ကြက်ပြုတ်ရည်က အဓိကပါပဲ။

ကြာဆံချက်ဆိုတာလည်း မြန်မာတွေ နှစ်သက်ကြတဲ့ မြန်မာ့အစားအစာတစ်ခုပါပဲ။ နေ့လယ်နေ့ခင်း ကြာဆံချက်လေး စားဖို့အတွက် ဟိုမေးဒီစမ်းနဲ့ စမ်းချက်ကြည့်လိုက်ပါတယ်။ အရသာလေးက မဆိုးဘူးဆိုတော့ ကိုယ့်လက်ရာလေးကို မျှဝေလိုက်ပါရစေဦး။

လိုအပ်တဲ့ပစ္စည်းတွေကတော့ -

ပဲကြာဆံ - ၂၅ သား

မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ကြက်တောင်ပံတု - ၁၀ သား စီ

ကြက်သွန်နီအသေး - ၁၀ သား

ကြက်သွန်ဖြူ - ၅ ကျပ်သား

ကြက်သား - ၃၀ သား

ငုံးဥ - အလုံး ၂၀ (သို့မဟုတ် ဘဲဥ ၅ လုံး)

အရင်ဆုံး လုပ်ရမှာက ပဲကြာဆံကို ရေစိမ်ထားဖို့ပါ။ မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ကြက်တောင်ပံတု(အခြောက်) တို့ကိုလည်း ရေစိမ်ထားပေးရပါမယ်။ နူးပြီဆိုတော့မှ ကိုယ်စားမယ့်အရွယ် လှီးဖြတ်ပေးထားရုံပါပဲ။ ပန်းခြောက်တွေကိုတော့ ဝတ်ဆံကိုထုတ်ပြီး အထုံးလေးတွေ ထုံးထားပါ။ ဝတ်ဆံကခါးတတ်လို့ ဝတ်ဆံတိုင်ကို ထုတ်ရတာဖြစ်ပါတယ်။

Photo : yelp

 

ကြက်သားကို အရသာမှုန့်၊ ငံပြာရည်နဲ့နယ်ပြီး ဂျင်း၊ ကြက်သွန်ဖြူ တို့ကိုထောင်းထည့်ပြီး ပြုတ်ထားပါ။ ကြက်သားတွေ မနူးတနူးဖြစ်လာရင် အသားတွေကို ဆယ်ပြီး မျှင်ထားလိုက်ပါ။ အရိုးတွေကိုတော့ အရသာအတွက် ဆက်တည်ထားရပါမယ်။ ငုံးဥလေးတွေကိုလည်းပြုတ်ပြီး အခွံနွှာထားပါ။

 

ကြက်သွန်ဖြူ၊ နီကို ထောင်းပြီး အစိမ်းမှုန့်နဲ့ ဆီသတ်ရပါမယ်။ ဆီစိမ်းနံ့ပျောက်ပြီဆိုရင် ကြက်သားတွေကို ထည့်ပြီး ဆီသတ်ပေးပါ။ ဟင်းရည် ဆူလာပြီဆိုရင်တော့ မှိုခြောက်၊ ပန်းခြောက်၊ ပဲလိပ်၊ ကြက်တောင်ပံတုတို့ကို ထည့်ပေးလို့ ရပါပြီ။ ပြီးရင် ကြက်သွန်နီဥလေးတွေကို အလုံးလိုက် အခွံနွှာပြီးထည့်ပါ။

 

နောက်ဆုံးမှာတော့ ဆီသတ်ထားတဲ့ ကြက်သားတွေကို ထပ်ထည့်ပေးရပါမယ်။ ကြက်သားတွေ နူးသွားပြီဆိုရင် ပဲကြာဆံထည့်ပြီး နောက်ထပ် ၁၀ မိနစ်လောက်ဆို ကြာဆံချက် ရပါပြီ။ ကြက်သွန်နီ၊ နံနံပင်လေးဖြူးပြီးစားရုံပါပဲ။ အချဉ် အစပ်အတွက်တော့ သံပုရာသီးလေးညှစ်ထည့်၊ ငရုတ်သီးမှုန့်လေး ထည့်ပြီး စားကြတာပေါ့နော်။

Share

Loading Next Article...
က္က