In partnership with  logo
ဒီလောက်နဲ့ ရပ်တန့်လို့တော့ မရသေးပါဘူး။ ဒီ့ထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့လည်း လိုပါသေးတယ်။

အမျိုးသမီးဝါဒီရဲ့ အခြေခံ သဘောတရားက ကျား၊မ တန်းတူညီမျှမှု ရဖို့ပါပဲ။ နှောင်းခေတ်ကာလတုန်းက အမျိုးသမီးတွေဟာ ခွဲခြားဖိနှိပ်မှုတွေနဲ့ ရှင်သန်ခဲ့ရပါတယ်။ ယနေ့ခေတ်မှာတော့ အမျိုးသမီးတွေရဲ့ တိုးတက်မှုက အများကြီး အားကောင်းလာပါပြီ။ အဲ့ဒီလိုဖြစ်လာအောင်လည်း အမျိုးသမီးတွေကပဲ ဦးဆောင်ကြိုးပမ်းခဲ့ကြရတာပါ။ ကိုယ်ကိုယ်တိုင်ကလည်း ခေတ်ကာလအမျိုးသမီးတစ်ဦးဖြစ်တဲ့အတွက် မဒီကတော့ ဂုဏ်ယူပါတယ်။

၁။ တန်းတူညီမျှမှု

22march8-superJumbo.jpg 

ကျား၊မ တန်းတူညီမျှရေးအတွက်တော့ အားလုံးက ကြိုးစားနေကြတုန်းပါပဲ။ လုပ်ခလစာပိုင်းမှာတော့ တန်းတူညီမျှမှုရှိရေးဟာ ပိုပိုပြီး နီးကပ်လာပါတယ်။ အိုက်စ်လန်မှာဆိုရင် အမျိုးသမီးတွေကို အမျိုးသားတွေအောက် လစာလျှော့ပေးရင် ဥပဒေအရ အရေးယူခံရမှာပါ။

၂။ ဖိနှိပ်မှုတွေကို တွန်းလှန်လာတယ်

ခေတ်ရဲ့ ပွင့်လင်းမြင်သာမှု၊ တိုးတက်မှုတွေက လူကြီးတွေရဲ့ ရှေးရိုးစွဲအယူတွေကို တဖြည်းဖြည်းလျော့လာစေပါတယ်။ ဒါပေမဲ့ ဖွံ့ဖြိုးမှု အားနည်းတဲ့ ဒေသတွေမှာတော့ အမျိုးသမီးတွေဟာ ဖိနှိပ်ခွဲခြားခံရတုန်းပါပဲ။ အဲ့ဒီအတွက်လည်း အသိပညာပေးမှုတွေမှာ ပါဝင်သင့်ပါတယ်။

၃။ ခေါင်းဆောင်နေရာ

r1744095_27339419.jpg

Photo - ABC.au

 

အမျိုးသမီးတွေဟာ ကဏ္ဍ အသီးသီးမှာ ခေါင်းဆောင်ပိုင်း နေရာတွေကို ရယူထားနေကြပါပြီ။ မြန်မာနိုင်ငံမှာဆိုရင်လည်း နိုင်ငံအကြီးအကဲဟာ အမျိုးသမီးတစ်ဦး ဖြစ်နေတာ ဂုဏ်ယူစရာကောင်းပါတယ်။ စီးပွားရေး၊ နည်းပညာ၊ သိပ္ပံနဲ့သုတေသန၊ အားကစား စတဲ့  ကဏ္ဍအစုံမှာ အမျိုးသမီးတွေရဲ့ ပါဝင်မှုတွေ ပိုများလာပြီးနောက် ခေါင်းဆောင်ပိုင်းတွေကိုလည်း ပိုမိုလုပ်ဆောင်လာနိုင်ကြပါတယ်။

၄။ ဥပဒေရဲ့အကာအကွယ်

မြန်မာနိုင်ငံမှာတော့ အမျိုးသမီးတွေကို ကာယအိနြေ္ဒပျက်ပြားအောင်လုပ်ရင်၊ ကိုယ်ထိလက်ရောက် စော်ကားရင် ဥပဒေအရ တရားစွဲလို့ ရပါတယ်။ တချို့နိုင်ငံတွေမှာဆိုရင်လည်း အမျိုးသမီးတွေကို ဥပဒေအရ အများကြီးကာကွယ်ပေးထားတယ်။ ဒါ့အပြင် လူမှုအဖွဲ့အစည်းတွေကလည်း ပါဝင်ကူညီပေးကြပါတယ်။ အဲ့ဒီလိုကူညီနေသူတွေထဲမှာ ကိုယ်လည်း ပါဝင်နိုင်ပါတယ်။

၅။ အမျိုးသမီးတွေရဲ့အားထုတ်မှု

28619175_1633651786671811_6212157222755129576_o.jpg

၂၀၁၈ နိုင်ငံတကာအမျိုးသမီးများနေ့အခမ်းအနားမှ သရုပ်ပြမှုတစ်ခု

 

လွန်ခဲ့တဲ့ ရာစုနှစ်တွေတည်းကစလို့ အမျိုးသမီးတက်ကြွလှုပ်ရှားသူတွေ၊ ဦးဆောင်သူတွေဟာ ရှိခဲ့ပါတယ်။ ဖိနှိပ်မှုတွေကို တွန်းလှန်ပြီး အမျိုးသမီးတွေရဲ့အခွင့်အရေး၊ ရပိုင်ခွင့်အတွက် လှုပ်ရှားခဲ့ကြတာပါ။ အနစ်နာခံ စွန့်လွှတ်ခဲ့တဲ့ အမျိုးသမီးတွေဟာ ယနေ့ခေတ်မှာလည်း ပိုမိုပေါ်ထွက်လာနေကြပါတယ်။ အမျိုးသမီးတွေရဲ့ဘဝတွေ ပိုမိုကောင်းမွန်လာဖို့၊ စိတ်ခွန်အား လူခွန်အား ပြည့်ဝဖို့ အချင်းချင်း ကူညီဖေးမမှုတွေလည်း ရှှိနေကြပါပြီ။ ဒါပေမဲ့ ဒီလောက်နဲ့ ရပ်တန့်လို့တော့ မရသေးပါဘူး။ ဒီ့ထက်ပိုပြီး စည်းစည်းလုံးလုံးနဲ့ ဆက်လက်လုပ်ဆောင်သွားဖို့လည်း လိုပါသေးတယ်။

Share

Loading Next Article...
က္က