In partnership with  logo
 ဒစ္စကို ကရုဗ် လို့ခေါ်တဲ့ အဲဒီရေခဲတုန်းလေးတွေကို ဟင်းသီးဟင်းရွက်၊ အသီးအနှံ နဲ့ ပန်းတွေကို သုံးပြီး ပုံဖော်တာဖြစ်ပါတယ်။
 

နှင်းဆီပန်း၊ လာဗန်ဒါပန်းလေးတွေထည့်ထားတဲ့ ရေခဲလေးတွေ နဲ့ ကောက်တေးလ်သောက်ဖူးပါသလား။

အသက် ၂၆နှစ်အရွယ် Leslie Kirchoff က ကောက်တေးလ်ထဲမှာ ထည့်သောက်တဲ့ အလှရေခဲလေးတွေကို လုပ်ပါတယ်။

ဖန် နဲ့ လက်မှုပစ္စည်းတွေကို ပုံဖော်တဲ့ အနုပညာရှင် Paul Stankard ရဲ့ အလှ စက္ကူဖိဝိတ်တုန်းလေးတွေရဲ့ပုံစံအတိုင်း ရေခဲနဲ့ ပြန်ပြီး အသက်ဝင်အောင် ပုံဖော်ထားတာလည်းဖြစ်ပါတယ်။

 

 ဒစ္စကို ကရုဗ် လို့ခေါ်တဲ့ အဲဒီရေခဲတုန်းလေးတွေကို ဟင်းသီးဟင်းရွက်၊ အသီးအနှံ နဲ့ ပန်းတွေကို သုံးပြီး ပုံဖော်တာဖြစ်ပါတယ်။

Leslie ဟာ နယူးယောက်ခ် တက္ကသိုလ်မှာ ဒီဂျေပညာကို သင်ယူခဲ့တာဖြစ်ပါတယ်။ တက္ကသိုလ်ကျောင်းသူဘဝမှာ နယူးယောက် ဆိုဟိုအရပ်က ဘားတစ်ခုမှာ ကောက်တေးသောက်တုန်းက အဲဒီကောက်တေးထဲမှာ ပါတဲ့ ရေခဲမှာ လာဗန်ဒါပန်း ဝတ်ဆံနဲ့ ပုံဖော်ထားတာတွေ့ပြီး စိတ်တိုင်းမကျဖြစ်ခဲ့ပါတယ်။

See also

သူငယ်ငယ်က ဝစ္စကွန်စင်ပြည်နယ်မှာ ဆောင်းရာသီ ရေကန်ထဲက ငါးတွေခဲနေတာကို နမူနာယူကြီး အလှရေခဲလေးတွေကို သူကိုင်တိုင် စမ်းပြီးလုပ်ကြည့်ရင်း နောက်ပိုင်းမှာ စီးပွားဖြစ်လုပ်ကိုင်လာတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလက လော့စ်အိန်ဂျလိစ်မြို့ကို ပြောင်းလာပြီး ဒစ္စကို ကရုဗ် ရေခဲတုန်းလေးတွေကို စတင်ခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ ရေခဲတုန်းလေးတွေကို နယူးယောက်က Botanica စားသောက်ဆိုင်တစ်ခုထည်းမှာပဲ ရရှိပါတယ်။

Share

Loading Next Article...
က္က