In partnership with  logo
“သီတာကို အဲဒီရာမကို ကိုးကွယ်တယ်ဆိုတဲ့လူတွေကသာ ပြန်ပေးဆွဲမယ်ဆိုရင် မတွေးရဲစရာဘဲ”
 

အိန္ဒိယနိုင်ငံက အမျိုးသမီး သတင်းထောက်လည်းဖြစ်၊ ကာတွန်းဆရာမလည်းဖြစ်တဲ့ ဆွာသီဗာဒလာမူဒီဟာ ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယနိုင်ငံမှာ မုဒိန်းကျင့် အသတ်ခံရတဲ့ အသက်(၈)နှစ်အရွယ် မိန်းကလေး အမှုနဲ့ ပတ်သက်ပြီး သူရေးဆွဲခဲ့တဲ့ ကာတွန်းကြောင့် အွန်လိုင်းပေါ်မှာ ခြိမ်းခြောက်ခံနေရပါတယ်။



ဟိန္ဒူဘုရား ရာမ နဲ့ ဇနီး သီတာတို့ စကားပြောနေကြတဲ့ အဲဒီကာတွန်းဟာ အာဏာရ လက်ယာယိမ်း ပါတီ ဟိန္ဒူအမျိုးသားပါတီ BJP ပါတီကို သရော်ထားတာဖြစ်ပါတယ်။

ပြီးခဲ့တဲ့အပတ်က အသက်၈နှစ်အရွယ် မွတ်စလင် မိန်းကလေးကို အုပ်စုလိုက်မုဒိန်းကျင့်သတ်ဖြတ်ခဲ့တဲ့ အမှုမှာ လူသတ်တရားခံအဖြစ် စွပ်စွဲခံရတဲ့ အမျိုးသားတွေအတွက် ထောက်ခံပွဲကို BJPပါတီ ဝန်ကြီး ၂ဦးတက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဒါနဲ့ပတ်သက်လို့ မစ္စဗာဒလာမူဒီရဲ့ ကာတွန်းထဲမှာ သီတာက သူ့ကို ရာမရဲ့ နောက်လိုက်တွေ ပြန်ပေးမဆွဲပဲ ဒဿဂီရိပြန်ပေးဆွဲလို့ တော်သေးတယ်လို့ ပြောထားတာဖြစ်ပါတယ်။

 

တဖက်မှာလည်း လူသတ်သမားလို့ စွပ်စွဲခံရတဲ့ အမျိုးသားတွေဘက်က ကာကွယ်ပြီးပြောတဲ့လူအုပ်က သူတို့ကိုယ်သူတို့ ရာမကို ကိုးကွယ်တဲ့သူတွေအဖြစ် သတ်မှတ်ကြတာဖြစ်ပါတယ်။

မွတ်စလင်ကလေးငယ် မုဒိန်းကျင့်ခံရပြီး သေဆုံးခဲ့တဲ့ အမှုကို ကြည့်ပြီး မစ္စဗာဒလာမူဒီက “သီတာကို အဲဒီရာမကို ကိုးကွယ်တယ်ဆိုတဲ့လူတွေကသာ ပြန်ပေးဆွဲမယ်ဆိုရင် မတွေးရဲစရာဘဲ” လို့ ဘီဘီစီသတင်းမှာ ပြောပါတယ်။

See also: 

ဒီကာတွန်းဟာ ဟိန္ဒူဘာသာရေးမှာ အထွတ်အမြတ်ထားတဲ့ ရာမဇာတ်တော်ကို အကြည်အညိုပျက်စေတယ်ဆိုပြီး လက်ယာယိမ်းအဖွဲ့တွေရဲ့ အခိုင်အမာတောင်းဆိုမှုကြောင့် ကာတွန်းဆရာမ ဆွာသီဗာဒလာမူဒီကို အိန္ဒိယရဲက စွဲချက်တင်ထားပါတယ်။

မစ္စဗာဒလာမူဒီကတော့ ခြိမ်းခြောက်မှုတွေ ဘယ်လောက်ပဲရှိရှိ သူကတော့ နောက်မဆုတ်ဘူးလို့ပြောပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က