In partnership with  logo
ဒီခန့်အပ်ခံရမှုဟာ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်ပိုင်းနေရာကိုသိမ်းပိုက်နေခြင်းရဲ့ ကြီးမားတဲ့မှတ်တိုင်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

အားကစားနယ်ပယ်ဆိုတာ သိကြတဲ့အတိုင်း အမျိုးသားတွေ အဓိကရှိကြတဲ့နေရာပါ။ အားကစားနည်းတွေထဲမှာတော့ ဘောလုံးအားကစားကို အားကစားနည်းတွေအားလုံးရဲ့ဘုရင် (King of Sports) လို့ ခေါ်ကြတယ်။ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (FIFA) ဟာ Fatma Samba Diouf Samoura ကို အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်လိုက်ပါတယ်။



 

Samoura ဟာ ဆီနီဂေါနိုင်ငံသူဖြစ်ပြီး ခုဆို အသက် ၅၅ နှစ် ရှိပါပြီ။ ၂၀၁၆ ခုနှစ်မှာ ဖီဖာရဲ့ အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ခံရပြီး ယနေ့ထိ တာဝန်ထမ်းဆောင်နေပါတယ်။ သူမကို ခန့်အပ်ဖို့အတွက် ဖီဖာဥက္ကဌ အင်ဖာတီနိုက ထောက်ခံခဲ့ပါတယ်။

ဒီခန့်အပ်ခံရမှုဟာ အမျိုးသမီးတွေရဲ့ ခေါင်းဆောင်ပိုင်းနေရာကိုသိမ်းပိုက်နေခြင်းရဲ့ ကြီးမားတဲ့မှတ်တိုင်တစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။ ဖီဖာအနေနဲ့ အမျိုးသမီးတစ်ယောက်ကို အထွေထွေအတွင်းရေးမှူးအဖြစ် ခန့်အပ်ခြင်းမျိုး သမိုင်းမှာ မရှိခဲ့ပါဘူး။ Samoura က ဖီဖာရဲ့ ပထမဆုံး အမျိုးသမီး အထွေထွေအတွင်းရေးမှူးဖြစ်လာခဲ့ပါတယ်။

 

" ၂၀၁၆ ခုနှစ်မှာ ကျွန်မကို ခန့်အပ်ခံရမှုဟာ အမျိုးသားတွေလွှမ်းထားတဲ့ အဖွဲ့အစည်းဖြစ်တဲ့ ဖီဖာမှာ အရမ်းအင်အားကြီးမားတဲ့ အချက်ပြမှုတစ်ခု ဖြစ်ခဲ့တယ်။ ဖီဖာအနေနဲ့ သူတို့ဟာ မတူကွဲပြားမှုတွေကို တံခါးဖွင့်ပေးလိုက်ရာရောက်ပါတယ်" လို့ Samoura က ပြောပါတယ်။

 

"ကောင်းတဲ့အကြောင်းပြချက်အချို့အနေနဲ့တော့ အဲ့တာက တစ်သီးတစ်သန့်ဆန်တဲ့ကိစ္စတော့မဟုတ်ခဲ့ပါဘူး။ ဘာလို့လဲဆိုရင် အခုဆို ကျွန်မတို့ဟာ ဖီဖာအုပ်ချုပ်ရေးရဲ့ အဆင့်အားလုံးမှာ အမျိုးသမီးတွေကိုကိုယ်စားပြုမှု ပိုပြီးအားကောင်းလာပြီလေ"လို့ ဖြေကြားခဲ့တယ်။ အားကစားနယ်ထဲက အမျိုးသမီးတစ်ဦးကဏ္ဍနဲ့ ထိပ်တန်းခေါင်းဆောင်ပိုင်းနေရာမှာရှိတဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ စိတ်နေစိတ်ထားကို ဘယ်လိုသဘောထားလဲ ဆိုတာကိုလည်း Samoura က ဖြေကြားခဲ့ပါတယ်။

Source : Forbes


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က