မယ်ဂန်မာကဲလ်ဟာ အမေရိကမှာ ဒီအပတ်ဗုဒ္ဓဟူးနေ့ကပြသခဲ့တဲ့ Suits ဇာတ်လမ်းတွဲရဲ့ ၇တွဲမြောက်မှာ နောက်ဆုံး ပါဝင်ခဲ့တာဖြစ်ပါတယ်။

ဟောလိဝုဒ်မင်းသမီး မယ်ဂန်မာကဲလ်ဟာ နာမည်ကျော်တီဗီဇာတ်လမ်းတွဲ Suits ကို နှုတ်ဆက်ထွက်ခွာသွားပြီဖြစ်ပါတယ်။

 

ဥပဒေပညာရှင် ရေချယ်ဇိန်းအဖြစ် သရုပ်ဆောင်ထားတဲ့ မယ်ဂန်မာကဲလ်ဟာ အမေရိကမှာ ဒီအပတ်ဗုဒ္ဓဟူးနေ့ကပြသခဲ့တဲ့ Suits ဇာတ်လမ်းတွဲရဲ့ ၇တွဲမြောက်မှာ နောက်ဆုံး ပါဝင်ခဲ့တာဖြစ်ပါတယ်။

 

Goodbye ဆိုတဲ့ အဲဒီနောက်ဆုံးအပိုင်းမှာဇာတ်လမ်းထဲက သရုပ်ဆောင်နှစ်ဦးဖြစ်တဲ့ ရေချယ်ဇိန်း နဲ့ မိုက်ခ်ရော့စ်တို့ရဲ့ လက်ထပ်ပွဲနဲ့ ဇာတ်သိမ်းထားခဲ့ပါတယ်။

 

မစ္စမာကဲလ်ဟာ ဗြိတိန်အိမ်ရှေ့မင်းသား ဟယ်ရီနဲ့ စေ့စပ်ပြီးကတည်းက သူ့ရဲ့ အနုပညာလုပ်ငန်းတွေကို ဆက်မလုပ်တော့ဘူးလို့ ကြေညာခဲ့ပါတယ်။ သူတို့ နှစ်ဦးဟာ မေလ ၁၉ရက်နေ့မှာ ဝင်ဆာနန်းတော်မှာ လက်ထပ်တော့မှာဖြစ်ပြီး ဧည့်သည်ပေါင်း ၆၀၀ကို ဖိတ်ကြားထားပါတယ်။

See also: 

Share

Loading Next Article...
က္က