ကိုယ့်ဘက်က ချစ်ပြလိုက်လို့၊ အလျော့ပေးဂရုစိုက်ပြလို့ သူက အနိုင်ကျင့်သွားမှာကို စိတ်မပူဘူး။

သာယာတဲ့အချစ်ရေးတစ်ခု ဖြစ်ဖို့ဆိုတာ စစချင်းမှာ ဘာကိုများကြည့်ပြီး ခန့်မှန်းကြမလဲ။ စိတ်ဓာတ်ကြံ့ခိုင်ပြီး စိတ်ခွန်အားရှိတဲ့ မိန်းကလေးတစ်ယောက်ကို ဒိတ်မယ်ဆိုရင်တော့ ပိုပြီး ပိုပြီးခန့်မှန်းရလွယ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့တွေက အချစ်ရေးကိုလည်းအလေးထားကြပြီး အချိန်အကြာကြီးထိချစ်ဖို့ စဉ်းစားကြသူတွေမို့လို့ပါ။ ဒါကြောင့်မို့လို့ အစပိုင်းမှာတည်းက ပြဿနာရှာတာတွေ၊ ရစ်တာတွေ သိပ်မလုပ်ဘဲ ကောင်းတာတွေနဲ့ စတင်လေ့ရှိပါတယ်။



၁) လက်တွေ့ကျတဲ့မျှော်လင့်ချက်တွေပဲရှိတယ်

33.jpg 

ပြည့်စုံတဲ့သူဆိုတာမရှိပါဘူး။ ဘယ်ယောက်ျားမှ ပြီးပြည့်စုံနေတာမဟုတ်ဘူးဆိုတာသိတယ်။ ကိုယ်တိုင်လည်း ခြောက်ပစ်ကင်း သဲလဲစင်မဟုတ်ဘူးလေ။ ဒါကြောင့်မို့လို့ လက်တွေ့ကျကျပဲ စဉ်းစားတတ်တယ်။ ညှိနှိုင်းလို့ရတာတွေ၊ လက်ခံနိုင်မှာတွေကိုပဲတွေးတယ်။

၂) မိန်းမတွေကိုတန်ဖိုးထားသူကိုပဲရွေးတယ်

ကိုယ်တိုင်ကလည်း မိန်းကလေးဖြစ်တယ်၊ ကိုယ့်ကိုယ်ကိုယ်တန်ဖိုးထားတယ်။ ဒါကြောင့်မို့လို့ မိန်းမတွေကို အထင်သေးနှိမ့်ချတတ်တဲ့ အမြင်ကျဉ်းတဲ့ ယောက်ျားတွေကို ချစ်သူအဖြစ်မရွေးဘူး။ ကိုယ်တိုင်ကလည်း အစွမ်းအစရှိအောင်နေတယ်။ သူများကိုအားကိုးနေမှာမဟုတ်ဘူးလေ။

၃) အဆိုးတွေကိုပဲအာရုံမစိုက်ဘူး

39.jpg 

အချစ်ရေးတစ်ခုမှာ အဆင်ပြေတာတွေချည်းပဲ မရှိဘူးဆိုတာ နားလည်တယ်။ ဒီတော့ ပြဿနာတွေကြုံလာတိုင်း အကောင်းဘက်ကိုလှည့်တွေးတတ်တယ်။ သေသေချာချာ စဉ်းစားဆုံးဖြတ်ထားတဲ့ အချစ်ရေးကို လက်လွှတ်စပယ်နဲ့ အဆုံးရှုံးမခံဘူး။

၄) ချစ်ပြရမှာမကြောက်ဘူး

ကိုယ့်ဘက်က ချစ်ပြလိုက်လို့၊ အလျော့ပေးဂရုစိုက်ပြလို့ သူက အနိုင်ကျင့်သွားမှာကို စိတ်မပူဘူး။ ဘာလို့လဲဆိုတော့ လူတစ်ယောက်ကိုချစ်မိရင် ကိုယ့်ဘက်က အကောင်းဆုံးချစ်ပြတယ်။ အချစ်ခံရတာကိုလည်း သဘောကျသလို ချစ်ပြရတာကိုလည်း ကောင်းကောင်းကြီး လက်ခံထားတယ်။

၅) အားနည်းချက်ကိုလက်ခံတယ်

PACHUUCOM0126.JPG 

ယောက်ျားလေးမို့လို့ အမြဲတမ်း ရှေ့ကဦးဆောင်နေရမယ်၊ သန်မာနေရမယ်ဆိုတဲ့ အမြင်မျိုးလည်း မရှိဘူး။ ကိုယ်ချစ်တဲ့ယောက်ျားက စိတ်ဓာတ်တွေကျနေရင် နှစ်သိမ့်ပေးတတ်ကြတယ်။ ကိုယ့်ချစ်သူက ပျော့ညံ့လိုက်တာလို့လည်း မတွေးဘူး။ ပျော့ညံ့တဲ့ယောက်ျားဆိုရင် အစတည်းက ရွေးမှာမဟုတ်ဘူးလေ။


ဆက်စပ်အကြောင်းအရာများ

Share

က္က