို့အတွက် နီးကပ်နေပြီဆိုရင်တော့ အတူတူနေဖို့အတွက် ပြင်ဆင်တာတွေ လုပ်သင့်တယ်။ အတူနေဖို့အိမ်ကို ရှင်းလင်းတာမျိုး၊ အိမ်ဆေးသုတ်တာ၊ အိမ်တွင်းအလှဆင်တာတွေ၊ ခြံထဲ အပင်စိုက်တာမျိုးတွေ လုပ်လို့ရတယ်။ ပြီးတော့ အသုံးအဆောင်ပစ္စည်းတွေကို ပြင်ဆင်လို့ရတယ်။ ငွေရေးကြေးရေး အသုံးစရိတ်တွေကို တွက်ချက်တာမျိုးတွေ လုပ်နိုင်ပါတယ်။ မျက်နှာကောင်းရချင်ရင်တော့ ကိုယ့်ချစ်သူရဲ့ မိဘတွေဆီ အလည်သွားတာမျိုး လုပ်သင့်တယ်။

၅။  သင်္ကြန်လည်ပါ

29995759_2173859902627395_1602121411_o.jpg 

တစ်နှစ်မှာတစ်ခါပဲကြုံရတဲ့သင်္ကြန်ဆိုတော့ သင်္ကြန်လည်ပါ။ (ပြောမယ့်ပြောတာ ခုတည်းက ဘာတွေဝတ်မယ်၊ ဘယ်လိုတွေကဲမယ်လို့ ကြိုစီစဉ်တဲ့လူတွေက စီစဉ်ပြီးနေလောက်ပါပြီ)။ မဏ္ဍပ်မထိုင်ချင်ဘူး၊ ကားနဲ့မလည်ချင်ဘူးဆိုရင် လမ်းလျှောက်သင်္ကြန်လေးတော့ အတူသွားလို့ရတယ်။ ပိုက်ဆံလည်းမကုန်ဘူးလေ။ လမ်းလျှောက်ရင်း ဗိုက်ဆာလာရင် စတုဒီသာတွေ ဝင်ဆွဲလို့ရသေးတယ်။ ပျော်စရာကောင်းပါတယ်။

Share

Loading Next Article...
က္က