ကမ္ဘာ့အသက်အကြီးဆုံ ဂျပန်အဖွားအိုဟာ အသက် (၁၁၇) နှစ်အရွယ်မှာ လူကြီးရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
နာဘီတာဂျီမ ဟာ အခုနှစ် ဇန်နဝါရီလကတည်းက ဆေးရုံမှာ ဆေးကုသမှုကို ခံယူနေရပြီး ဧပြီလ ၂၁ရက်နေ့က ဂျပန်နိုင်ငံတောင်ပိုင်းက ကီကိုင်မြို့ဆေးရုံမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။
တာဂျီမကို ၁၉၀၀ခုနှစ် သြဂုတ် ၄ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပြီး အခုဆိုရင် မြေး၊မြစ်တွေ အပါအဝင် သားစဉ်မြေးဆက် အားလုံးပေါင်း ၁၆၀ဦးရှိပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာက ဂျမေကာနိုင်ငံ က အသက်(၁၁၇)နှစ်အရွယ်အမျိုးသမီးကြီး ဗိုင်အိုလက်ဘရောင်း ကွယ်လွန်ပြီးနောက်မှာ တာဂျီမဟာ ကမ္ဘာ့အသက်အကြီးဆုံး အမျိုးသမီးဖြစ်လာပါတယ်။
ဒီလအစောပိုင်းက ဂျပန်နိုင်ငံမြောက်ပိုင်းက အသက်(၁၁၂)နှစ်ရှိ မာဆာဇိုနိုနာကာကို ကမ္ဘာ့အသက်အကြီးဆုံးအမျိုးသားအဖြစ်သတ်မှတ်ခဲ့တာဖြစ်ပြီး တာဂျီမကို ကမ္ဘာ့အသက်အကြီးဆုံး ပုဂ္ဂိုလ်အဖြစ်အသိအမှတ်ပြုဖို့ စီစဉ်ခဲ့ပါတယ်။
အမေရိကန်အခြေစိုက် သက်ကြီးဖြစ်စဉ် လေ့လာမှု အဖွဲ့က အခုဆို အသက် (၁၁၇)နှစ်အရွယ် ချီယိုမီယာကို ကို ကမ္ဘာ့အသက်အကြီးဆုံ ပုဂ္ဂိုလ်အဖြစ်သတ်မှတ်လိုက်ပါတယ်။