မင်္ဂလာဆောင်ဖိတ်စာကို နှစ်ဦးလုံးပါဝင်သရုပ်ဆောင်ထားတဲ့ Game of Thrones စီးရီးရဲ့ ပုံစံနဲ့ ဖိတ်ခဲ့တာဖြစ်ပါတယ်။

မင်္ဂလာဆောင်အတွက် ဖိတ်စာလေးတွေကို ပြုလုပ်ကြတဲ့ ဇနီးမောင်နှံနဲ့ပတ်သက်တဲ့ ပုဂ္ဂိုလ်ရေးဆန်ဆန်လေးတွေကို အားလုံးက သဘောကျကြပါတယ်။ ကိုယ်နဲ့ အနီးစပ်ဆုံးဖြစ်မယ့် ဖိတ်စာမျိုးဖြစ်အောင်လည်း စဉ်းစားကြတယ်။ Game of Thrones ရုပ်သံဇာတ်လမ်းထဲက ဂျွန်စနိုးနေရာမှာ သရုပ်ဆောင်တဲ့ မင်းသား Kit Harington ကလည်း သူ့ရဲ့မင်္ဂလာဆောင်ကို သူနဲ့သက်ဆိုင်တာလေးနဲ့ ဖိတ်ခဲ့ပါတယ်။

 

Kit Harington ဟာ Game of Thrones စီးရီးမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Rose Leslie နဲ့အတူ မင်္ဂလာပွဲကို ဆင်နွှဲတော့မှာဖြစ်ပါတယ်။ သူတို့ရဲ့ မင်္ဂလာဆောင်ဖိတ်စာကို နှစ်ဦးလုံးပါဝင်သရုပ်ဆောင်ထားတဲ့ Game of Thrones စီးရီးရဲ့ ပုံစံနဲ့ ဖိတ်ခဲ့တာဖြစ်ပါတယ်။

 

ဧည့်သည် ၂၀၀ ကို ဖိတ်ကြားခဲ့တယ်လို့ သိရပါတယ်။ ဖိတ်စာပုံစံကို Game of Thrones သရုပ်ဆောင်တွေနဲ့ ပြုလုပ်ထားခဲ့ပြီး စာအိတ်ကိုတော့ ဂျွန်စနိုးရဲ့ပုံ တံဆိပ်ခေါင်းနဲ့ ချိတ်ပိတ်ထားခဲ့ပါတယ်။

ဂျွန်စနိုးရုပ်ပုံ တံဆိပ်ခေါင်းတွေကိုတော့ ဇန်နဝါလကတည်းက Royal Mail က ဖြန့်ချိခဲ့တယ်လို့ သိရပါတယ်။ ဖိတ်စာတွေ မပို့ခင်တုန်းက Leslie က အင်တာဗျူးတစ်ခုမှာ သူ့အတွက် မင်္ဂလာဆောင်ပြင်ဆင်မှုဟာ ဖိတ်ကြားတာအပါအဝင် အရမ်းကို အလုပ်များနေရတယ်လို့ ဖြေခဲ့ဖူးပါတယ်။

Source : Bazaar

Share

Loading Next Article...
က္က