In partnership with  logo
လက်သရမ်းတဲ့လူက ဘာပဲဝတ်ဝတ် လက်သရမ်းမှာပဲ၊ ငြိမ်ခံနေရင် ပိုရောင့်တက်လာသေးတယ်

လူများတဲ့နေရာတွေသွားရင် တချို့ယောက်ျားတွေက လက်သရမ်းကြတယ်။ မိန်းကလေးတွေကို အိနြေ္ဒပျက်အောင် ပါးစပ်နဲ့အရသာခံ ပြောကြတာမျိုး၊ ကိုယ်ထိလက်ရောက် စော်ကားသွားတာမျိုးတွေ ရှိကြတယ်။ နေရာတိုင်းမှာတော့ ဒီလိုလူမျိုးတွေ ရှိနေမှာမဟုတ်ပေမဲ့ ကိုယ့်ကိုယ်ကိုယ် ဒီလိုအခြေအနေတွေကနေ ကာကွယ်ထားတာတော့ အကောင်းဆုံးပါပဲ။

Photo : Global New Light of Myanmar

 

၁။ တစ်ယောက်တည်းမသွားပါနဲ့။ သင်္ကြန်မှာ တစ်ယောက်တည်းလည်တာထက် သူငယ်ချင်းတွေနဲ့လည်တာက ပိုလုံခြုံပါတယ်။ အကူအညီလိုရင်လည်း ချက်ချင်းရနိုင်တယ်။

၂။ တစ်ယောက်တည်းသွားမယ်ဆိုရင် ငြုပ်ကောင်းစပရေးဘူး ဆောင်သွားပါ။ ခုခံကာကွယ်နည်းတွေကို လေ့လာထားပါ။ ကိုယ်ရောက်နေတဲ့ နေရာကို အုပ်ထိန်းသူတွေနဲ့ သူငယ်ချင်းတွေကိုလည်း ပြောထားပါ။ 

၃။ ငြိမ်မခံပါနဲ့။ ငြိမ်ခံရင် တချို့က ပိုရောင့်တက်လာတတ်ပါတယ်။ အစိုးရက ထုတ်ပြန်ထားတဲ့ တိုင်ကြားလို့ရမယ့်ဖုန်းနံပါတ်တွေ ရှိပါတယ်။ ဆက်သွယ်တိုင်ကြားသင့်တယ်။

၄။ အသိပေးပါ။ ကိုယ့်သူငယ်ချင်းတွေကို အသိပေးပြီးရင် သက်ဆိုင်ရာကို တိုင်ကြားသင့်ပါတယ်။ သင်္ကြန်မဏ္ဍပ်တွေမှာ လုံခြုံရေးယူထားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ ရှိပါတယ်။ သူတို့ကို တိုင်လို့ရတယ်။ ရဲတွေမရှိလည်း ရပ်ကွက်ကတာဝန်ယူထားတဲ့ လုံခြုံရေးတွေရှိပါတယ်။

၅။ ကိုယ့်ရဲ့နားနဲ့မျက်စိကို သတိထားနေပါ။ မိန်းကလေးတွေမှာ မသမာသူဆိုရင် စိတ်ထဲက အလိုလိုခံစားမိနေတဲ့ အသိစိတ်မျိုး ရနေတတ်တယ်။ အဲ့လိုဆိုရင် ဝေးဝေးနေလိုက်ပါ။ အပျော်လွန်ပြီး ဘာကိုမှ သတိမထားမိတာမျိုးလည်း မဖြစ်ပါစေနဲ့။

Share

Loading Next Article...
က္က