In partnership with  logo
အမျိုးသမီး ၅ယောက်ဟာ ဆံပင်အတု၊ မုဆိတ်အတုတွေနဲ့ ရုပ်ဖျက်ပြီးကစားကွင်းထဲကို ဝင်ခဲ့တာဖြစ်ပါတယ်။

အီရန်က ဘောလုံးကွင်းထဲမှာ အမျိုးသားပုံရုပ်ဖျက်လာတဲ့ အမျိုးသမီး ၅ယောက်ရဲ့ ဓာတ်ပုံက လူမှုကွန်ယက်မှာ ပြန့်သွားခဲ့ပါတယ်။



 

ပြီးခဲ့တဲ့လက တဟီရန်နိုင်ငံ အဇာဒီဘောလုံးကွင်းမှာကျင်းပတဲ့ ပါရှန်ပင်လယ်ကွေ့ပရိုလိဂ်ပွဲမှာ  Persepolis  အသင်းကို သွားအားပေးဖို့ အမျိုးသမီး ၅ယောက်ဟာ ဆံပင်အတု၊ မုဆိတ်အတုတွေနဲ့ ရုပ်ဖျက်ပြီးကစားကွင်းထဲကို ဝင်ခဲ့တာဖြစ်ပါတယ်။

အီရန်နိုင်ငံမှာ အမျိုးသမီးတွေကို အားကစားပြိုင်ပွဲတွေကို ဝင်ရောက်ခွင့်ကို တင်းတင်းကျပ်ကျပ်တားမြစ်ထားတဲ့ကြားက အခုလိုဘောလုံးပွဲကို အမျိုးသမီးတွေသွားရောက်အားပေးတဲ့ပုံဟာ အင်တာနက်မှာ လူပြောများခဲ့တာဖြစ်ပါတယ်။

ဧပြီလအစောပိုင်းကပဲ အဲဒီလိုခိုးဝင်ခဲ့တဲ့ အမျိုးသမီး ၃၅ယောက်ကို ဖမ်းဆီးခဲ့ပြီး၊ မကြာမီမှာ ပြန်လွှတ်ပေးလိုက်ပါတယ်။

၂၀၁၄ခုနှစ်က အီရန်နွယ်ဝင် ဗြိတိသျှအမျိုးသမီး Ghonchech Ghavami ကို ကမ္ဘာ့အဆင့် ဘောလီဘောပြိုင်ပွဲကိုတက်ရောက်မှုနဲ့ ဖမ်းဆီးခဲ့ပြီး နိုင်ငံတော်ကို ဆန့်ကျင်တဲ့ဝါဒဖြန့်မှုနဲ့ ထောင် ၅လချမှတ်ခဲ့ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က