ဒီနေ့ခေတ်မှာ ကျန်းမာရေးအတွက်ပဲဖြစ်ဖြစ်၊ ခန္ဓာကိုယ်ကြံ့ခိုင်လှပရေးအတွက်ပဲဖြစ်ဖြစ် Gym ကစားတဲ့သူတွေ အတော်လေးများပြားလို့လာပါပြီ။ အဲဒီလို Gym ကစားတဲ့နေရာမှာ ကိုယ်လိုချင်တဲ့အကျိုးသက်ရောက်မှုရဖို့ နည်းစနစ်မှန်မှန်နဲ့ကစားဖို့လိုပါတယ်။ နည်းစနစ်မှန်မှန်နဲ့ကစားဖို့ဆိုရင် ကျွမ်းကျင်တဲ့ Trainer တွေရဲ့ လမ်းညွှန်ပြသမှုတွေကို လိုအပ်တယ်ဆိုတာ အားလုံးအသိပါပဲ။ ဒါကြောင့် Gym ကစားတဲ့နေရာမှာ ကျွမ်းကျင်တဲ့ Trainer တွေနဲ့လေ့ကျင့်ဖို့ ဘယ်လောက်အထိလိုအပ်တယ်ဆိုတာကို ရန်ကုန်မြို့ရဲ့ ကမ္ဘာ့အဆင့်မီ Gym တစ်ခုဖြစ်တဲ့ Training Ground The Premier Fitness Club မှ Trainer တွေနဲ့ Exclusive Interview အဖြစ် ဓူဝံက မေးမြန်းဖြစ်ခဲ့တာတွေကို ပြန်လည်ဖော်ပြပေးလိုက်ပါတယ်။
Duwun - Gym ကစားတဲ့သူတွေအတွက် Personal Trainer ကောင်းကောင်းတွေနဲ့လေ့ကျင့်ဖို့ ဘယ်လောက်ထိ အရေးကြီးလဲ၊ ဘာကြောင့်အရေးကြီးတာလဲ
TG - Gym ကစားတဲ့သူတွေအနေနဲ့ Personal Trainer ကောင်းကောင်းနဲ့လေ့ကျင့်ဖို့ ဘယ်လောက်ထိအရေးကြီးလဲ ဘာကြောင့်အရေးကြီးလဲဆိုရင် ပထမဆုံးတစ်ချက်က လုံးဝမကစားဖူးတဲ့သူတစ်ယောက်က Injury ဖြစ်နိုင်ချေ ရာခိုင်နှုန်းများတယ်။ Injury ဖြစ်သွားတာနဲ့ Depression ဝင်လာမယ်။ ပြီးတော့ Injury ဖြစ်သွားတဲ့ Muscle Group ကိုဆော့လို့မရတော့ဘူး။ ဒါကြောင့် injury ဖြစ်နိုင်ချေရှိတဲ့လေ့ကျင့်ခန်းတွေကို Trainer ဆီက Form တွေကိုလေ့လာပြီးတော့ လေ့ကျင့်ခန်းတွေကိုသင်ပြီးတော့ နားလည်အောင်လုပ်ပြီးတော့မှကစားမယ်ဆိုရင် ပိုပြီး Safety ဖြစ်တာပေါ့နော်။ နောက်တစ်ချက်အနေနဲ့ ဘယ်လေ့ကျင့်ခန်းတွေက အရေးကြီးလဲ၊ ဘယ်လေ့ကျင့်ခန်းတွေက ကိုယ့်အတွက် Match ဖြစ်လဲ၊ ဘယ်လေ့ကျင့်ခန်းတွေက ကိုယ့်အတွက်မလိုအပ်ဘူးလဲဆိုတာကို ဖြည်းဖြည်းချင်း သင်သွားလို့ရတယ်ပေါ့နော်။ အဲဒါကြောင့် Personal Trainer ကောင်းကောင်း တစ်ယောက်နဲ့သာ လေ့ကျင့်ပြီးတော့ဆော့လိုက်မယ်ဆိုရင် သူအရမ်းလိုချင်တဲ့ Body Goal ကိုရရှိနိုင်မယ်၊ပြီးတော့ ဘယ်နှစ်လအတွင်းမှာ ဘယ်လိုဖြစ်နိုင်လဲ။ ဘယ် Body Goal မျိုးကိုလိုချင်လဲဆိုတဲ့ achievement တွေကိုလည်း ရရှိနိုင်တယ်။ နောက်ပြီး အချိန်ဘယ်လောက်အတောအတွင်းမှာ ကိုယ်ဘယ်လောက်အထိဆော့နိုင်လဲ၊ ဘယ်လောက်လိုချင်တာလဲ၊ ကိုယ့်ရဲ့စံနှုန်းတွေကလည်း ဘယ်လောက်ရှိလဲ ဆိုတာတွေကို Personal Trianer ကိုပြောပြခြင်းအားဖြင့် သူလိုချင်တဲ့ result ကိုအကောင်းဆုံးရရှိနိုင်တယ်ပေါ့နော်။
Duwun - Training Ground မှာ ဘယ်လို Trainer မျိုးတွေရှိလဲ..၊ သူတို့ရဲ့ အရည်အချင်းတွေနဲ့ အတွေ့အကြုံတွေကို ပြောပြပေးပါလား
TG - Training Ground မှာ floor trainer ၊ fitness trainer ၊ personal trainer ၊ GX trainer တွေဆိုပြီးတော့ ရှိပါတယ်။ အဲဒီထဲမှာမှ GX Trainer ဆိုတဲ့ Group Exercises သင်တဲ့ class အကြောင်းရှင်းပြချင်ပါတယ်။ Group Exercises Class တွေမှာဆိုရင်ဘာရှိလဲဆိုတော့ နိုင်ငံတကာ အသိအမှတ်ပြုထားတဲ့ Les Mill Program ပေါ့နော်။ ပြီးသွားတော့ Zumba ရှိမယ်၊ ယောဂရှိမယ်၊ High Intensity Exercise တွေအများကြီးကိုသင်ပေးတဲ့ Group Exercises Trainer တွေရှိပါတယ်။နောက်ပြီး one by one training၊ တစ်ဦးချင်းစီကို လိုချင်တဲ့ goal အတိအကျရဖို့ training ပေးတဲ့ personal trainer တွေလည်းရှိပါတယ်။ Personal Trainer တွေဟာဆိုရင်နိုင်ငံတကာအသိအမှတ်ပြု လက်မှတ်ရထားတဲ့ Trainer တွေပါ။ သူတို့တွေက တစ်ယောက်ချင်းစီကိုကိုယ်လိုချင်တဲ့ targer ရဖို့အတွက်ကို specific ပရိုဂရမ်တွေဆွဲပေးတယ်။ ဆွဲပြီးတဲ့နောက်မှာလည်း ကိုယ်လိုချင်တဲ့အဓိကနေရာရောက်ဖို့အတွက်ကို သူတို့တွေက Train ပေးတယ်။
Duwun - Training Ground မှာ Member ဝင်ရင် Personal Trainer တွေနဲ့လေ့ကျင့်ခွင့်ရမှာလား၊ ရမယ်ဆိုရင် ဘယ်လောက်အတိုင်းအတာထိ ရမှာလဲ
TG - Training Ground မှာ Member တစ်ယောက်ဖြစ်လာပြီဆိုရင် Training Ground ကနေပေးတဲ့ session ၃ session စီရပါမယ်။ အဲဒီ session ၃ session မှာ Trainer တွေကသူ့ရဲ့ fitness level ဘယ်လောက်ရှိလဲဆိုတာကို အရင်ဆုံး measurement အရင်လုပ်တယ်။ ပြီးရင်သူတို့နဲ့ သက်ဆိုင်တဲ့ လေ့ကျင့်ခန်းတွေ၊ Basic ပေ့ါနော်။ လုံးဝမကစားဖူးတဲ့လူအတွက်ဆိုရင် basic လေ့ကျင့်ခန်းတွေနဲ့ အရင်ဆုံးစပေးတယ်။ ဒါပထမရက်ပေ့ါနော်။ ဒုတိယရက်မှာ equipment တွေနဲ့မိတ်ဆက်ပေးတယ်ပေါ့။ နောက်တစ်ဆင့်အနေနဲ့ သူတို့ကို advice ပေးတာပေါ့။ တတိယမြောက်နေ့မှာ split ပုံစံအနေနဲ့ နည်းနည်းလေးခွဲခြားပြီးတော့ ဆော့ပြပေး၊ တွဲဆော့ပေးပြီးတော့မှ advice တွေလည်းပေးတယ်ပေါ့နော်။ အကယ်၍ personal trainer တွေနဲ့ ဒီလေ့ကျင့်ခန်းတွေအတွက် ထပ်ပြီးတော့ စိတ်ဝင်စားတယ်၊ personal trainer နဲ့ train ချင်တယ်ဆိုရင်တော့ package တွေရှိပါတယ်။ အကယ်၍ package တွေမဝယ်ဘူး၊ ကိုယ့်ဘာသာပဲဆော့မယ်၊ ဆော့လည်းဆော့တတ်တယ်ဆိုရင် floor trainer တွေရှိပါတယ်။ အကူအညီလိုရင် အချိန်မရွေး မေးလို့ရပါတယ်။ ဘယ်နေရာမှာမဆို ကူညီဖို့ အဆင်သင့်ရှိပါတယ်။
Duwun - လက်တလောမှာ Personal Trainer တွေနဲ့လေ့ကျင့်ပေးတဲ့ Program တွေအတွက် ပရိုမိုးရှင်းပေးနေတာ တွေ ရှိလား..
TG - လက်တလောမှာ personal trainer နဲ့လေ့ကျင့်ပေးနေတဲ့ ပရိုဂရမ်တွေအတွက် ပရိုမိုးရှင်းပေးနေတာတွေ ရှိပါတယ်။ 10 session ၊ 20 ၊ 30 session ဆိုပြီးရှိပါတယ်။ တစ်ချို့ဟာတွေဆိုလို့ရှိရင် couple / group ပေ့ါနော်။ နှစ်ယောက်တွဲဖြစ်ဖြစ် အဖွဲ့လိုက်ဆော့လို့ရတဲ့ PT Program session တွေလည်းရှိပါတယ်။ ပြီးရင် weight loss ပရိုဂရမ်ဆိုတဲ့ twelve-week weight loss ပရိုဂရမ်တွေလည်း ရှိပါတယ်။ ဘယ်သူမဆိုလာရောက် join ဖို့အတွက် အဆင်ပြေတဲ့ reasonable price တွေနဲ့ပေးထားပါတယ်။
Duwun - Training Ground မှာလေ့ကျင့်ရင်း သူတို့ရဲ့ Fitness Goal ကိုအမှန်တကယ်ရရှိအောင်မြင်သွားတဲ့ သူတွေရှိလား..
TG - Training Ground မှာဆိုရင် Member တွေပိုပြီးတော့ ကြိုးစားချင်စိတ်ရှိအောင်၊ ပိုပြီးတော့ active ဖြစ်အောင်၊ ပိုပြီးတော့ဆော့ချင်လာအောင်၊ ပိုပြီးတော့ Motivation ဖြစ်လာအောင်ဆိုပြီးတော့မှ ညီမတို့ကနေပြီး member of the month ဆိုပြီး လတိုင်း၊ လတိုင်းမှာ reward အနေနဲ့ပေါ့ လာဆော့တဲ့သူတွေ အားလုံးထဲကမှတစ်ယောက်ကို ရွေးပြီးတော့ ဆုပေးတဲ့ပရိုဂရမ်လေးတစ်ခု ရှိပါတယ်။ အဲဒါကြောင့် Member တွေအားလုံးကလည်း လေ့ကျင့်ခန်းလုပ်ရတာ ပိုပြီးတော့ နှစ်သက်လာတယ်၊ ပျော်ရွှင်လာတယ်၊ အဲဒီအတွက် သိသိသာသာပြောင်းလဲသွားတဲ့သူတွေအများကြီးရှိတယ်လို့ ပြောချင်ပါတယ်။
Duwun - Personal Trainer တစ်ယောက်အနေနဲ့ အခုမှ Gym စပြီးကစားမယ့်သူတွေကို ဘာများအကြံပေးချင်ပါသလဲ
TG - အခုမှ Gym စပြီးကစားမယ့်သူတွေဆိုရင် ဒီတစ်လအတွင်းမှာ ဘယ်လောက်ထိအများကြီးကျရမယ်၊ အဲ့လိုပုံစံမျိုးတွေ တစ်ချို့တွေက wrong target တွေထားတတ်တယ်ပေါ့နော်။ ပြီးသွားတော့ diet ဆိုရင်လည်း လုံးဝမစားတော့ဘဲနေလိုက်မယ်။ အဲဒီလိုပုံစံမျိုးတွေအများကြီး တွေ့ရတတ်ပါတယ်။ တစ်ချို့တွေကအဲဒီလို အရမ်း Motivation တွေထားထားတယ်။ အဲဒါကြောင့် ပထမလမှာ အရမ်းကျသွားပြီးလို့ရှိရင် နောက်လကျ ငါကျသွားပြီပဲ၊ ပြန်စားလို့ရပြီဆိုပြီးဖြစ်သွားတတ်တယ်။ Motivation တွေကလည်း နောက်လတွေကျတော့ ငါခနလောက်တော့နားလိုက်ဦးမယ် ဆိုပြီးဖြစ်သွားတာတွေအများကြီးတွေ့ရတယ်။ ဒါကြောင့်ဖြစ်နိုင်ရင်တော့ စပြီးကစားတော့မယ်ဆိုရင် gym ကိုပုံမှန်လာ၊ ကိုယ်လုပ်နိုင်တဲ့အတိုင်းအတာကနေစပြီးတော့ လုပ်မယ်။ ပြီးသွားတော့ အစားအသောက်ဆိုရင်လည်း တဖြည်းဖြည်းချင်း ပုံမှန် healthy lifestyle ကိုသွားမယ်။ Healthy Life Style မှာဆိုရင် အစားအသောက်ပုံစံက 70% သက်ဆိုင်တယ် ပြီး လေ့ကျင့်ခန်းက 30% သက်ဆိုင်တယ်။ အဲဒီတော့ အစားအသောက်ကိုလည်း ပုံမှန်လေးထိန်းသွား၊ လေ့ကျင့်ခန်းကိုလည်း တစ်ပတ်ကိုအနည်းဆုံး ၃ ကြိမ်၊ ၄ ကြိမ်လောက်လာပြီးလုပ်မယ်ဆိုလို့ရှိရင် ကိုယ့်ရဲ့ lifestyle goal က healthy lifestyle ဘက်ကို ပြန်ပြောင်းသွားမယ်၊ လေ့ကျင့်ခန်းလုပ်ရတာလည်း ဝိတ်ကတဖြည်းဖြည်း ပုံမှန်ကျလာတဲ့အတွက် နောက်ပိုင်းမှာကိုယ့်ရဲ့ achievement တွေတဖြည်းဖြည်းများလာတဲ့အတွက် လေ့ကျင့်ခန်းလုပ်ရတာလည်း Pleasure ဖြစ်လာမယ်။ လေ့ကျင့်ခန်းလုပ်တဲ့ အခါမှာ ဝိတ်ကျဖို့တစ်ခုတည်းကိုပဲ မတွေးဘဲနဲ့ကိုယ့်ရဲ့ ကျန်းမာရေးအတွက်ကိုတွေးမယ်။ ကိုယ့်ရဲခန္ဓာကိုယ်အတွက်ကိုတွေး၊ အားလုံးကိုတွေးပြီးတော့ လုပ်သွားရင် နောက်ပိုင်းမှာ လေ့ကျင့်ခန်းကိုပုံမှန်တောက်လျှောက်လုပ်နိုင်လာမယ်၊ လေ့ကျင့်ခန်းလုပ်ရတာလည်း ပိုပြီးတော့နှစ်သက်လာမယ်၊ လေ့ကျင့်ခန်းလုပ်ခြင်းရဲ့ ရလဒ်ကောင်းကျိုးတွေကိုလည်း တဖြည်းဖြည်းချင်းရရှိခံစားလာနိုင်မယ်လို့ ပြောချင်ပါတယ်။
Share