ပရိသတ်တွေရဲ့အချစ်တော် မြင့်မြတ်၊ ရွှေမှုန်ရတီ ၊ နန်းဆုဦးတို့ပါဝင် သရုပ်ဆောင်ထားပါတယ်။
 

ဇွန်လ၊ ၂၉ ရက်နေ့မှာရုံတင်ပြသတော့မယ့် ပရိသတ်တွေရဲ့အချစ်တော် မြင့်မြတ်၊ ရွှေမှုန်ရတီ ၊ နန်းဆုဦးတို့ပါဝင် သရုပ်ဆောင်ထားတဲ့ ငဒူရုပ်ရှင်ဇာတ်ကားကြီးဟာ ရုံမတင်ခင်မှာပဲ မီဒီယာတွေရဲ့အာရုံစိုက်ခြင်းကိုခံနေရပါတယ်။

ပူပူနွေးနွေးအကယ်ဒမီဆုရင် မြင့်မြတ်က အဓိကဇာတ်ကောင် ငဒူအဖြစ်ပါဝင်သရုပ်ဆောင်ထားတဲ့ ငဒူရုပ်ရှင်ဟာ ထွက်ပေါ်လာတဲ့နမူနာဗွီဒီယိုတွေအရ ရိုက်ကူးတင်ဆက်ပုံလှပဆန်းသစ်ပြီး ဇာတ်လမ်း၊ဇာတ်အိမ်ကလည်း စိတ်ဝင်စားဖွယ်ဖြစ်နေတာကြောင့် အဲဒီလိုအာရုံစိုက်ခံနေရတာပါ။

 

ဦးနှောက်ကြီးပြီး နှလုံးသားမကြီးတာနဲ့ ဦးနှောက်မကြီးဘဲနှလုံးသားကြီးလွန်းတဲ့ အစွန်းတရားနှစ်ဖက်ရဲ့ ကောင်းကျိုး၊ဆိုးပြစ်တွေကို ပေါ်လွင်အောင် ဟာသလေးတွေနှောပြီး လှလှပပတင်ဆက်ထားတဲ့ဇာတ်လမ်းဖြစ်တာကြောင့် ရုပ်ရှင်ချစ်ပရိသတ်တွေ အကြိုက်တွေ့ဦးမယ့် ဇာတ်လမ်းလည်းဖြစ်ပါတယ်။

မိဘမဲ့ကလေးတွေအပေါ် စေတနာအရမ်းရှိပေမယ့် ဉာဏ်နည်းပါးတာကြောင့် အလွဲတွေလုပ်တတ်မိတဲ့ ငဒူရဲ့အကြောင်း ရိုက်ကူးပုံဖော်ထားတဲ့ ဒီရုပ်ရှင်ကနေရရှိလာတဲ့ အကျိုးအမြတ်ထဲက ငွေကျပ် သိန်း ၁၀၀ အထိကိုမိဘမဲ့ကလေးတွေ အတွက် လှူဒါန်းသွားဖို့စီစဉ်ထားတယ်လို့လည်း သိရပါတယ်။

အဲဒီလို ထူးထူးခြားခြားလှူဒါန်းမယ့်အစီအစဉ်ရှိနေတာကြောင့်လည်း ရုံမတင်ခင်မှာပဲ မီဒီယာတွေရဲ့အာရုံစိုက်ဖော်ပြခြင်းကို ခံနေရတာပါ။

 

ငဒူရုပ်ရှင်ဇာတ်ကားရဲ့ နောက်ထပ်ထူးခြားချက်တစ်ခုရှိပါသေးတယ်။ အဲဒါကတော့ စာနယ်ဇင်းပွဲကို ရုံစတင်တဲ့နေ့နဲ့ တစ်ရက်တည်းပြုလုပ်သွားမှာပဲ ဖြစ်ပြီး ဒါဟာဒီဂျစ်တယ်ရုပ်ရှင်ခေတ်မှာရုံတင်ပြသတဲ့ ရုပ်ရှင်တွေထဲမှာ ပထမဆုံးပါပဲ။

ကဲ... ဒီလို မီဒီယာတွေရဲ့အာရုံစိုက်ခြင်းကို ခံနေရပြီး အကယ်ဒမီမြင့်မြတ်က နှလုံးသားကြီးပြီး ဦးနှောက်မကြီးရှာတဲ့ ငဒူ အဖြစ် ပီပီပြင်ပြင်သရုပ်ဆောင်ထားတဲ့ ငဒူရုပ်ရှင်ကားကြီးကို ဇွန်လ၊ ၂၉ ရက်နေ့မှာရုံတင်တာနဲ့ တစ်ခါတည်း သွားရောက်အားပေးလိုက်ကြပါဦး။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က