ချစ်သူတွေဖြစ်လာဖို့ဆိုတာက အချိန်တွေ ယူရဦးမှာမဟုတ်လား။ နှစ်ယောက်ချင်းတွေ့ပြီး စကားတွေပြောကြည့်ပြီးမှ အပြန်အလှန်လေ့လာပြီးမှ ချစ်သူဖြစ်တဲ့အဆင့်ကိုရောက်တာ။ အဲ့လို ချစ်သူမဖြစ်ခင် အရင်ဆုံး date လုပ်ကြည့်ချိန်မှာတင် ကောင်မလေးက ကြွေသွားပြီး မြန်မြန်အဖြေရအောင် ကိုယ့်ကိုသူ အထင်ကြီးလာဖို့ လိုတယ်နော်။
၁။ ရိုမန့်
စားသောက်ဆိုင်ကောင်းကောင်းလေးသွား၊ ကော်ဖီဆိုင်လေးမှာထိုင်၊ ဘားမှာနှစ်ယောက် အေးအေးဆေးဆေး စကားပြောရတဲ့ ဒိတ်ကို ပျင်းတယ်လို့ ထင်တာလား။ သူနဲ့ကိုယ် နှစ်ယောက်တည်း တွေ့တာ ပထမဆုံးဖြစ်တဲ့အတွက် ရိုမန့်တစ်ဖြစ်တဲ့နေရာကိုရွေးတာ ဘယ်တော့မှ မမှားပါဘူး။ စကားအေးအေးဆေးဆေးပြောလို့ရမယ့်ဆိုင်ကိုရွေးပြီးခေါ်သွားရင် မိန်းကလေးတွေက သဘောကျပါတယ်။
၂။ မေးခွန်းတွေမေးတဲ့အပေါ်ပဲ အာရုံစိုက်ပါ
ကောင်မလေးက ကိုယ့်ကို အထင်ကြီးလာအောင် ကိုယ့်မှာရှိတဲ့ အရည်အချင်းနဲ့ ပိုင်ဆိုင်မှုတွေကိုချည်း တောက်လျှောက်ပြောမနေပါနဲ့။ သူစိတ်ဝင်စားတဲ့အရာတွေကိုလည်း မေးကြည့်ပါဦး။ ကိုယ့်အပေါ်ဂရုစိုက်အလေးထားတဲ့လူကို မိန်းကလေးတွေက သဘောကျတယ်လေ။
၃။ ကိုယ်ထိလက်ရောက်မလုပ်နဲ့
နိုင်ငံခြားကားတွေမှာတော့ ပထမဆုံးဒိတ်မှာတင် အဆင်ပြေပြီး ချစ်ရည်လူးတာတွေ မကြာခဏမြင်ရမှာ။ လက်တွေ့မှာတော့ တခြားစီပါပဲ။ အထူးသဖြင့် အရှက်အကြောက်ကြီးတဲ့ မြန်မာမိန်းကလေးတွေဆို ပိုတောင် ဆိုးသေးတယ်။ ဒီနေ့ မင်းဝတ်လာတာလေး လှတယ်လို့ ပြောရင် လုံလောက်ပါပြီ။
၄။ ရည်းစားဟောင်းတွေအကြောင်းမပြောကြေး
ဘယ်တော့မှ မပြောပါနဲ့။ ရှေ့မှာ တောက်လျှောက် အဆင်ပြေလာသမျှ ဒီတစ်ခုတည်းကြောင့် အပျက်စီးမခံပါနဲ့။ ရည်းစားဟောင်းတွေအကြောင်းက နောက်လည်း ပြောရမှာပဲ။ ချစ်သူတွေဖြစ်သွားလို့ သူက မေးရင် ပြောရတော့မှာဆိုတော့ အဲ့ဒီတော့မှပဲပြောပြပါ။ ရည်းစားဟောင်းရဲ့မကောင်းကြောင်းကို ပြောတတ်တဲ့ ယောက်ျားလေးတွေကို မိန်းကလေးတွေက အထင်မကြီးတတ်ကြဘူးလေ။