In partnership with  logo
“’ဒီရောဂါကြောင့် ကျွန်မမြတ်နိုးတဲ့ အနုပညာကို ထိခိုက်မှာ စိုးတယ်”
 

ကမ္ဘာကျော်ပေါ့ပ်ဂီတအဆိုရှင် မာရိုင်ယာကာရေး ဟာ သူ့မှာ Bipolar Disease လို့ခေါ်တဲ့ စိတ်ကစဉ့်ကလျား ဖြစ်တဲ့ရောဂါရှိတယ်ဆိုတဲ့အကြောင်း ဒီအပတ်သောကြာနေ့မှာထွက်မယ့် People’s မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာဝန်ခံသွားပါတယ်။

အဲဒီအင်တာဗျူးမှာ မာရိုင်ယာကာရေးက ဒီရောဂါနဲပတ်သက်ပြီး သူဘာကြောင့် အရင်က လျှို့ဝှက်ထားခဲ့တဲ့အကြောင်းကို ပြောပါတယ်။

“ဒီရောဂါကြောင့် ကျွန်မမြတ်နိုးတဲ့ အနုပညာကို ထိခိုက်မှာ စိုးတယ်”လို့ သူကပြောပါတယ်။

မာရိုင်ယာကာရေးဟာ ၂၀၀၁ခုနှစ်မှာ သူ့မှာ ဒီရောဂါခံစားနေရတယ်ဆိုတာကို စတင်သိရှိခဲ့တာဖြစ်ပါတယ်။  

မစ္စကာရေးဟာ သူ့ရောဂါအခြေအနေပေါက်ကြားမှာကို အမြဲစိုးရိမ်ခဲ့ရတာကြောင့် နောက်ဆုံးမှာ ဖွင့်ပြောဖို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ အခုအခါမှာတော့ သူဟာ Bipolar II disorder စိတ်အတက်အကျမြန်လွန်းတဲ့ရောဂါနဲ့ တခြားလက္ခဏာတွေကြောင့် လိုအပ်တဲ့ ကုထုံးနဲ့ ကုသမှုကို ခံယူနေရပါတယ်။

ဒီဘက်ခေတ်မှာတော့ ဟောလိဝုဒ်အနုပညာရှင်တွေစိတ်ဝေဒနာခံစားနေရကြောင်း ထုတ်ဖော်ပြောတာ မကြာခဏကြားလေ့ရှိပါတယ်။ ပြီးခဲ့တဲ့နှစ်က နာမည်ကျော်တေးသံရှင် John Legend ရဲ့ ဇနီးဖြစ်သူ Chrissy Teigen က စိတ်ကျရောဂါခံစားနေရတဲ့အကြောင်း Glamour မဂ္ဂဇင်းမှာ ပြောခဲ့ပါတယ်။ ပေါ့အဆိုရှင် Selena Gomez စိတ်ပူပန်မှုနဲ့ စိတ်ကျရောဂါခံစားနေရကြောင်း Vogue မဂ္ဂဇင်းမှာပြောခဲ့ပါတယ်။

See also 

မာရိုင်ယာကာရေးဟာ ၁၉၉၀၀န်းကျင်ခေတ်မှာ နာမည်ကျော်ခဲ့တဲ့ အဆိုတော် တစ်ဦးအနေနဲ့ အခုလို ထုတ်ဖော်ဝန်ခံတာဟာ ဒီရောဂါအပေါ်အထင်အမြင်သေးမှု၊ အထီးကျန်မှုတွေကို သူ့လိုပဲ Bipolar ရောဂါခံစားနေရတဲ့ ဝေဒနာရှင်တွေ မကြုံတွေစေချင်လို့ အခုလို ပြောဆိုလိုက်ခြင်းဖြစ်တယ်လို့ ပြောပါတယ်။

မာရိုင်ယာ ကာရေးဟာ ဂီတထူးချွန်ဆု ဂရမ်မီဆု ၅ကြိမ်ရရှိခဲ့ပြီး ၃၄ကြိမ် ဆုစာရင်းထဲမှာ ပါခဲ့တာဖြစ်ပါတယ်။

 

Source: New York Times

Share

Loading Next Article...
က္က