မျက်နှာသစ်ဆပ်ပြာအသုံးပြုတဲ့နေရာမှာ အများစုက မှားယွင်းတဲ့ မျက်နှာသစ်နည်းကို အသုံးပြုနေကြပါတယ်။
 

ဒီနေ့ခေတ်မှာ ယောက်ျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် ကိုယ့်ရဲ့မျက်နှာအသားအရေကို ဂရုစိုက်ထိန်းသိမ်းသင့်တယ်ဆိုတာကို ပိုပိုပြီး သိရှိလာကြပါပြီ။ လူတော်တော်များများက အနည်းဆုံးတော့ မျက်နှာသစ်ဆပ်ပြာနဲ့ ပုံမှန်မျက်နှာသစ်လေ့ရှိလာတာကိုလည်း တွေ့ရပါတယ်။

မျက်နှာသစ်ဆပ်ပြာအသုံးပြုတဲ့နေရာမှာ အများစုက မှားယွင်းတဲ့ မျက်နှာသစ်နည်းကို အသုံးပြုနေကြပါတယ်။ မှားယွင်းတဲ့ မျက်နှာသစ်နည်းဆိုတာက မျက်နှာသစ်ဆပ်ပြာကို မျက်နှာပေါ် တိုက်ရိုက်တင်ပြီး သစ်တာ၊ အချိန်အကြာကြီး ပွတ်ပြီးမျက်နှာသစ်လေ့ရှိတာတွေပါပဲ။ (တစ်ချို့ဆို ၅ မိနစ်ကနေ ၁၅ မိနစ်လောက်ကြာတဲ့ ထိတောင် အဲဒီလိုပွတ်ပြီး မျက်နှာသစ်တတ်ကြတာပါ။) တကယ်တော့ ဒီလိုနည်းလမ်းနဲ့သစ်ရင် အသားပိုဖြူပြီး၊ ပိုသန့်စင်နိုင်မယ်ထင်လို့ လုပ်ကြတာဆိုပေမယ့် တကယ်တမ်းမှာတော့ မျက်နှာသစ်ဆပ်ပြာကို မျက်နှာပေါ်တိုက်ရိုက်တင်ပြီး အချိန်ကြာကြာ ပွတ်မယ်ဆိုရင် အသားအရေကို ပိုခြောက်ပြီး ပိုကြမ်းတမ်းစေပါတယ်။ ဒီတော့ အရေးကြောင်းတွေပေါ်လာပြီး ရုပ်ကို ပိုပြီးရင့်စေနိုင်တာပေါ့။

ဒီပြဿနာကို အကောင်းဆုံးဖြေရှင်းပေးနိုင်ဖို့အတွက် ကမ္ဘာ့နံပါတ်တစ်အသားအရေထိန်းသိမ်းမှုဆိုင်ရာ အမှတ်တံဆိပ်ဖြစ်တဲ့ NIVEA က WHIP မျက်နှာသစ်ကို စတင်မိတ်ဆက်လိုက်ပါပြီ။

 

NIVEA Whip မျက်နှာသစ်ဟာ NIVEA ကထုတ်လုပ်တဲ့ ပထမဆုံး Whip မျက်နှာသစ်ဖြစ်ပြီး နက်နက်ရှိုင်းရှိုင်း သန့်ရှင်းစေခြင်းနှင့်အတူ အစိုဓါတ် ၃ ဆပိုမိုဖြည့်ပေးခြင်းဆိုတဲ့ အကျိုးသက်ရောက်မှု ၂ မျိုးကို တစ်ခါတည်းနဲ့ရရှိနိုင်တဲ့ 2 in 1 မျက်နှာသစ်ဖြစ်ပါတယ်။

NIVEA Whip မျက်နှာသစ်ဟာ ထူးခြားတဲ့ဖော်မြူလာတွေပါဝင်ထားတာဖြစ်ပြီး သိပ်သည်းနူးညံ့တဲ့အမြုပ်လေးတွေက မျက်နှာချွေးပေါက်ထဲက အညစ်အကြေးတွေကို နက်ရှိုင်းစွာ သန့်စင်ပေးလို့ အသားအရေကိုဖြူဝင်းစေမှာပါ။ (အမြုပ်နုနုလေးတွေကြောင့် အားစိုက်ပြီးပွတ်နေစရာလည်း မလိုတော့ဘူးပေါ့နော်)။ ဒါတင်မကသေးဘဲ ပထမဦးဆုံးသော အစိုဓါတ် (၃) ဆ ဖြည့်ပေးခြင်းကြောင့်လည်း Baby Skin လေးလို နူးညံ့ပြီး မျက်နှာအသားအရေကို ထူးထူးခြားခြား စိုပြေချောမွေ့လာစေမှာပဲ ဖြစ်ပါတယ်။

ကဲ ဒီတော့ NIVEA Whip မျက်နှာသစ်မှာ ဘာတွေပါဝင်လဲဆိုတာ လေ့လာကြည့်ရအောင်

NEW! NIVEA Whip မျက်နှာသစ်ရဲ့ Pearl White Whip မျက်နှာသစ် နဲ့ Pearl White Super Mousse တို့မှာ အသားအရေကို ဖြူဝင်းချောမွေ့စေတဲ့ ပုလဲအဆီအနှစ် အဓိကပါဝင်ပါတယ်။ White Oil Clear မှာတော့ ဖြူဝင်းစေခြင်းအပြင် အဆီပြန်တာကိုပါ သိသိသာသာထိန်းထားပေးတဲ့ Carnitine ပါဝင်ပါတယ်။

NIVEA Whip မျက်နှာသစ်ရဲ့ ထူးခြားတဲ့ အသုံးပြုပုံလေးကတော့ …

လက်နဲ့ပဲအသုံးပြုမယ်ဆိုရင် အမြုပ်လေးတွေရရှိအောင် ဒီနည်းလမ်းလေးတွေအတိုင်း လုပ်ဖို့အရေးကြီးပါတယ်။

၁) မျက်နှာကို ရေအရင်စွတ်ပါ။

၂) လက်ဖဝါးပေါ် Whip မျက်နှာသစ်ကို ညှစ်ချပါ။

၃) လက်ဝါးထဲမှာပဲ အမြုပ်တွေထွက်တဲ့အထိ ရေကို လိုအပ်သလောက် နည်းနည်းစီ ထပ်ထပ်ထည့်ပေးပြီး အသာပွတ်ပေးပါ။

ပြီးရင် မျက်နှာပေါ်ကို အမြုပ်တွေနဲ့ အသာနှိပ်နယ်ပေးပြီး ရေပြန်ဆေးချလိုက်ရင် ဖြူဝင်းပြီး ချောမွေ့နူးညံ့တဲ့မျက်နှာအသားအရေလေးကိုရရှိနိုင်ပါပြီ။

ရေမြှုပ်နဲ့အသုံးပြုမယ်ဆိုရင်တော့ မျက်နှာကို ရေအရင်စွတ်ထားပြီး Sponge ပေါ်ကို Whip မျက်နှာသစ်ကို ညှစ်ချလိုက်ပါ။ အမြှုပ်တွေထွက်လာတဲ့အထိ ရေထပ်ထပ်ထည့်ပေးပြီး ထွက်လာတဲ့အမြှုပ်ကို sponge ကနေဆွဲယူကာ သစ်ပေးရုံပါပဲ။

ပိုမိုလေ့လာနိုင်ရန် - https://www.facebook.com/NIVEA-533291480215104/

Share

Loading Next Article...
က္က