In partnership with  logo
အမျိုးသမီးတွေအတွက် နေရာတွေ ပိုပေးဖို့ လိုနေပြီ

ကမ္ဘာမြေကို ကျော်လွန်ပြီး အခြားဂြိုဟ်တွေပေါ် ခြေချဖူးတဲ့လူသား ၁၂ ယောက် ရှိသွားပါပြီ။ အဲ့ဒီ ၁၂ ဦးလုံးက အမျိုးသားတွေပဲ ဖြစ်နေပါတယ်။ ၁၉၆၀ ခုနှစ်နှောင်းပိုင်းနဲ့ ၁၉၇၀ ခုနှစ်အစောပိုင်းတွေမှာ Apollo ယာဉ်နဲ့ လကမ္ဘာပေါ် ခြေချခဲ့တာလည်း အမျိုးသားတွေပါပဲ။ ဒါကြောင့်မို့လို့ မားစ်ဂြိုဟ်ပေါ်ကို ခြေချမယ့်ပထမဆုံးလူသားဟာ အမျိုးသမီးတစ်ဦး ဖြစ်သင့်တယ်လို့ အမေရိကန်ပြည်ထောင်စု အမျိုးသားလေကြောင်းနှင့်အာကာသအုပ်ချုပ်ရေးအဖွဲ့ (နာဆာ)ရဲ့ အမျိုးသမီးအရာရှိတစ်ဦးက ပြောလိုက်ပါတယ်။

 

Allison McIntyre ဟာ နာဆာရဲ့ ဟော့စတန်ရှိ Space Vehicle Mockup Facility ကို ကြီးကြပ်ကွပ်ကဲနေသူ ဖြစ်ပါတယ်။ အာကာသယာဉ်မှူးတွေကို လေ့ကျင့်ပေးတဲ့နေရာ ဖြစ်ပါတယ်။ အမျိုးသမီးတစ်ဦးကို မားစ်ကို ခြေချခွင့်ပေးတာက လူသားချင်းစာနာမှုမျှတမှုပါပဲလို့ Allison က ပြောပါတယ်။

 

" စင်တာအုပ်ချုပ်ရေးမှူးကလည်း မိန်းမတစ်ဦး၊ ကျွန်မရဲ့ အရင် ဌာနမှူးကလည်း အမျိုးသမီးတစ်ဦးပါပဲ၊ ကျွန်မတို့မှာ အမျိုးသမီးအာကာသယာဉ်မှူးတွေရှိတယ်၊ ဒါပေမဲ့ ကျွန်မတို့တွေ လကမ္ဘာကိုအမျိုးသမီးတစ်ဦးမှ မရောက်သေးဘူး၊ ပြီးတော့ မားစ်ကို ပထမဆုံးရောက်မယ့်လူက အမျိုးသမီးတစ်ဦးဖြစ်သင့်တယ်လို့ ကျွန်မထင်ပါတယ်" လို့ McIntyre က BBC သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

လကမ္ဘာကိုပထဆုံးရောက်ခဲ့စဉ်က

 

နာဆာဟာ ၁၉၇၈ ခုနှစ်မှာမှ အမျိုးသမီး အာကာသယာဉ်မှူးတွေကို စတင်လက်ခံခဲ့တာဖြစ်ပါတယ်။ အာကာသထဲကို စေလွှတ်ခံရတဲ့ နာဆာရဲ့ ပထမဆုံး အမျိုးသမီးကတော့ Sally Ride ဖြစ်ပြီး ၁၉၈၃ ခုနှစ်မှာ စေလွှတ်ခံခဲ့ရတာပါ။ ရုရှား (ထိုစဉ်က ဆိုဗီယက်ယူနီယံ)နိုင်ငံကတော့ ၁၉၆၃ ခုနှစ်မှာ အမျိုးသမီးတစ်ဦးကို အာကာသထဲကို စတင်စေလွှတ်နေခဲ့ပါပြီ။ Valentina Tereshkova ဟာ အာကာသထဲကို ပထမဆုံးစေလွှတ်ခံရတဲ့ ရုရှားသူ ဖြစ်ပါတယ်။

Source :  Newsweek

Share

Loading Next Article...
က္က