Ripped-jeans ဖက်ရှင်ကိုကြိုက်တယ်ဆိုရင်တော့ အမေရိကန်ဖက်ရှင်တံဆိပ်တစ်ခုဖြစ်တဲ့ Carmar Denim ရဲ့ Extreme Cut Out ကို မိတ်ဆက်ပေးချင်ပါတယ်။
လော့စ်အိန်ဂျလိစ်မြို့အခြေစိုက် ဖက်ရှင်ဘရမ်းရဲ့ ဒီဂျင်းဘောင်းဘီကတော့ အလွန်အကျူးပါပဲ။
အစသိပ်မကုန်လို့ လူမှုကွန်ယက်မှာ ဒီဂျင်းဘောင်းဘီကို ကဲ့ရဲ့လှောင်ပြောင်နေကြပါတယ်။
ဒါ့အပြင် ၁၆၈ဒေါ်လာတန်တဲ့ ဒီဂျင်းဘောင်းဘီရဲ့ ဈေးနှုန်းကိုလည်း လူတွေက ဝေဖန်နေကြပါတယ်။
ဒီဂျင်းဘောင်းဘီအကြောင်း အခုမှလူပြောများတာတော့ မဟုတ်ပါဘူး။ ၂၀၁၇ တိုကိုရိုမြို့က ဖက်ရှင်ပွဲတစ်ခုမှာလည်း “naked” ဂျင်းဘောင်းဘီကို ပြသခဲ့ဖူးပါတယ်။