နှစ်လက်မပတ်လည်လောက် အပိုင်းလေးတွေ ဖြတ်ထားတာက ကင်လို့အကောင်းဆုံးအရွယ်အစား ဖြစ်ပါတယ်။

အားလပ်ချိန်လေးတွေမှာ ဟင်းသီးဟင်းရွက်လေးတွေ ကင်စားမယ်ဆို ခါတိုင်းထက်ပိုပြီး စားကောင်းအောင် ဒီလိုလေးတွေ လုပ်ကြည့်ပါနော်။

၁။ ဘယ်ဟာတွေက ကင်စားလို့ကောင်းမလဲ

HowToRoastVegetablesStep1760x560.jpg 

ရေဓာတ်များတဲ့ ဟင်းသီးဟင်းရွက်တွေက ကင်စားဖို့အတွက် အဆင်မပြေပါဘူး။ အပူနဲ့ထိတယ်ဆိုရင်ပဲ အရည်တွေထွက် ပျော့ပြဲသွားပြီး အရသာပျက်သွားတယ်။ အမျှင်ဓာတ်များပြီး အစိုဓာတ်နည်းတာတွေက ကင်စားလို့ ကောင်းပါတယ်။ အာလူး၊ ပန်းငရုတ်ပွ၊ ကြက်သွန်နီတို့လို အမျှင်ဓာတ်ပါပြီး အရသာကောင်းတာတွေကို ရွေးတာ အကောင်းဆုံးပါပဲ။

၂။ အရွယ်အစား

1392874851638.jpeg 

ကင်ဖို့အတွက် လှီးဖြတ်တဲ့ အရွယ်အစားကလည်း လိုသေးတယ်။ အထူးသဖြင့်တော့ အမျိုးအစားမတူတဲ့ သစ်သီးဝလံတွေကို အတူတူကင်မယ်ဆိုရင် လှီးဖြတ်တဲ့ အရွယ်အစားတွေ တူလို့မရဘူး။ ကျက်ဖို့ကြာတဲ့ဟာတွေကို ခပ်သေးသေးဖြတ်၊ အကျက်မြန်ရင် ခပ်ကြီးကြီးဖြတ်ပေါ့။

၃။ ဆီ

veggies-on-grill-2500-57ad0fd95f9b58b5c2469ffb.jpg 

ဒီအတိုင်းကင်ရင် အပူနဲ့ထိတဲ့အခါ အသီးအရွက်တွေက ကပ်ကုန်တယ်။ ဆီလေးသုတ်ပြီး ကင်တာက မကပ်ဘူး။ တူးလည်းမတူးတော့ဘူး။ စားရတာလည်း ပိုနူးညံ့ပါတယ်။ ဆီကိုလောင်းမချဘဲ နည်းနည်းလောက် သုတ်ပေးပြီးမှ အရသာမှုန့်လေးဖြူးပြီးကင်တာ အကောင်းဆုံးပါ။

၄။ အိုးပူမှကင်

moroccan_roasted_vegetables_2000.jpg 

ကင်မယ့်အိုး၊ ဇကာကို ပူလာအောင် အရင်လုပ်ရတယ်။ ပူလာတော့မှ အသီးအရွက်တွေကိုကင်ရင် ကြွပ်ကြွပ်ရွရွလေးနဲ့ စားလို့ကောင်းနေမှာပါ။ အရောင်လေးလည်းလှနေရော။

Source : GHK

Share

Loading Next Article...
က္က