ချယ်လ်ဆီးအတွက် ကြီးမားတဲ့အကျိုးခံစားခွင့်တွေ ရခဲ့ပါတယ်။

ချန်ပီယံလိဂ်ဖလားကို ရီးရဲလ်မက်ဒရစ်တို့ ဆွတ်ခူးမှုနဲ့အတူ အကျိုးအမြတ်ဖြစ်ထွန်းခဲ့တာကတော့ ချယ်လ်ဆီးပါ။ သူတို့ရဲ့ ကစားသမားဟောင်း ဟာဇက်ကို ရောင်းချခဲ့မှုရဲ့ တစိတ်တပိုင်းအဖြစ် ချန်ပီယံလိဂ်အောင်မြင်မှုရရှိခဲ့ရင်​ ပေါင် ၁၅ သန်းပေးရမယ်ဆိုတဲ့ သဘောတူညီချက်အတိုင်း ချယ်လ်ဆီးတို့ အဆိုပါငွေကြေးကို ရရှိခဲ့တယ်လို့ သိရပါတယ်။ 

တွက်ချက်ကြည့်မယ်ဆိုရင်တော့ ရီးရဲလ်အတွက် ဒီပေါင် ၁၅ သန်းက မတန်ဘူးလို့ ထင်ရမှာပါ။ ဟာဇက်ဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ စုစုပေါင်းမှ ၃ ပွဲတည်းကစားပေးခဲ့ပြီး မိနစ်အားဖြင့် ၈၃ မိနစ်သာရှိနေခဲ့လို့ပါ။ ဒဏ်ရာကြောင့် အနားယူနေရတာ၊ နည်းပြက အရန်ခုံမှာပဲ ထားခဲ့တာတွေကြောင့် ဟာဇက်က ပွဲကစားခွင့်နည်းပါးနေခဲ့တာလည်းဖြစ်ပါတယ်။ 

တချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးကစားသမားဖြစ်ခဲ့ဖူးတဲ့ ဟာဇက်ဟာ ဘာနေဗျူးမှာတော့ ဒဏ်ရာအနာတရတွေ၊ ကိုယ်အလေးချိန်မြင့်တက်မှုတွေ၊ အလွယ်တကူနဲ့ ဒဏ်ရာရရှိမှုတွေကြောင့် ရုန်းကန်ခဲ့ရပါတယ်။ ဒီတရာသီလုံးမှာလည်း ပြိုင်ပွဲစုံအားဖြင့် စုစုပေါင်းမှ ၂၃ ပွဲသာကစားခဲ့ပြီး ၁ ဂိုးသွင်းကာ ၂ ကြိမ်တည်းဖန်တီးနိုင်ခဲ့ပြီး ၉၀၃ မိနစ်သာ ကစားနိုင်ခဲ့ပါတယ်။ 

မည်သို့ပင်ဆိုစေကာမူ ချယ်လ်ဆီးကတော့ ပေါင် ၁၅သန်းကို သပိတ်ဝင်အိတ်ဝင်ရရှိသွားခဲ့ပါပြီ။ သူတို့ရရှိခဲ့တဲ့ ငွေကြေးပမာဏဟာ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားဆွတ်ခူးလို့ရရှိမယ့် ငွေထက်တောင်မှ များပြားနေခဲ့တာပါ။ ဟာဇက်ကောင်းမှုအကြောင်းပြုပြီး လာမယ့်ရာသီအတွက် အပြောင်းအရွှေ့စရိတ်ထဲကိုတောင် ထည့်သွင်းအသုံးပြုနိုင်မှာဖြစ်ပါတယ်။ 

Share

Loading Next Article...
က္က