ဝိုင်ဆိုတာသောက်စရာအဖျော်ယမကာတစ်ခုထက်ပိုပါတယ်။ ဝိုင်ဟာ နွေးထွေးတဲ့ဆက်ဆံရေးကိုကိုယ်စားပြုသလို ကျန်းမာရေးအတွက်လည်းကောင်းပြီး ဝါသနာအရစုဆောင်းစရာပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်။ သင်ဟာ ဝိုင်သောက်ရ တာနှစ်သက်ပြီး ဝါသနာအရဝိုင်ကောင်းကောင်းတွေစုတတ်တဲ့သူ၊ ဒါမဟုတ် ဝိုင်အကြောင်းစိတ်ဝင်စားတဲ့ ဝိုင်ချစ်သူတစ်ယောက်ဆိုရင် မဖြစ်မနေဆောင်ထားသင့်တဲ့ အသုံးအဆောင်ပစ္စည်း(Gadgets) လေးတွေရှိပါတယ်။
အဲဒါတွေကတော့ -
(၁) ဝိုင်ပုလင်းအမှတ်အသားကတ်ပြားလေးတွေ (Wine Bottle Tags)
သင်က ဝိုင်ပုလင်းတွေကို စုဆောင်းသိုလှောင်တဲ့သူဆိုရင် ကိုယ့်ဝိုင်တွေရဲ့အမျိုးအစား၊သက်တမ်းတွေကို တစ်ချက်ကြည့်တာနဲ့တန်းသိနိုင်အောင် ရေးသားထားပြီး ဝိုင်ပုလင်းထိပ်မှာတပ်ထားလို့ရတဲ့ ဝိုင်ပုလင်း အမှတ်အသားကတ်ပြားလေးတွေ (Wine Bottle Tags)လေးတွေက မရှိမဖြစ်ဆောင်ထားသင့်တဲ့ပစ္စည်းတစ်မျိုးပါပဲ။
(၂) ဝိုင်ဖန်ချိုင့်(Decanter)
ဝိုင်ပုလင်းထဲကနေ ခွက်ထဲကိုတိုက်ရိုက်ငှဲ့ပြီးသောက်လို့လည်းရပေမယ့် သင်ကဝိုင်ချစ်သူတစ်ယောက်ဆိုရင် လှပတဲ့ ဝိုင်ဖန်ချိုင့်လေးတွေထဲ့ပြီးမှ ငှဲ့သောက်မယ်ဆိုရင် ပိုကောင်းပါတယ်။ဘာတွေပိုကောင်းလဲဆိုတော့ ဝိုင်ကိုလေသလပ်ခံလို့ရ ပြီး ပိုလတ်ဆတ်စေသလို ဝိုင်အနည်တွေလည်း ခွက်ထဲမပါလာတော့ပါဘူး။ ဒါ့အပြင်အမြင်အရလှပတာကြောင့် ပိုပြီး အဆင့်အတန်းရှိတဲ့ခံစားမှုမျိုးကိုလည်း ရမှာပါ။
(၃) ဝိုင်ပုလင်းလေစုပ်ပန့် (Vacuum Pump)
ဝိုင်သောက်တဲ့အခါ များသောအားဖြင့် တစ်ပုလင်းလုံးကို တစ်ခါတည်းနဲ့ကုန်အောင်သောက်လေ့မရှိကြပါဘူး။ ဒါကြောင့် ဝိုင်ပုလင်းက တစ်ဝက်လောက်လျော့သွားပြီးတဲ့နောက် ပြန်သိမ်းထားတဲ့အခါ ဝိုင်ပုလင်းလေစုပ်ပန့် (Vacuum Pump) ကိုသုံးသင့်ပါတယ်။ လေစုပ်ပန့်နဲ့ ဝိုင်ပုလင်းထဲကလေကိုစုပ်ထုတ်ထားလိုက်ခြင်းဖြင့် အောက်စီဂျင်ဓါတ်ပြုတဲ့ဖြစ်စဉ် နှေးသွားပြီး ဖွင့်ထားပြီးသားပုလင်းထဲကဝိုင်ကိုအချိန်ကြာကြာလတ်ဆတ်နေအောင်ထိန်းသိမ်းပေးရာရောက်မှာ ဖြစ်ပါတယ်။
(၄) ဝိုင်ငှဲ့ကတော့ (Aerators)
ဝိုင်ကိုပုလင်းထဲကနေခွက်ထဲတိုက်ရိုက်ထည့်ပြီးသောက်မယ်ဆိုရင် ဝိုင်ကိုလေသလပ်ပြီး အနံ့အရသာ ပိုမိုကောင်းမွန်လာအောင် ဝိုင်ခွက်ကို အချိန်အတန်ကြာလက်ထဲမှာ လှုပ်ပေး၊လှည့်ပေးနေဖို့လိုပါတယ်။ ဝိုင်ငှဲ့ကတော့(Aerators)တွေကတော့ ဝိုင်ကိုမြန်မြန်လေသလပ်ပြီး ချက်ချင်းလတ်ဆတ်တဲ့အနံ့အရသာ ရအောင်ပြုလုပ်ပေးနိုင်တာကြောင့် ဝိုင်ချစ်သူတိုင်းဆောင်ထားသင့်တဲ့ကိရိယာလေးတစ်ခုပါပဲ။
(၅) လေပူဖောင်းဖော့ဆို့ (Air Cork)
လေပူဖောင်းဖော့ဆို့ (Air Cork) ကလည်း သောက်လတ်စ ဝိုင်ပုလင်းထဲကဝိုင်တွေ အောက်စီဂျင်ဓါတ်ပြုမှုကိုကာကွယ် ဖို့အတွက် လေလုံအောင်ပြုလုပ်ပေးနိုင်တဲ့ မရှိမဖြစ် အသုံးအဆောင်ပစ္စည်းတစ်ခုပဲဖြစ်ပါတယ်။
(၆) ဝိုင်ပုလင်းတင်တဲ့စင်
ဧည့်ခန်းထဲမှာပဲဖြစ်ဖြစ်၊ ထမင်းစားခန်းထဲမှာပဲဖြစ်ဖြစ် အလွယ်သောက်ဖို့ဝိုင်ပုလင်းအနည်းငယ်ထားမယ်ဆိုရင် ဒီအတိုင်းချည်းထောင်ထားလို့အဆင်မပြေပါဘူး။ လဲကျပြီးကွဲနိုင်သလို စတိုင်လ်လည်းမကျပါဘူး။ ဒါကြောင့် ဝိုင်ပုလင်းတင်တဲ့စင် ခပ်မိုက်မိုက်ဒီဇိုင်းလေးတွေကိုလည်း ဆောင်ထားသင့်ပါတယ်။
ဝိုင်ချစ်သူတွေဆောင်ထားသင့်တဲ့ အသုံးအဆောင်ကိရိယာလေးတွေကိုညွှန်းပြီးတဲ့နောက် တလတ်စတည်းအနေနဲ့ နှစ်ပေါင်း ၁၅၀ ကျော်သက်တမ်းရှိပြီး ကမ္ဘာ့နိုင်ငံအများအပြားမှာလူကြိုက်များတဲ့ကမ္ဘာကျော် သြစတြေးလျဝိုင် Jacob's Creek ကို မြန်မာနိုင်ငံမှာရရှိနေပြီဖြစ်ကြောင်းပါ သတင်းကောင်းပါးလိုက်ရပါတယ်။
Share