နိုင်ငံရေးသမားနဲ့ အုပ်ချုပ်ရေးပိုင်းတွေကို သံတမန်ရေးရာအရ ဖိတ်တာမျိုး မလုပ်ထားဘူး။

ဗြိတိန်တော်ဝင်မိသားစုဟာ ကမ္ဘာပေါ်က မင်းမျိုးမင်းနွယ်တွေထဲမှာ လူချစ်လူခင် အများဆုံး မိသားစုလို့ ပြောရပါမယ်။ ကွယ်လွန်သူဒိုင်ယာနာရဲ့ သားငယ် မင်းသားဟယ်ရီက အမေရိကန်သရုပ်ဆောင် မီဂန်မာကယ်နဲ့ မကြာခင် လက်ထပ်တော့မှာပါ။ မီဂန်မာကယ်ဟာ သရုပ်ဆောင်တစ်ဦးအနေနဲ့သာမက အမျိုးသမီးတွေအရေးလည်း လှုပ်ရှားဆောင်ရွက်တာမို့ လူချစ်လူခင်လည်း များပါတယ်။ သူတို့ရဲ့မင်္ဂလာပွဲအကြောင်းလေး ပြောပြလိုက်ပါတယ်။

၁။ မင်္ဂလာနေ့ရက်

harryandmeghan2803a.jpg 

လာမယ့် မေလ ၁၉ ရက်နေ့မှာ မီဂန်မာကယ်နဲ့ ဟယ်ရီတို့က လက်ထပ်ကြမှာပါ။ တော်ဝင်မိသားစုတွေရဲ့ မင်္ဂလာပွဲကို ဗုဒ္ဓဟူးနေ့မှာပြုလုပ်ပေမဲ့ သူတို့ကတော့ ထုံးတမ်းစဉ်လာကိုကျော်ပြီး စနေနေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။ ကမ်းဘရစ်ချ်မြို့စား ဝီလျံတုန်းကလည်း သောကြာနေ့မှာ လက်ထပ်ခဲ့တာပါ။ ဟယ်ရီနဲ့မာကယ်တို့ရဲ့ မင်္ဂလာနေ့ရက်ဟာ FA Cup ဖိုင်နယ်ပွဲနေ့နဲ့လည်း တိုက်ဆိုင်နေပါတယ်။

၂။ နေရာ

KATE AND WILLIAM group wedding photo.jpg 

Windsor Castle ထဲက St George ဝတ်ပြုခမ်းမမှာ ပြုလုပ်မှာ ဖြစ်ပါတယ်။ အဲ့ဒီခမ်းမမှာ လူ ၈၀၀ နီးပါး ဆံ့ပါတယ်။ ဧည့်သည်ပေါင်း ၆၀၀ ဝန်းကျင် မင်္ဂလာပွဲကို တက်ကြမယ်လို့ ကြေညာထားပါတယ်။ ဝီလျံတို့တုန်းကတော့ မင်္ဂလာပွဲကို လူပေါင်း ၁၉၀၀ ရှေ့မှာ ကျင်းပခဲ့တာပါ။ နိုင်ငံရေးနယ်ပယ်ထဲက လူတွေနဲ့ အုပ်ချုပ်ရေးပိုင်းကလူတွေကိုလည်း ဖိတ်ကြားခဲ့ခြင်းမရှိပါဘူး။ ဧည့်သည်စာရင်းမှာ ဝန်ကြီးချုပ် ထရီဆာမေကိုတောင်မှ မဖိတ်ထားပါဘူးတဲ့။ အဲ့ဒီအစား ပရဟိတသမားတွေကို ဦးစားပေးဖိတ်ထားခဲ့ပါတယ်။

၃။ သတို့သမီးအတွက်ဝတ်စုံ

WEB-RoyalWedding-Getty.jpg 

တော်ဝင်မိသားစုရဲ့ အရေးပါတဲ့ အခမ်းအနားလည်းဖြစ်၊ မင်းသမီးတစ်ယောက် ဝတ်ဆင်ရမှာလည်း ဖြစ်ပြန်တော့ မီဂန်မာကယ်ရဲ့ သတို့သမီးဝတ်စုံကို ဘယ်သူကများ ပြုလုပ်ပေးမလဲဆိုတာ စိတ်ဝင်စားနေကြပါတယ်။ ခုထိတော့ မင်္ဂလာဝတ်စုံအကြောင်း အတိအကျ မသိရသေးပါဘူး။

Source : Vogue


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က