စင်ကာပူသရုပ်ဆောင် Jin Yinji ဟာ ၂၀၁၈ ခုနှစ် Star Awards ဆုပေးပွဲမှာ ရေပန်းအစားဆုံး ထိပ်တန်း အမျိုးအသမီးသရုပ်ဆောင် ၁၀ ဦးထဲက တစ်ဦး ဖြစ်လာခဲ့ပါတယ်။
ဆယ်စုနှစ်ပေါင်းများစွာကြာအောင် သရုပ်ဆောင်လုပ်ခဲ့ပေမဲ့ Jin Yinji အတွက်တော့ ဒီဆုဟာ ပထမဆုံး ရရှိတာပါ။ Jin Yinji ဟာ စင်ကာပူမီဒီယာ MediaCorp မှာ ရုပ်သံသရုပ်ဆောင်အဖြစ် လုပ်ကိုင်နေသူဖြစ်ပါတယ်။
ဒီဆုကိုတော့ စင်ကာပူနိုင်ငံတွင်းရှိ မီဒီယာအသိုင်းအဝိုင်းက နှစ်စဉ် ဂုဏ်ပြုပေးအပ်တာဖြစ်ပါတယ်။ အထူးသဖြင့်တော့ ငယ်ရွယ်သူတွေနဲ့ ထွန်းသစ်စ အနုပညာရှင်တွေကို ပေးအပ်လေ့ရှိတာပါ။
Jin Yinji ဟာ တောင်ကိုရီးယားမှာ မွေးဖွားသူဖြစ်ပြီး ဒီနှစ်ထဲမှာပဲ အသက် ၇၂ နှစ် ပြည့်တော့မှာပါ။ သရုပ်ဆောင်သက်တမ်း နှစ် ၃၀ ကြာမှ ဒီဆုကို ရတဲ့အတွက် အံ့သြနေပြီး ဆုရမယ်လို့တောင် မထင်ခဲ့ဘူးလို့ Jin Yinji က ဆုပေးပွဲမှာ ပြောသွားခဲ့ပါတယ်။
Source : Mothership